Hello everyone! Our community of women has officially stepped into the exciting world of Dungeon Cities on the Hive Blockchain. If you’re feeling a bit lost after arriving in Aldoria, let’s look at these essential tips together.

အားလုံးပဲ မင်္ဂလာပါရှင်။ Hive Blockchain ပေါ်က စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Dungeon Cities ဂိမ်းကမ္ဘာထဲကို ကျွန်မတို့ အမျိုးသမီးထုကြီး စတင်ခြေချလိုက်ပြီနော်။ ဂိမ်းစဖွင့်လိုက်လို့ Aldoria မြို့ထဲ ရောက်သွားတဲ့အခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင် ဒီအချက်လေးတွေကို အရင်ကြည့်ကြည့်ရအောင်။

As soon as you enter the game, check your Inventory. You’ll likely start with some gloves. Don’t just leave them there! Go to the Equipment tab and Equip items like Glowcap Mushroom Gloves or any weapons you have. This will boost your Attack (ATK) and Defense (DEF) stats.

ဂိမ်းထဲဝင်တာနဲ့ အရင်ဆုံး Inventory ကို သွားကြည့်ကြစို့။ ကျွန်မတို့အိတ်ထဲမှာ စကတည်းက Gloves (လက်အိတ်) လေးတွေ ပါလာတတ်ပါတယ်။ ဒါကို ဒီအတိုင်းထားရင် Dungeon ထဲမှာ လူကောင်သေးပေမဲ့ သန်မာတဲ့ Monster တွေနဲ့တွေ့ရင် ခံရနိုင်တယ်လေ။ ဒါကြောင့် Equipment ထဲသွားပြီး Glowcap Mushroom Gloves ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့ လက်နက်တွေကို Equip (ဝတ်ဆင်) ပေးဖို့ မမေ့နဲ့နော်။ ဒါမှ တိုက်ခိုက်အား (ATK) နဲ့ ခုခံအား (DEF) တက်လာမှာပါ။
Ready? Let’s dive into the Dungeon together! Start from Floor 1 and use the Go Straight, Left, or Right buttons to explore. When you encounter a monster, hit Start Fight and face it bravely. Winning grants you EXP and Drubble, and occasionally, valuable Keys or Enhancement Stones.

အသင့်ဖြစ်ပြီဆိုရင် Dungeon ထဲကို အတူတူ ဆင်းကြည့်ရအောင်။ Floor 1 ကနေ စရမှာဖြစ်ပြီး Go Straight, Left, Right ခလုတ်လေးတွေနှိပ်ပြီး လမ်းလျှောက်ရတာ တကယ်ကို ရင်ခုန်ဖို့ကောင်းပါတယ်။ Monster နဲ့ တွေ့ပြီဆိုရင်တော့ Start Fight ကိုနှိပ်ပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါ။ အနိုင်ရရင် EXP နဲ့ Drubble ပိုက်ဆံလေးတွေအပြင်၊ တစ်ခါတလေ တန်ဖိုးရှိတဲ့ သော့ (Key) လေးတွေနဲ့ အဆင့်မြှင့်တင်ရေး ကျောက်တုံး (Enhancement Stones) လေးတွေပါ လက်ဆောင်ရတတ်တယ်ရှင်။

This is crucial for every adventurer! Fighting consumes Stamina. If you see a Low Stamina warning, stop attacking immediately. If your Health (HP) is also low, use Exit Dungeon to return to the city and rest. Resting until you're fully recovered is the smartest way to play.
ဒါကတော့ အမျိုးသမီးတိုင်း သတိထားရမယ့်အချက်ပါ။ တိုက်ပွဲတွေ အရမ်းများလာရင် Stamina (အားအင်) ကုန်သွားတတ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Low Stamina ဆိုပြီး သတိပေးချက်တက်လာရင် အတင်းဆက်မတိုက်ပါနဲ့ဦး။ အသက် (HP) လည်း နည်းနေပြီဆိုရင် Exit Dungeon ကိုနှိပ်ပြီး မြို့ထဲကို ခဏပြန်ထွက်ပြီး အနားယူလိုက်ပါ။ အားပြန်ပြည့်မှ ပြန်ဝင်တာက ပိုပြီး စမတ်ကျတဲ့ ကစားနည်းပါပဲ။

To level up faster, visit the Quest Board in the Guild Hall. Start with simple tasks like "Sewer Rats." Once you finish a quest, remember to return to the Reception Desk to claim your rewards.
ပိုပြီး မြန်မြန် Level တက်ချင်ရင်တော့ Guild Hall က Quest Board ဆီကို သွားကြည့်ပါ။ "Sewer Rats" သတ်ခိုင်းတာမျိုး Quest လေးတွေကို အရင်ယူပြီး ကစားကြည့်ပါ။ အလုပ်တစ်ခုပြီးတိုင်း ဆုလာဘ်တွေ ထုတ်ဖို့ Reception Desk ကို ပြန်လာခဲ့ဖို့လည်း သတိပေးပါရစေရှင်။

Every time you hit 100 EXP, use the Level Up button to strengthen your character. Higher levels allow you to explore more beautiful and challenging dungeon floors.
EXP ၁၀၀ ပြည့်သွားတိုင်းမှာ Level Up လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ Character လေးကို ပိုမိုသန်မာလာအောင် ပြုလုပ်နိုင်ပါတယ်။ Level မြင့်လာလေလေ၊ ပိုပြီး လှပခက်ခဲတဲ့ Dungeon Floor အသစ်တွေကို စွန့်စားနိုင်လေလေပါပဲ။
Now that you know the basics, let’s go on an adventure together in Aldoria!
ကဲ... အခုဆိုရင် Aldoria မြို့လေးမှာ စွန့်စားဖို့ အခြေခံလေးတွေ သိသွားပြီဆိုတော့ အတူတူ ကစားကြည့်ကြရအောင်လားရှင်။
GAME WEBSITE : https://dungeoncities.com/
DISCORD SERVER : https://discord.gg/8YYbuvMA3t
https://play.dungeoncities.com/login?ref=suhlaing


Game က support vote လာသလား။
!LOLZ
!MEME
2posts ရှိပြီတင်တာ လောလောဆယ်တော့ မလာသေး supportပေးရင်တော့ အဆင်ပြေလာနိုင်တယ်