စာချစ်သူသို့ ညွှန်းဆိုရာ {၈}

in Hive Book Club6 months ago (edited)

Hello dear book lovers,

This is my very first post in this community, so I like to take a moment to introduce myself to everyone. I’m @Su Hlaing, and I’ve been writing since around 2017. I currently live in Mandalay, Myanmar. On Hive, I write book reviews of good books, and I also play the Rising Star game. I do weekly book reviews, and with that, I hope we’ll become friends here!

For today’s segment “To the Book Lover,” I’ve already picked out a book to recommend to you all.

The book I’m recommending today is Be Happy Today by author Loon Htar Htar (Medical University). Most readers probably think of romance novels when they hear her name, and to be honest, when I first borrowed this book from the library, I assumed it was a love story too. But once I started reading, I realized it actually falls under the category of philosophical literature.

The book talks about how we should live our daily lives and the kind of mindset we should carry. It’s written in sections, each with its own short chapter and title.

If I had to pick my favorite chapter, it would be the one titled “Reward Yourself.” Just like the author says, we often forget to reward ourselves. Instead, we tend to blame ourselves and dwell on things like, “If only I hadn’t done that…” and so on.

I strongly recommend giving Loon Htar Htar’s book a read. I truly believe that book lovers will walk away with more than just one thought-provoking idea. It’s a book that can be deeply beneficial for all of us—that’s why I wanted to share and recommend it to you today.

Myanmar Language

မင်္ဂလာပါ စာချစ်သူတို့ရေ။ ကျွန်မရဲ့ ဒီ Postက ဒီ Communityမှာ ပထမဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတွေအားလုံးကို မိတ်ဆက်လိုက်ပါတယ်။ ကျွန်မကတော့ ၂၀၁၇လောက်ထဲက စာတွေရေးသားနေတဲ့ @Su Hlaing ဖြစ်ပါတယ်။ ကျွန်မက မြန်မာပြည် မန္တလေးမြို့မှာ နေထိုင်ပါတယ်။ Hiveပေါ်မှာ စာအုပ်ကောင်းတွေကို Reviewရေးပါတယ်။ Risingstar Game ကစားပါတယ်။ အပတ်စဥ် စာအုပ်တွေကို Reviewလုပ်ပါတယ်။ ဒါဆိုရင်တော့ မိတ်ဆွေဖြစ်ပါပြီနော်။ ဒီနေ့ရဲ့ စာချစ်သူသို့ ညွှန်းဆိုရာ အစီအစဥ်မှာညညွှန်းဆိုပေးမည့်စာအုပ်လေးကိုလည်း အသင့်ရွေးချယ်ထားပြီးဖြစ်ပါတယ်။

ဒီစာအုပ်လေးကတော့ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ဒီနေ့ ပျော်ပါ စာအုပ်လေးဖြစ်ပါတယ်။ ကျွန်မတို့ စာဖတ်သူတွေက စာရေးဆရာမ လွန်းထားထားဆိုရင် အချစ်ဝတ္တုတွေပဲလို့ ထင်မိကြမှာပါ။ ကျွန်မလည်း ဒီစာအုပ်လေးကို စာကြည့်တိုက်ကနေ ဌားလာခါစက အချစ်ဝတ္တုထင်ခဲ့ပါတယ်။ ဖတ်ကြည့်လိုက်တော့မှ ဒဿနစာပေအမျိုးအစားဖြစ်မယ်ထင်ပါတယ်။

ကျွန်မတို့တွေရဲ့ နေ့စဥ်နေထိုင်မှုတွေမှာ ဘယ်လို စိတ်ထားနဲ့ ရှင်သန်ရမလဲဆိုတာ ရေးသားထားပါတယ်။ ဒီစာအုပ်လေးမှာ အခန်းလေးတွေ ခေါင်းစဥ်လေးတွေ ခွဲပြီး ရေးသားထားပါတယ်။

ကျွန်မ အကြိူက်ဆုံး ခေါင်းစဥ်လေးကို ရွေးထုတ်ရရရင်
သင့်ကိုယ်သင် ဆုချပါဆိုတဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ ဆရာမ ပြောထားသလိုပါပဲ။ ကျွန်မတို့တွေဟာ ကိုယ့်ကိုကိုယ် ဆုချဖို့ မေ့လျော့နေတက်ကြပါတယ်။ ကိုယ့်ကိုကိုယ့် အပြစ်တင်ရင်သာ မမေ့မလျော့တင်တက်ကြပါတယ်။ ငါကြောင့် ငါသာ မလုပ်ခဲ့ရင် စသည်ဖြင့်...

စာရေးဆရာမ လွန်းထားထားရဲ့ စာအုပ်လေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် စာချစ်သူတွေအတွက် တွေးစရာ တစ်စုံတစ်ခုမက ကျန်နေပါလိမ့်မယ်။ ကျွန်မတို့အတွက် အရမ်းကို အကျိုးရှိစေတဲ့ စာအုပ်ဖြစ်ပါကြောင်း ညွှန်းဆိုရေးသားလိုက်ရပါတယ်။