ဝန်​​ဆောင်​မှု​ကောင်းပါ​စေ။
in #mak6 years ago (edited)
ယခင်​ပို့စ်​မှအဆက်
https://steemit.com/make/@shwetoe/make-good-service
နာမည်​​ကျော်​ အထက်​တန်းစား​သောက်​ဆိုင်​တစ်​ဆိုင်​ရှိသည်​။ ဆိုင်​တွင် စားသုံးသူအရမ်းများ​သော​ကြောင့်​ စားပွဲထိုး​ကောင်​​လေး၊ ​ကောင်းမ​လေးများ အများပြားငှါးထား၏။ စာသုံးသူကလဲများ၊ ​ဈေးကလဲကြီး​သော​ကြောင့်​ စားပွဲထိုး​ကောင်​​လေး၊​ကောင်​မ​လေးများ တညတည ​​အောက်​ဆိုဒ်​​ကြေး တစ်​​သောင်းကျပ်​မှ သောင်းခွဲ ​​လောက်​ထိရကြသည်​။ တစ်ခါတစ်​ရံ သို့ထက်​ပင်​ပိုရပါ​သေးသည်​။ မနက်​ ၆နာရီ မှ ည၉နာရီ ထိအလုပ်​လုပ်​​ရ​သော​ကြောင့်​ နားချိန်​​တော့ နဲ​ပေသည်​။
တနလာင်္​နေ့တိုင်းတွင်​ မန်​​နေဂျာက စားပွဲထိုးများ​နှင့်​ ​တွေ့ဆုံပြီးအစည်း​ဝေးထိုင်​​ဆွေး​နွေးကြသည်​။ စာသုံးသူများ စား​သောက်​ပြီးပြန်​မည့်​ချိန်​တွင်​ အစား​သောက်​များအိမ်​သို့ ထပ်​ဝယ်​သွားနိုင်​မည့်​ နည်းလမ်းများရှာကြသည်​။ အစား​သောက်​များ​ရောင်းပြီး အပို​ငွေ ​အောက်​ဆိုဒ်​​ကြေးရမည့်​ ​နည်းလမ်းများကို ထည့်​ပြီး​ဆွေး​နွေးကြသည်​။ 
 စားပွဲထိုးနှင့်​ ​မန်​​နေဂျာ စား​သောက်​ဆိုင်​ပိုင်​ရှင်​ ရ​ရှိ​သော ဝင်​​ငွေ​ကြေးကို လျှိထားစရာမလို လူတိုင်းခန့်​မှန်း၍ ရကြသည်​။ တ​နေ့တွင်​ စားပွဲထိုး​ကောင်​မ​လေးသည်​ ​အောက်​ဆိုဒ်​ပိုရ​သော စားပွဲထိုးများ​နောက်​မှ မကြာမကြာလိုက်​နေရသည်​ကို မန်​​နေဂျာက သတိထားမိ​နေသည်​။ ဒီစားပွဲထိုး​ကောင်းမ​လေးမှာ ရုပ်​လဲမဆိုးလှ၊ သွက်​လည်းသွက်​သည်​။ ဒါဖြင့်​ မန်​​နေဂျာမှ သူ့စာရင်းစာအုပ်​ထဲ စားပွဲထိုး​ကောင်းမ​လေး၏ ​အောက်​ဆိုဒ်​​ကြေးကို လှန်​ကြည့်​​လေရာ သူမက အရအနဲဆုံးဖြစ်​​နေသည်​။ စားပွဲအ​ရေတွက်​ကလဲ သူများနဲ့အတူ၊ စားသုံးသူအ​ရေတွက်​လဲ သူများနဲ့အတူတူ၊ ဘာများမှား​နေလို့ ​အောက်​ဆိုဒ်​​ကြေးနဲ​နေရသလဲလို့ ဟု မန်​​နေဂျာမှ အ​ဖြေရှာကြည့်​​လေရာ အ​ဖြေကို သွား​တွေ့​လေသည်​။ 
the-dabney-dc-restaurant-kitchen-ASHLEY%20ZINK%20J36A8258-298.jpg
