
ရင်ထဲမှာအလွမ်းတွေနဲ့ ပြည့်နေတယ်မောင်။ ဧပရယ် ၆ ရက် မောင့်မွေးနေ့ပေါ့။ တစ်နှစ်တောင်ပြည့်ခဲ့ပြီပေါ့ မောင်ရယ်။ တစ်နှစ်ဆိုတဲ့အချိန်က ကြာသယောင်ယောင် ထင်ရပေမယ့် မေ့အတွက်တော့ ဆေးကောင်းကောင်း နဲ့ ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ အရာရာတိုင်းက ပြတ်ပြတ်သားသားနဲ့ ထင်ထင်လင်းလင်း မြင်နေမိဆဲပါမောင်။ ကံကြမ္မာက မောင်နဲ့တွေ့ပေးတဲ့နေ့ကပေါ့ ပုသိမ်မြို့ကို ပြောင်းလာတာ မကြာသေးတဲ့မေ့ကို တီလေးက အပြင်းလည်းပြေ ရင်းလေညှင်းလည်းခံရင်းဆိုပြီး လာခေါ်တာနဲ့ လိုက်ဖြစ်ခဲ့တယ်။အဒေါ်ဆိုပေမယ့် အမေ့ရဲ့ညီမအငယ်ဆုံးဆိုတော့ မေနဲ့သိပ်မကွာလှဘူး။ ပုသိမ်မြို့ရဲ့ အလှအပတွေကိုလဲ ကြည့်ချင် တယ်လေ။ မေက အပျော်တန်းဓါတ်ပုံရိုက်တော့ ပုသိမ်မြို့ရဲ့ ကမ်းနားဘက်ရှု့ခင်းအလှကို ကြည့်ချင်မိတာလဲပါတယ်။ ထွက်လာကြတဲ့အချိန်က နေ၀န်းအနီရောင်သန်းချိန်ဆိုတော့ ပိုလန်ဘက်မှာ တံလျပ်တွေတဖျပ်ဖျပ်ထနေတဲ့ င၀န်ချောင်းရေပြင် တလက်လက်နဲ့ အင်္ကျိမပါဘဲပုဆိုးကြမ်းကိုပခုံးတင် ပြီး ကုန်တွေကိုလူးလာခေါက်ပြန်သယ်ယူ တင်ချလုပ်နေကြတဲ့ ကုန်ထမ်းသားတွေ ရဲ့ နေလောင်ခံအသားတွေပေါ် တ၀င်းဝင်း လက်နေစေတဲ့ နေရောင်ဟာ ညနေဆည်းဆာ မှာ ပန်းချီတစ်ချပ်လိုပဲ။ ဂေါ်ဂင်သာ ဒီနေရာကိုရောက်လာခဲ့ရင် ခရစ်တော် ရုပ်ထုတော်ကို ပန်းချီဆွဲချင်တဲ့အချိန်တုန်းကဖြစ်ပေါ်ခဲ့တဲ့ အာသီသမျိုးထက် ပိုပြင်းပြတဲ့ အာသီသတွေနဲ့ ကမ္ဘာကျော်တဲ့ပန်းချီတစ်ချပ်ကို ဆွဲနိုင်ခဲ့လိမ့်မယ်။ ကိုယ့်အတွေးနဲ့ကိုယ် ငေးနေတုန်း တီလေးကပြန်ကြအောင် ညမှောင်လာရင်ဒီမှာမကောင်းဘူးဆိုတာနဲ့ ကြည့်လို့မ၀သေးခင်မှာဘဲ ပြန်လာခဲ့ရတယ်။ တီလေးရဲ့ဆိုက်ကယ် ကအိမ်ပြန်လမ်းကိုမသွားဘဲ ဆန့်ကျင်ဘက်ကိုသွားနေတာနဲ့
ဘယ်သွားဖို့လဲတီလေး
ဗေဒင်သွားတွက်မလို့ နင်လဲတွက်လို့ရအောင်ခေါ်လာတာ ငါ့တူမ အပျိုကြီးဘယ်တော့စွန်မလဲသိရအောင်
