တန်ဖိုးလေးတော့ထား

in #love3 years ago

img_0.3496696263802081.jpg
ကိုယ်နဲ့တွဲနေတဲ့ချစ်သူကို တန်ဖိုးထားစိတ်ကလေး ဝင်လာဖို့ဆိုတာ သူ့ရဲ့ကောင်းကွက်တွေကို မြင်အောင်ကြည့်ရမှာပါ။ သူ့ရဲ့အားနည်းချက်တွေကိုလည်း နားလည်ဖြည့်တွေးပြီး ကောင်းတာလေးတွေနဲ့ ဖာသင့်ရင်ဖာ ၊ ခွင့်လွှတ်ပေးသင့်ရင် ခွင့်လွှတ်ပေးပြီး ၊ လျစ်လျူရှုပေးသင့်တာတွေကိုလည်း လျစ်လျူရှုပေးရမှာပါ။ သူဟာ ကိုယ်မဟုတ်ဘူးဆိုတာကို နားလည်ထားတဲ့အခါ မတူညီတဲ့ သူ့အတွေး ၊ သူ့ခံယူချက် ၊ သူ့ရည်ရွယ်ချက်တွေဟာ ကိုယ်နဲ့ မကိုက်ညီရင် ညှိသင့်တာတွေညှိပြီး ညှိမရရင်တော့ နောင်အရှည်ဆိုတာကို မျှော်တွေးကြည့်ရမှာပါ။