money is need for every body

in #money7 years ago

ယနေ့ခေတ်ကျနော်တို့လူသားများအတွက်အရေးပါသောအရာတစ်ခုမှာ ငွေကြေးပဲဖြစ်ပါတယ်။ငွေမရှိသောဘဝသည် ရှင်လျှက်နှင့်သေနေသောဘဝနှင့်များစွားဆင်တူလှပါသည်။
ထိုငွေနှင့်ပင် လူသားများအတွက်လိုချင်ဖြစ်ချင်သောအရာ တော်တော်များများကိုရရှိခံစားနိုင်သည်။
ထိုကြောင့်လည်းလူသားအများစုသည် ထိုငွေနောက်သို့သာအစဉ်လိုက်နေကြရပေသည်။ငွေကြေးရရှိမှု
အတွက်နည်းလမ်းအမျိုးမျိုးကိုအသုံးပြုကြသည်။အချို့ကရိုးသားစွာလုပ်ကိုင်ကြပြီးအချို့ကဆန်းပြားစွာလုပ်ကိုင်
နေကြပေသည်။မည်သို့ပင်ဆိုစေ ယနေ့ခေတ်လူသားတစ်ယောက်အတွက် ရပ်တည်နိုင်ဖို့ ငွေရှိမှ အဆင်ပြေ
ပါလိမ့်မည် မဟုတ်ပါလား။ဒီနေရာမှာ ငွေ များစွာပိုင်ဆိုင်ဖို့ ဘယ်လိုအားထုတ်ကြိုးစားကြမယ်ဆိုတာလိုအပ် လာပါပြီ။အခြေခံအားဖြင့်…သစ်တောနှင့်ပတ်သက်သောလုပ်ငန်း…ရေနှင့်ပတ်သက်သောလုပ်ငန်း..မွေးမြူ
ရေးနှင့်ပတ်သက်သောလုပ်ငန်း…အသေးစားကုန်သွယ်မှုလုပ်ငန်း…အရောင်းအဝယ်ဈေးသည်လုပ်ငန်း….
ထုတ်ကုန်ပစ္စည်းလုပ်ငန်း…လျှပ်စစ်လုပ်ငန်း…အာမခံလုပ်ငန်း…ငွေတိုးချေးလုပ်ငန်း….သံချီသံကွေးလုပ်ငန်း…
ဝပ်လျှော့လုပ်ငန်း…စပါးတောင်သူ၊ရာသီသီးနှံ၊ပန်းမံ စိုက်ပျိုးရေးလုပ်ငန်း….လက်သမား၊ပန်းရံလုပ်ငန်း..
နေ့စားအလုပ်သမား…လခစားအလုပ်သမား..စသဖြင့်လုပ်ငန်းတွေမရေမတွက်နိုင်လောက်အောင်များပြားစွာ
ရှိနေပါသည်။ မိမိနှင့်သင့်လျော်အပ်စပ်သောလုပ်ငန်းတစ်ခုခုကိုစတင်လုပ်ကိုင်ကြရပေမည်။ဘာလုပ်လို့ဘာ
ကိုင်ရမှန်းမသိပါဘူးဗျာ ဟုဆိုကာလက်မိုင်ချမနေသင့်ပါ။ အလုပ်ကိုရွှေးချယ်သင့်သည်မှန်သော်လည်း ဆင်က
လည်းဆင် ပုရွှက်ဆိပ်ကလည်းပုရွှတ်ဆိပ် အလျောက်မိမိနှင့်သင့်လျှော်အပ်စပ်ရာအလုပ်တစ်ခုကို ပြတ်ပြတ်
သားသားကြိုးစားလုပ်ကိုင်သင့်ပေသည်။တွေဝေလေးဖင့်မနေသင့်ပေ။ပင်လယ်အတွင်းမုန်တိုင်းမိကာရေမျော
ကာနေသူအတွက်သစ်တုံးတစ်တုံးကလည်းထောက်ရာတည်ရာအားကိုးရာဖြစ်နိုင်ပါသည်။မည်သည့်အလုပ်ကို
မဆိုသေးသိမ်သည်ဟု မခံယူပဲ ကြိုးစားလုပ်ကိုင်ကြရပေမည်။ဒီအလုပ်ကိုလုပ်နေရင်းဖြင့်နောက်ထပ်ဒီထက်ပို
ကောင်းသောအလုပ်တစ်ခုကိုတက်လှမ်းနိုင်ပေလိမ့်မည်။သေးသေးလေးကိုလိုချင်ရင် အခက်အခဲသေးသေး
လေးကိုကျော်ဖြတ်ရမယ်။အကြီးကြီးကိုလိုချင်ရင်အခက်အခဲအကြီးကြီးကိုရင်ဆိုင်ရမယ်။ထို့ကြောင့်အခက်
အခဲဟူသမျှသည်သင်ပေးဆပ်ရမည့်အရင်းအနှီးတစ်ခုဖြစ်ပေသည်။
zawmyothant(philosophy)

Sort:  

ဂွတ်တယ်အကိုရာ

အဆင်​​ပြေမာပါ ကွီး

Voteပေးလိုက်ပေမယ့် sbdမတက်တော့ cmdပေးရတာ အားမရှိဘူး..

999ပြန်​ပွတ်​​တော့

ever playing ညေး

သူ့ ထက်ဒီက ပိုဆိုးပါတယ်နော် fb ထဲကဟာပါဒီမှာအရင်ရေးရင် နှစ်ပုဒ်ရမှာ ဟ ဒါမဲ့ သူများတွေက အရေးကောင်းကြပါတယ်လေ