တီလေးကတော့လုပ်ပြီ အဒါတွေအယုံအကြည်မရှိဘူး တီလေးဘာသာတွက် အရင်အိမ်ပြန်ပို့ပေးဦး
ရောက်တော့မှာဟ နင်မတွက်ချင်လဲ ဘေးကထိုင်သာကြည့် ငါမေးစရာလေးရှိလို့
ရောက်တော့မယ်ဆိုတော့လဲမထူးတာနဲ့ ဘာမှဆက်မပြောတော့ဘဲ ငြိမ်နေလိုက်တော့တယ်။ တကယ်လို့များပေါ့ အဲ့လိုငြိမ်နေလိုက်ခြင်းက ကျမအတွက် နာကျင်ကြေကွဲမှု့တွေကို သယ်ဆောင် လာလိမ့်မယ်ဆိုတာကိုသာ ကြိုသိခဲ့ရင်။
ဘန့်ဘွေးကုန်း လမ်းမကြီးအတိုင်းမောင်းနေရာကနေ ကွန်ကရိ မခင်းရသေးတဲ့ လမ်းသွယ်လေးထဲချိုးဝင်ခဲ့တယ်။ လမ်းက အပင်ကြီးတွေ အုပ်အုပ်စိုင်းစိုင်းနဲ့။ ငါးမိနစ်လောက် မောင်းပြီးနောက်ထပ် လမ်းတခုထပ်ချိုးပြီးတဲ့နောက် သွပ်မိုးပျင်ထောင် ဆယ်ပေကျော်ကျော် လောက်အိမ်ကလေးတွေ တန်းစီနေတဲ့ နေရာကိုရောက်လာခဲ့တယ်။ လူငယ်တွေ လမ်းပိတ်ပြီး ခြင်းခတ်နေ ကြတာနဲ့ လမ်းဆင်းလျှောက်ရသေးတယ်။ ခြင်းဝိုင်းက အသံတွေ ကလေးတွေရဲ့အီစွတ်ကြိုးခုန်တဲ့ ၀ိုင်းက ဆူဆူညံညံအသံလေးတွေနဲ့ ဆိုတော့ လမ်းကအသက်ဝင်နေသလို။ ကားသံတွေ တဆူဆူ ဖုန်နံ့တွေ တထောင်းထောင်း နဲ့ မြို့လယ်လမ်းတွေနဲ့ ဘာမှမဆိုင်စွာပဲ ဒီလမ်းကလေးက သဘာဝကျကျလှနေတယ်။ ခြင်းဝိုင်းကိုနဲနဲကျော်လာတော့ လေးဖြူသီချင်းသံ အကျယ်ကြီးကြားရတာနဲ့ အပြန်ကျရင်တော့လ္ဖက်ရည် တစ်ခွက် လောက်ဝင်သောက်ဦးမှပါလို့ တွေးထားလိုက်တယ်။ ဒီလို ရပ်ကွက်လဖ္ဘက်ရည်ဆိုင်လေးတွေက လက်ရာကောင်းတက်တယ်လေ။အတွေးမဆုံးခင်ပဲ လူတွေရုပ်စိရုပ်စိဖြစ်နေတဲ့အိမ်ရှေ့မှာ တီလေးကဆိုက်ကယ်ကိုရပ်လိုက်တော့ ကိုယ့်မှာအံ့အောရတယ်။ ခြံထဲမှာ ဆောင်းဘောက်ကြီးနှစ်လုံးကဟီးလို့အလှူတွေမှာဖွင့်တဲ့ဆောင်းဘောက်တွေ။ စောစောကကြားနေရတဲ့သီချင်းသံက ဒီကလာနေတာကိုး။ ကိုယ်ကတော့သီချင်းသံ အကျယ်ကြီး ကြားလို့ လဖ္ဘက်ရည်ဆိုင်မှတ်နေတာ။

ဆိုက်ကယ်ရပ်တယ်ဆိုရင်ပဲ နီနီရေလာဟေ့ ဆိုတဲ့ အသံနဲ့အတူ ဖော်ရွေလှတဲ့မျက်နှာနဲ့ ဦးကြီးတစ်ယောက်ကိုတွေ့ရတယ်။ တီလေးကလဲ ပြန်ရယ်ပြရင်း
