🎼Last goodbye...
Last days...
No more...🎶
This is the song I sing from my mouth.
The seasons are changing.
The rainy season is over and winter has arrived.
I can't see the puddles on the country roads where I ride my motorcycle except now.
I'm talking about not seeing them in winter and summer .
In winter and summer, I'll be riding my motorcycle on dry roads.
So the puddles on the road I'm describing today are the last pictures of the rainy season.

The photos below, with the reflections of trees and clouds, are from last week's rain.
It rained heavily, and the rain water was sitting on the fields next to the road.

The rainy season is coming to an end, and the intensity of the storm that hit neighboring countries has caused heavy rain in Myanmar.
Now that the cold weather has set in, it is expected that there will be no more rain in the coming days.
That is why I am sharing some natural reflections of the rainy season here.

နောက်ဆုံး နှုတ်ဆက်ခြင်း ...
နောက်ဆုံး နေ့ရက်များ ...
နောက်ထပ် မရတော့ဘူး ...
ဒါက ကျွန်တော်၏ ပါးစပ်ကနေ ညည်းဆိုမိတဲ့ သီချင်းစာသားပါ။
အချိန်ရာသီတွေ ပြောင်းလဲနေပါတယ်။
မိုးရာသီ ကုန်ဆုံးလို့ ဆောင်းရာသီ ရောက်ခဲ့ပါပြီ။
ကျွန်တော် ဆိုင်ကယ် စီးနေကြ ကျေးလက်လမ်းများပေါ်က မိုးရေအိုင်များကို ကျွန်တော် ယခုကလွဲလို့ မတွေ့မြင်နိုင်တော့ပါဘူး။
ဆောင်းရာသီ နှင့် နွေရာသီမှာ မတွေ့မြင်နိုင်တော့တာကို ပြောတာပါ။
ဆောင်း နှင့် နွေ ၌ ကျွန်တော် ခြောက်သွေ့သော လမ်းများပေါ်မှာ ဆိုင်ကယ် စီးနင်းရတော့မှာပါ။
ဒါကြောင့် ဒီနေ့ ဖော်ပြတဲ့ လမ်းမပေါ်က မိုးရေအိုင် သည် မိုးရာသီ၏ နောက်ဆုံးပုံပါပဲ။
အောက်မှာ ဖော်ပြထားသော သစ်ပင်များ နှင့် တိမ်များ၏ အလင်းပြန်ပုံရိပ်ပါသော ဓာတ်ပုံများကတော့ ယခင်းထဲက မိုးရေများပါ။
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လမ်းဘေးက ယာခင်းတွေထဲ မိုးရေများ ဝပ်နေခြင်းပါ။
မိုးရာသီ ကုန်ခါနီးမှာ အိမ်နီးခြင်းနိုင်ငံများ၌ တိုက်ခတ်ခဲ့သော မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံ၌ မိုးရွာသွန်းခဲ့ခြင်း ဖြစ်ပါသည်။
ခုတော့ အအေးဓာတ် ဝင်ရောက်လာပြီ ဖြစ်သောကြောင့် ဒီရက်ပိုင်း နောက်ထပ် မိုး မရွာတော့ဘူးဟု ယုဆရပါသည်။
ဒါကြောင့်သာပဲ မိုးရာသီသဘာဝ အလင်းပြန်ပုံရိပ်များကို ဒီမှာ မျှဝေပေးလိုက်ပါသည်။