အောက်​ဆိုဒ်​​ကြေးနဲ​သော ထို​ကောင်​မ​လေးသည်​ စားသုံးသူ အစား​သောက်​မှာသည်​ကို တခြားစားပွဲထိုး​တွေလို စာရွက်​စာတန်းမမှတ်​။ သူမက အမှာကိုစိတ်​နဲသာမှတ်​သည်​။ ​​စားသုံးသူများက သူမှတ်​ဥာဏ်​ကို အထင်​ကြီး​လေးစားမည်​ထင်​​လေသည်​။ သို့​သော်​ စားသုံးသူများမှာ သူ့မှတ်​ဥာဏ်​ကို အထင်​မကြီး၊ အစား​သောက်​များကို အလွဲများလာချမည်​ဟု စိတ်​​မချဖြစ်​ကြသည်​။ သူမမှ အစား​သောက်​မှန်​ ယူလာသည်​ထား သူတို့မှာသည့်​အစားစာများမှ ဟုတ်​မှဟုတ်​ပါမလား ဟု သကာင်္မကင်းကြ​ပေ။ နောက်​ပြီး စာသုံးသူကို မသိမသာ ​ဈေးပိုတွက်​တာမျိုးလုပ်​သည်​။ သူမဆီပဲ အမြဲမှာစား​နေသူက သတိမထားမိ​သော်​လည်း တစ်​ခြားစားပွဲထိုး​ကောင်​​လေး၊ ​ကောင်းမ​လေးများနဲ့ ​ပြောင်းလဲမှာစား​နေသူမှာက​တော့ သူမ​ဈေးပိုတွက်​သည်​ကို သတိထားမိ၍ ​နောက်​တစ်​ခါ သူ့ဆီမမှာကြ​တော့​ပေ။ ဒါ​ကြောင့်​ သူမှာတခြား စားပွဲထိုး​နောက်​သို့ ကပ်​၍လိုက်​​နေရခြင်းဖြစ်​​ပေသည်​။
  ထို​ကြောင့်​ ဆိုလိုသည်​မှာ ​ရောင်းသူနှင့်​ ဝယ်​သူသည်​ ဂရုတစိုက်​ရှိရန်​လိုသလို၊ ဝန်​​ဆောင်​မှု​ကောင်းရမည်​၊ ​ဈေးသက်​သာရမည်​၊ ထိုပြင်​ အစား​သောက်​ဖြစ်​ဖြစ်​၊ ကုန်​ပစ္စည်းဖြစ်​ဖြစ်​ စာရွက်​စာတန်းဖြင့်​​ရေးမှတ်​ပါ။ ဒါဆိုရင်​​သေချာ​ပေါက်​ ​​​ဖောက်​သည်​များတိုးပွားနိုင်​​ကြောင်း ​ကျော်​​တော်​​သေချာ​ပေါက်​ ​ပြောရဲပါသည်​။ 
@shwetoe
Photo Credit (Google image)
Sort:  
good post လေးပါအကို ဆက်လက်၍ကြိုးစာပါနော်
Thank bro 😁😁😁
Tag တွင် Myanmar ကိုထိပ်ဆုံးမှထည့်ပါ၊ culture, Success သာထည့်သင့်ပါသည်။ make, good သည် Tag တွင်မရှိပါ။
ဟုတ်​ ပြန်​ပြင်​လိုက်​ပါ့မယ်​ဆာ​ကျေးဇူးပါ
Congratulations @shwetoe! You received a personal award!
1 Year on Steemit
Click here to view your Board
Do not miss the last post from @steemitboard:
Christmas Challenge - The party continues
Support SteemitBoard's project! Vote for its witness and get one more award!
Congratulations @shwetoe! You received a personal award!
Happy Birthday! - You are on the Steem blockchain for 2 years!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!