အလှူလုပ်နေတာလားဆရာရဲ့။ ဖိတ်တောင်မဖိတ်ဘူး။ကြည့်ပါဦး
ဆိုပြီးစီးရန်တွေ့လေရဲ့။ တီလေးရဲ့စကားဆုံးတော့ စောကဦးကြီးက
အလှူမဟုတ်ပါဘူး နီနီရယ် ဒီနေ့ နင့်မောင်မွေးနေ့လေ အဒါ ကြာဆံကြော်ကြွေးချင်တယ်ဆိုလို့ ဒီညနေမှ ထစီစဉ်လိုက်ရတာ။ ဘယ်သူမှလဲမဖိတ်ဘူး။ လမ်းထဲက ကလေးနဲနဲနဲ့ သူ့သူငယ်ချင်းတွေပဲ။
ဟုတ်ပါပြီ ဟုတ်ပါပြီ။ အဒါဆိုလဲပြန်တော့မယ်။ နီကဗေဒင်မေးဖို့လာတာ။
အာ ဘယ်ပြန်ရမလဲ အိမ်ပေါ်တက်ဦး ။ သူငယ်ချင်းလဲပါလာတာလား။လာကြ လာကြ။ ပြန်ရင် ဆရာစိတ်ဆိုးမှာ။
တီလေး ဖြစ်ပါ့မလား
ဘာကိုလဲ
မေနဲ့ကသိတာမဟုတ်ဘူးလေ။ လက်ဆောင်မပါဘာမပါနဲ့။ ဒီတိုင်းကြီးမုန့်ဝင်စားရမှာ မစားချင်ပါဘူး။
နင်ကလဲ ဘာမှမဖြစ်ဘူး။ ငါနဲ့ကမိသားစုတွေလိုနေတာ။ ဘာမှအားနာစရာမရှိဘူး။ လာ လိုက်ခဲ့။
တီလေးနဲ့တော့ခက်ပါတယ်။ မေက မသိတဲ့တစိမ်းတရံစာအိမ်မှာ အလှူဝင်စားရမှာ မစားတက်ပါဘူး။
ရောက်ပဲရောက်နေပြီ။ ဟိုကခေါ်နေတာကိုမ၀င်လို့ကောင်းမလားမေရဲ့။ လာပါ မစားချင်မစားနဲ့။ အိမ်ပေါ်တော့ တက်လိုက်ဦး။
ဘယ်လိုမှပြောမရတဲ့ အဆုံး မျက်နှာပူပူနဲ့ တီလေးနောက်က လိုက်သွားရတော့တယ်။ အိမ်ပေါ်ရောက်တော့လဲ စောကဦးရီး က တီလေးနဲ့ စကားတွေဖောင်ဖွဲ့နေပြန်တော့ ကိုယ့်မှာကြောင်တောင်တောင်နဲ့ထိုင်နေရ ပြန်တယ်။ တအောင့်ကြာတော့ ဟိုဦးရီးက နောက်ဘက်ကိုနီနီတို့အတွက် ကြာဆံကြော်ပြင်ပေးဖို့ဆိုပြီး လှမ်းပြောလေရဲ့။ မေတော့လေစိတ်ညစ်တာပဲ။ အိမ်သေးသေးလေးထဲမှာ လူတွေကအများကြီး သီချင်းသံတွေကလဲဆူညံနေရော။ စကားပြောသံတွေရော ရှုပ်ရှက်ကိုခက်နေတာပဲ။ အလိုဆူဆူညံညံ ရှုပ်ရှုပ်ထွေးထွေး မေမနေတက်ဘူး။ စိတ်ရှုပ်လာတယ်။ ကိုယ်နဲ့သိတဲ့လူလဲ တစ်ယောက်မှမရှိတော့ ပိုဆိုးတာပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ထွက်ပြေးချင်းနေတုန်း..
