Honor's GPU Turbo

in #honor8 years ago

Huawei ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Honor ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပထမဆုံးသော Gaming စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Honor Play ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Honor Play စမတ်ဖုန်းမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ Kirin 970 Processor ကို ထည့်သွင်းထားသလိုပဲ နောက်ထပ်နည်းပညာတစ်ခုပါဝင်နေပါသေးတယ်။IMG_20180611_072029.jpg

အဲ့ဒါကတော့ GPU Turbo နည်းပညာလို့ ခေါ်တဲ့ GPU ရဲ့ စွမ်းဆောင်ရည်ကို ၃၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာစေတဲ့ နည်းပညာပဲဖြစ်ပါတယ်။ အခုလိုမျိုး GPU Turbo စနစ်ကြောင့် Mid Range ဖုန်းတွေမှာလည်း ဂိမ်းဆော့ရတာ သိသိသာသာကို တိုးတက်လာမှာဖြစ်ပါတယ်။IMG_20180611_072050.jpg
အခုအချိန်မှာတော့ Honor ကနေ အခုလိုမျိုး GPU Turbo နည်းပညာကို အခြားသော Honor ဖုန်းတွေမှာပါ ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် မကြာခင်မှာ Honor 10 ၊ Honor View 10 ၊ Honor 9 Lite နဲ့ Honor 7X စမတ်ဖုန်းတွေအားလုံးမှာ အခု GPU Turbo နည်းပညာကိုရရှိလာတော့မှာဖြစ်ပါတယ်။
Huawei အနေနဲ့ အခုလိုမျိုး Gaming အတွက် နည်းပညာတွေကို ထည့်သွင်းလာတာက အခြားသော စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် သိသာတဲ့ အားသာချက်တစ်ခုဖြစ်လာပါတယ်။IMG_20180611_072039.jpg

Source