မုန်းစိတ်

in #love3 years ago

လူတစ်ဦးစိတ်နာသွားကာမှ မှားပါတယ် ၊ နောင်တရပါပြီ ၊ အသစ္ကစ ပြန်စကြရအောင်ပြောလည်း နောက်ကျသွားပါပြီ။ ရိုးရိုးစိတ်နာသွားရုံပဲ ခံစားရတဲ့သူတွေရှိသလို အရင်ကချစ်ခဲ့သူကို မုန်းသွားခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။ လူတွေဟာ ကိုယ်ပေးသလောက်ပြန်ရချင်တယ်။ ကိုယ်အကောင်းဆုံးပေးဆပ်နေရက်က ကိုယ့်စေတနာနဲ့မေတ္တာကို နည်းမျိုးစုံနဲ့ စော်ကားတာ ခံခဲ့ရမယ်ဆိုရင် ဒီလူကို ချစ်တဲ့ခံစားမှုကသပ်သပ် ၊ မုန်းတဲ့ခံစားမှုကသပ်သပ် ဖြစ်လာပါတယ်။