ထီပေါက်အောင် ဘယ်လိုထိုးမလဲ?

in #lottery6 years ago

ထီပေါက်ချင်တဲ့သူတွေဖတ်ကြည့်ပြီး ဒီနည်းအတိုင်း ထိုးလိုက်နော်

ကျွန်တော့ facebook သူငယ်ချင်းတွေထဲကထီဝါသနာပါတဲ့ သူများရှိခဲ့ရင် ထီထိုးနည်းလေး ပြောပြချင်ပါတယ်။

ဒီတွက်နည်းအရတော့လူတစ်ယောက်ရဲ့ထီပေါက်တဲ့ကံက( ၇ )နှစ်မှ တစ်ခါပေါ်တာပါ။

( ၅ )ကြွင်းတဲ့နှစ်ဖြစ်ပြီးရင် နောက် ( ၇ )နှစ်ကြာမှ ( ၅ ) ပြန်ကြွင်းတာပါ။

ကျွန်တော် ဒီတွက်နည်းကိုရတော့ ကျွန်တော် ( ၅ )ကြွင်းတဲ့ နှစ်ကို တွက်ထားလိုက်တယ်။

အဲသည်နှစ်ရောက်တော့ နှစ်စမှ နှစ်ဆုံးအထိ ( ၁၂ )လစလုံး မပျက်မကွက် ထီထိုးခဲ့တယ်။

တစ်ကယ် ထီပေါက်တယ် သူငယ်ချင်း နှစ်ကြိမ်ကြီးများတောင်- – ဟာ – – -တော်သေးတယ်

သတိမေ့တော့မလို့ အရေးကြီးတဲ့ စကားတစ်ခွန်း ကျန်ခဲ့တော့မလို့

တစ်ကယ်လို့ အောက်ဆုံးစာတစ်ပိုဒ်သာ မရေးမိလိုက်ရင် ကျွန်တော့ လျှာလေး တိုရချည်ရဲ့- – –

ဒီတွက်နည်းကို ရေးခဲ့သူကတော့ မင်းတုန်းမင်း လက်ထက်တွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော

စလေမြီု့စာတိ စလေဦးပုညပါ။

သူ့တွက်နည်းကို facebook သူငယ်ချင်းတို့အတွက် တင်ပေး လိုက်တာပါ။ ထီထိုးမည့်သူ၏ မွေးသက္ကရာဇ်တွင် ၎င်းမွေးဂြိုလ်သက်ကို ပေါင်းရမည်။

တနင်္ဂနွေ = ၆ နှစ်

တနလာင်္ = ၁၅ နှစ်

အင်္ဂါ = ၈ နှစ်

ဗုဒ္ဓဟူး = ၁၇ နှစ်

ကြာသပတေး= ၁၉ နှစ်

သောကြာ = ၂၁ နှစ်

စနေ = ၁၀ နှစ်

ရာဟု =၁၂ နှစ်ပေါင်းရန်ဖြစ်သည်။

ပြီးလျှင် ( ၄၃ ) နှင့်စားပါ။ စားကြွင်းကို ရောက်သက်နဲ့ပေါင်းရမည်။ ထို့နောက် ( ၇ ) နှင့်စားရမည်။

( ၅ )ကြွင်းလျှင် ဧကန်ပေါက်မည်။ ( ၀ )သုည ကြွင်းလျှင် စပ်ထိုးရမည်။

ဥပမာ ။ ။ အသက်( ၂၈)နှစ်ရှိ ၁၃၃၅ ခုနှစ်တွင် မွေးဖွားသောစနေသားဖြစ်အံ့

မွေးသက္ကရာဇ် = ၁၃၃၅

မွေးဂြိုလ်သက် = + ၁၀

၁၃၄၅

၁၃၄၅ ÷၄၃= အကြွင်း ၁၂

ရောက်သက် = ၂၈

၄၀

၄၀ ÷ ၇ = အကြွင်း -၅ –

အကြွင်း= ၅

ဥပမာ ။ ။ အသက် (၃၅ )နှစ်ရှိ ၁၃၃၅ ခုနှစ်တွင် မွေးဖွားသော စနေသားဖြစ်အံ့

မွေးသက္ကရာဇ် = ၁၃၃၅

မွေးဂြိုလ်သက် = ၁၀

၁၃၄၅

၁၃၄၅÷ ၄၃ = အကြွင်း – ၁၂ –

ရောက်သက် ၃၅

၄၇

၄၇ ÷ ၇ = အကြွင်း – ၅-

အကြွင်း ၅)

kfeAyxF-1-730x430.pngမနောမယဂျာနယ်