ဒီဘက်စားပွဲကိုကြွပါခင်ဗျ ကြာဆံကြော်လေးသုံးဆောင်ပါ
ဆိုတဲ့ခပ်တိုးတိုးအသံတစ်ခုပေါ်ထွက်လာခဲ့တယ်။ ကိုယ့်ဟာ့ကို စိတ်ရှုပ်နေတော့အသံရှင်ကိုလဲ မကြည့်မိဘူး ကျမကိုပြောရင်း တီလေးကိုလဲ ခေါ်နေတယ်။ တီလေးကလဲ အေးအေး လာပြီရာဇာရေဆိုပြီး ထရင်း မေလာလေဆိုပြီးကျမကိုတပါထဲခေါ်တယ်။ မေတီလေးကို စိတ်ထဲကဒေါသထွက်သွားတယ်။ မေ မစားဘူးလို့အစောထဲကပြောထားတာကို လာခေါ်နေတယ်။ မကောင်းတက်လို့သာထလာရင်း စားပွဲဝိုင်းမှာထိုင်မိတော့ တီလေးနားကပ်ပြီးပြောလိုက်တယ်။
တီလေး မေ မစားဘူးနော်။
နင်ကလဲဟယ်နဲနဲလောက်ဖြစ်ဖြစ်စားလိုက်ပါ။
တီလေးနဲ့မေနဲ့တွတ်ထိုးနေတုန်း ဦးရီးရောက်လာပြီး
နီနီနဲ့စကားကောင်းနေတာနဲ့ သမီးကိုတောင် ပစ်ထားသလို ဖြစ်ထားသလိုဖြစ်သွားတယ်။ ဘာတော်ကြလဲ။ နီနီဆရာနဲ့မိတ်ဆက်ပေးဦးလေ။
ဟုတ်ပါ့ဆရာရယ် နီလဲမေ့သွားလို့။ နီ့တူမလေးလေ။ရန်ကုန်ကပြောင်းလာတာမကြာသေးဘူး။သူပျင်းနေမှာ စိုးတာနဲ့ လေညှင်းခံရအောင်ဆိုပြီး ခေါ်လာခဲ့တာ။ လမ်းရောက်မှ ဒီလာမယ်ဆိုအကြံပေါ်တာ။ဆရာ့စီလဲ မရောက်ဖြစ်တာအတော်ကြာပြီလေ။ ဒီရောက်တော့အလှူနဲ့တန်းတိုးတာပဲ။ နာမည်က မေ တဲ့ ။
မေ..တစ်လုံးထဲလား ။
ဟုတ်တယ်ဆရာ တစ်လုံးထဲ။
မေက နာမည်နဲ့လူနဲ့လိုက်တယ်နော်။ မျက်နှာလေးကပြုံးနေတာပဲ။ အဒါကြောင့် မေလို့မှည့်ထားတာဖြစ်မယ်။
ကျေးဇူးတင်ပါတယ်ဦး ။ မေပြုံးပြရင်းပြန်ပြောလိုက်သည်။
အေးပါသမီးရယ်။ဆရာတို့နဲ့နီနီတို့နဲ့က ညီအကိုမောင်နှမတွေလိုနေတာ။ နီနီတူမဆိုတော့ ဆရာတူမလိုပဲ သဘောထားတယ်ဟုတ်လား။ နောက်လဲအိမ်ကိုဝင်ထွက်နော်သမီး။ခုမှရန်ကုန်ကပြောင်းလာတာဆိုတော့ အကူအညီတွေဘာတွေလိုရင်လဲပြောဟုတ်လား။ ဆရာ့ကိုလဲကိုယ့်ဆွေမျိုးလိုပဲသဘောထား။
ဟုတ်ကဲ့ရှင့်။
ဒါနဲ့သမီးကပညာရေးကျတော့
ဟုတ် BSC.BC နဲ့ ဘွဲ့ရထားပါတယ်ရှင့်။
အော် ဘွဲ့ရပြီးသားပဲ။ အေး အေး ကောင်းတယ် ကောင်းတယ်။ အလုပ်ရောဘာလုပ်လဲ။
လောလောဆယ်တော့ဘာအလုပ်မှမရှိသေးဘူး။ရန်ကုန်မှာတုန်းကတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုးရုံး မှာလုပ်ပါတယ်။
အော်အေးကောင်းတာပေါ့သမီးရဲ့။ ဘွဲ့ရပညာတက်ပဲဟာ။အလုပ်မရှားပါဘူး။
ဟုတ်ကဲ့ ။ ဟုတ်ကဲ့ဟုပြောလိုက်သော်လည်း ဘွဲ့ရပြီးသားမို့ အလုပ်ပိုရှားတာဘွဲ့ရပြီးသားလူတွေ ပဲသိပါတယ်။ မချိပြုံးပြုံးရင်း စိတ်ထဲမှပြောမိခြင်းသာ။(ဆက်ရန်)

You got a 55.56% upvote from @automation courtesy of @maythzinkyaw! This is a service sponsored by @yehey. Please consider voting @yehey for Witnes. Use this short URL link https://on.king.net/witness simply click and vote, this will redirect to Steem Connect for secure connection.
Interested to earn daily? Delegate Steem Power to receive 90% payout rewards. Use this link https://on.king.net/automation to delegate SP to @Automation.
If you need an extra upvote, join us at https://SteemChat.com discord server.
Have a lovely day.
@Automation - Keep Steeming for a better future.
Congratulations! This post has been upvoted from the communal account, @minnowsupport, by maythzinkyaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.