သူသာတကယ်ချစ်ရင်ပေ

in #love3 years ago

သူသာတကယ်ချစ်ရင်ပေါ့လို့ တွေးမိတဲ့အခါ တဖြေးဖြေးသိလာရတာက သူတကယ်မချစ်ခဲ့မှန်း ပိုပိုပြီး သိလာခဲ့ရတာပါ ...
နေရာတကာ ကိုယ်က အရေးပါချင်ခဲ့ပေမယ့် တကယ့်လက်တွေ့တွေမှာကျ ကိုယ်ဟာ ထင်ထားတာထက်ပိုပြီး အရေးပါမနေခဲ့တာလေ ။
မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ပဲ ယှဉ်မလား ဒါမှမဟုတ် မိဘ အသိုင်းအဝိုင်းနဲ့ပဲ ယှဉ်မလား ကုန်ကုန်ပြောရရင် သူစိမ်းတွေနဲ့ ယှဉ်လာရင်တောင် ကျွန်မက နောက်ဆုံးမှချည်း ဖြစ်နေခဲ့တာလေ ။
ရင်နာနာနဲ့လို့ ပြောရအောင်ကလဲ သူပစ်ထားခြင်းမှာ နာရပါများတော့ နှလုံးသားတွေလဲ ထုံကျင်နေပါပြီ နာလို့နာမှန်းမသိ ငိုလို့ငိုမှန်းမသိတဲ့ အချိန်တွေ အများကြီးမှ ကျော်ဖြတ်ခဲ့ပြီးပြီလေ ။