Myanmar Traditional Rice Bread Whirlwind

in Indiaunited20 days ago

Hello.

I would like to share about a traditional Myanmar rural rice bread.
This bread is called "whirlwind rice bread".
It is thin enough to be blown away even by a slight breeze.
This bread is loved by children in rural areas as well as by adults.
I also liked this rice bread when I was young.
The taste of the rice bread is crispy and crunchy.

A village in the area where I live can be called a village that makes whirlwind rice bread.
Because there are only a few houses in that village that do not make this rice bread.
Most of the houses make rice bread and sell it.

This rice bread whirlwind is made with only rice flour, salt and water.
Mix rice flour, salt and water to a consistency and put it in a small earthen pan as shown in the picture and make the dough.

The resulting small rice bread plates are dried as shown in the picture.

The dry, flattened bread is placed in the heated sand and roasted as shown in the picture.
After that, they will get the rice bread whirlwind that we can eat.

After that, the rice bread whirlwind slices are put in plastic bags and taken to the shops where they will be sold.
In the area where I live, in some villages along the road, you can see that the rice bread whirlwinds are sold as shown in the picture.

This is a natural rice bread without oil.

Burmese language,

မင်္ဂလာပါ။

မြန်မာ့ရိုးရာ ကျေးလက် မုန့်တမျိုး အကြောင်း မျှဝေပေးချင်ပါတယ်။
ဒီမုန့်ကို "မုန့်လေပွေ" ဟု ခေါ်ကြပါတယ်။
လေပွေ အသာလေးတိုက်ခတ်ရင်တောင် လွင့်သွားနိုင်လောက်အောင် ပါးလှပ်တဲ့ မုန့် ပါပဲ။
ဒီ မုန့်ကို ကျေးလက်ဒေသက ကလေးတွေ အစားများကြသလို လူကြီးတွေလည်း ကြိုက်ကြပါတယ်။
ကျွန်တော်လည်း ငယ်ငယ်ကတော့ ဒီမုန့်ကို အတော်ကြိုက်ခဲ့ပါတယ်။
မုန့်အရသာက ကြွပ်ကြွပ်ရွရွဖြင့် ဆိမ့်ပါတယ်။

ကျွန်တော် နေထိုင်ရာဒေသ ရွာတရွာကို မုန့်လေပွေ လုပ်တဲ့ရွာဟု ခေါ်ရလောက်ပါတယ်။
ဘာကြောင့်ဆို ထိုရွာ၌ မုန့်လေပွေ မလုပ်သော အိမ် အနည်းငယ်သာရှိပါတယ်။
အိမ်အများစုက မုန့်လေပွေ လုပ်ကာ ရောင်းချကြပါတယ်။

ဒီ မုန့်လေပွေ ကို ဆန်မှုန့်၊ ဆား နှင့် ရေ ဖြင့်သာ ပြုလုပ်ရတာပါ။
ဆန်မှုန့်၊ ဆား နှင့် ရေ ကို သမအောင် ရောနှောပြီး မြေဒယ်အိုး အသေးလေးထဲ ပုံထဲကအတိုင်း ထည့်ပြီး မုန့်ဖက် ပြုလုပ်ပါတယ်။

ရလာသော မုန့်ဖက် အဝိုင်းလေးများကို ပုံထဲကအတိုင်း အခြောက်လှန်းကြပါတယ်။

ခြောက်သွေ့ ပါးလှပ်နေသော မုန့်ဖက်ကို မီးအပူပေးထားသော သဲများထဲ ထည့်ကာ ပုံထဲကအတိုင်း လှော်ပါတယ်။
ထိုနောက်တော့ စားလို့ရပြီ ဖြစ်သော မုန့်လေပွေ ကို ရရှိတော့တာပါပဲ။

ထိုနောက်တော့ မုန့်လေပွေ အချပ်များကို ပလပ်စတစ်အိတ် ထဲထည့်ကာ ရောင်းချမည့်ဆိုင်များသို့ လိုက်ပို့ပါတယ်။
ကျွန်တော် နေထိုင်ရာဒေသက ကားလမ်းမဘေးရွာအချို့၌ ပုံထဲကအတိုင်း မုန့်လေပွေ များ ရောင်းချနေတာကို တွေ့မြင်နိုင်ပါတယ်။

ဒါက ဆီမပါသော သဘာဝဆန်မုန့် တမျိုးပါပဲ။

@golden.future

Sort:  

သဲပူထဲ ထိုးထည့်လိုက်တာ မုန့်ဖြစ်လေရော မိုက်တယ်။
!lolz
!luv

golden.future, heinkhantmaung sent you LUV. 🙂 (1/4) tools | trade | connect | wiki | daily

Made with LUV by crrdlx.

A book just fell on my head.
I only have my shelf to blame.

Credit: reddit
@golden.future, I sent you an $LOLZ on behalf of heinkhantmaung

(1/4)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

မိုက်ရမယ် ပူတာကို

!PGM
!lolz

Sundays are always a little sad
but the day before is a sadder day.

Credit: reddit
@golden.future, I sent you an $LOLZ on behalf of tin.aung.soe

(1/10)
ENTER @WIN.HIVE'S DAILY DRAW AND WIN HIVE!

!PGM
!LUV

golden.future, myothuzar sent you LUV. 🙂 (1/1) tools | trade | connect | wiki | daily

Made with LUV by crrdlx.