အရင်ချိန်တွေ တမ်းတ လွင့်မျော

အရင်ချိန်တွေ တမ်းတ လွင့်မျော

ကျွန်တော်တို့ဘ၀မှ အရင်ချိန်တွေတမ်းတ လွင့်မျောကြမှာပါ။လူတစ်ချို့ ကိုယ်ရဲ့ ဘ၀ကြောင်း တမ်းတကြမယ်။လူတစ်ချို့ကတော့ မိမိသူငယ်ချင်းအကြောင်းတွေ တမ်းတကြတယ်။တစ်ချို့ လူတွေကတော့ ဘ၀ဖြတ်သန်းပုံတွေ တမ်းတမယ်။မည်သို့ပင် တမ်းတ တမ်းတ ဒါတွေက အချိန်ကြာလာတော့ အတိတ်မှာ ကျန်ခဲ့တယ်။

ကျွန်တော်တို့ အတိတ်ရဲ့ အချစ် အလွမ်း နာကျည်းမှု ခံစားမှု စသော ခံစားမှုပေါင်းစုံ ကြုံတွေရတယ်။ဘယ်လိုပင် ခံစား ခံစားရသောလည်း ပျော်ရွှမှုပါသော ခံစားမှုလေးတွေ ကြုံချင်ကြတယ်။သို့သော် ဘ၀ရဲ့ လျောက်သောလမ်းက အတွေ့အကောက် အချိုးအဆစ် အရမ်းများသောကြောင့် ကိုယ်လိုတာမရဘဲ ရတာမလိုဘဲ ဖြစ်တတ် ဆုံတတ်ပါတယ်။ဒါက ‌လောက နိယာမဆိုတဲ့ သဘောတရားပါ။တရားသဘောအနေနဲ့ ဖြစ်တတ် ပျက်တတ် သဘောလည်း ဖြစ်ပါတယ်။
အတိတ်က ဖြစ်ခဲ့တာ ခုချိန်မှာ ပြန်လုပ်ယူလို့မရပါ။ါတိတ်က အတိတ်မှာထားခဲ့ပါ။သို့သော် လုပ်ယူရဲ့ အရာကို ခုပစ္စုပန်မှာ ရအောင် လုပ်ယူပါ။ဒါဆို နောက်တစ်ချိန် အတိတ်ရဲ့ ကောင်းသော ခံစားမှုတွေ ခံစားရပါမယ် ။ကျွန်တော်တို့ အနေနဲ့ အတိတ်ရဲ့ ဖြစ်ရပ်တွေ လိုက်ပြီး ခံစားမနေနဲ့ပါနဲ့။သို့သော် အတိတ်မှာ ပျော်ရွှင်ဖွယ် အကြောင်းအရာလေးတွေ မိမိတို့ သူငယ်ချင်း မိတ်ဆွေများနဲ့ မျှဝေ ခံစားန်ုပါတယ်။

အရင်ချိန်တွေမှာ ခံစားရတဲ့ ဖြစ်ရပ်ဆိုး‌တွေ ရင်စည်းခံစားတတ်တာတွေ လူတစ်ချို့က ခံစားဖူးကြတယ်။ဒါကို လောကဓံ ဟုမှတ်ယူပြီး ယခုအချိန်မှာ မဖြစ်ရအောင် ပြုမှု နေထိုင်ကြပါ။ဒါဆို အနာဂတ်လည်း ပျော်ရွှင်သလို အတိတ်အကြောင်း ဖြစ်ရပ်ဆိုးတွေ ကြုံတွေရမည် မဟုတ်။အတိတ်အရိပ်စိုးတွေ အတိတ်မှာ ချန်ထားခဲ့ပါ။

မိမိတို့အနေနဲ့ အရင်ချိန်တွေ တမ်တလွင့်မျောရင် အချိန်ကုန် လူပင်ပန်း စိတ်ညစ်မခံပါနဲ့။ယခုချိန်တွေမှ ကောင်းသော ပျော်ရွှင်မှုတွေ ခံစားပြီး ဘ၀ကို လွင့်မျော်လိုက်ပါ။ရင်ထဲ အသည်းထဲက အတိတ်အဖြစ်စိုးတွေ အကုန်ထုတ်ပစ်လိုက်ပါ။ပျော်ရွှင်စရာ လောကသစ် ဖန်းတီးပြီး လွင့်မျော်ကြပါပြောရင် အဆုံးသုတ်ပါတယ်။

လူတိုင်းလူတိုင်း အရင်ချိန်တွေ တမ်းတလွင့်မျော်မဲ့အစား လောကသစ်ကို ဖန်တီးပြီး တမ်းတလွင့်မျောနိင်ကြပါစေလို ဆုမွန်ကောင်း တောင်းပေးပါတယ်။

Author@tunnaingwin
Date- 16.4 .2023
Time-10:22