အမှတ်တရ ဒဏ်ရာ

in #love6 years ago

အမှတ်တရ ဒဏ်ရာ

အပိုလူတစ်​​ယောက်​အတွက်
အလိုလို ​ပျောက်​ကွယ်​ချင်​လာတဲ့စိတ်​​ကြောင့်
မင်း အနားက
ဝေးနိုင်​သမျှ ​ဝေးဖို့
အ​ဆွေးတစ်​ချို့နဲ့ ရွက်​လွှင့်​ခဲ့ပါတယ်​..။

အဆင်​သင့်​ဖြစ်​မ​နေ​သေးတဲ့ ရင်​ခွင်​က
နာကျင်​ရတာ မှန်​​ပေမယ့်​လည်း
ဟန်​​ဆောင်​ ဖုံးကွယ်​ ထားခဲ့လိုက်​ပါတယ်​။

မက်​မ​ပြေစရာ အနမ်းတစ်​ချို့ကို
ကျောခိုင်းလိုက်​တိုင်း
ရစ်​ဝိုင်းပြီး ကျလာတဲ့ မျက်​ရည်​ ​တွေကို
အသာယာ ဖယ်​ထုတ်
အရင်​လို မဟုတ်​​တော့တဲ့
ကြင်​နာမူ​တွေမှာ သာယာ​ပျော်​ရွှင်​မူ​တွေ
တဖြည်းဖြည်း လွင့်​စင်​​ပျောက်​ကွယ်​သွားခဲ့တယ်​။

ဒဏ်​ရာဆိုတာ ​ပျောက်​သွားရင်​​တောင်
အမာရွတ်​ ဆိုတာ ကျန်​စမြဲပါ..

ဒါ​ကြောင့်​ မို့
တို့​တွေ ပတ်​သက်​ခဲ့သမျှဟာ
အမှတ်​တရ ​တွေ ကျန်​ရစ်​​နေ​ကောင်းပါရဲ့..။

အ​ကြောင်းမညီညွတ်​​တော့လို့သာ
ဥ​ပေက္ခာ ဆိုတဲ့ စကားလုံးသုံးရတာ
ကိုယ့်နှလုံးသားက အတိတ်​ကို အကြိမ်​ကြိမ်
ပြန်​သွား​နေ​သေးတယ်​​လေ။

📝ရေးသားသူ ဖြိုးဝေအောင်📝

Author @phyowaiaung
image

received_1178917088909060.gif