The new day ,or A day of trust

in #msu7 years ago

နေ့သစ်များ

အတုံးအရုံးနဲ့ ဆုံးရှုံးနေ ရလည်း ………ငါ့မှာ
နေ့သစ်တွေရှိသေးတယ်
အောင်လံ တလူလူ မလွှင့်ထူ နိုင်ရလည်း ………ငါ့မှာ
နေ့သစ်တွေရှိနေတယ်
စိတ်ဓာတ်သံမဏိ အောက်ဆုံးထိ ရောက်ရှိလည်း………ငါ့မှာ
နေ့သစ်တွေ မကုန်သေးဘူး
ယုံကြည်မှုမှတ်တိုင် အပြတ်ယိုင်ခဲ့ ရလည်း ………ငါ့မှာ
နေ့သစ်တွေ ကျန်ဦးမယ်
လုံ့လ တစ်ကယ်ဖျော့ လက်ကုန်လျှော့ ဖို့လည်း မကြိုးစားဘူး ………ငါ့မှာ
နေ့သစ်တွေ စောင့်ကြိုနေတယ်
လောကကြီးစိတ်ကြိုက် ခေါင်းငိုက်စိုက်မနေနိုင်သေးဘူး………ငါ့မှာ
နေ့သစ်တွေက တစ်သီတစ်တန်းကြီးရယ်
လောကဓံဆူးအောက် ဒူးထောက်ဖို့ မတွေးနိုင်ဘူး ………ငါ့မှာ
နေ့သစ်တွေ တစ်မျှော်တစ်ခေါ်နဲ့
အောင်မြင်မှုများအတွက် ………
မျှော်လင့်ချက်များ အတွက် ………
ယုံကြည်ချက်များ အတွက် ……… ငါ့မှာ
ရှေ့ဆက် ရှေ့ဆက် ရှေ့ဆက်
နေ့သစ်များ မကုန်နိုင် မခမ်းနိုင် ။ ။


Give my love to you all ,Steemians.
written by : @aggamun
MSU NO - 022


image
#myanmar
#msu

Sort:  

kaung dal

thank bro ကြိုးစားဆဲပါ

ကြိုးစားနေတယ့်သူအတွက် နေ့သစ်တိုင်းကကြိုဆိုနေမှာပါ bro fight tin

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu

မျှော်​လင့်​ချက်​နဲ့ ​ရှေ့ဆက်​​နေရတာပါဗျာ 

Right bro မျှော်လင့်ချက်သာမရှိရင် ပွဲပြီးနေပြီပေါ့ဗျာ
@aggamun

fighting my sis
We stand together
@aggamun