တစ်ချိန်က ဆရာကြီး (@aggamun)

in #msu7 years ago

pexels-photo-415983.jpeg

ကဲ ကဲ တပည့်တို့ အခုလို တခုတ်တရ လာပြီး ကန်တော့ကို ဝမ်းသာကြည်နူးလို့ မဆုံးပါဘူးကွယ်။ ဒါပေမဲ့ စာမေးပွဲက နီးပြီးမလား။ စာကိုလည်း ကြိုးစား အားထုတ်မှု မလျော့စေဘဲ လေ့လာကြပါ။ စာမေးပွဲ ဆိုတာ တကယ်တော့ စစ်ပွဲကြီး တစ်ခုနဲ့ တူတယ်ကွ။ တပည့်တို့ကတော့ ကိုယ်တိုင် တိုက်ခိုက်ရတော့မယ့် သူရဲကောင်း စစ်သည်တော် တွေပေါ့ကွာ။ စာပေ ဆိုတာကတော့ စစ်တိုက်နည်း ဗျူဟာ ကျမ်းတွေပေါ့ ကွယ်။

စာများများ လေ့လာထားတဲ့ သူကတော့ စစ်တိုက်နည်း များများ သိတဲ့သူနဲ့ တူပြီး တိုက်ပွဲ အနေအထားကို အောင်မြင်ဖို့ ပိုလွယ်တဲ့သူပေါ့။ စာနည်းနည်း ပဲ လေ့လာမိတဲ့သူကတော့ တိုက်ပွဲမှာ အလူးအလဲနဲ့ ကျဆုံးဖို့ အင်မတန် လွယ်ကူတာပေါ့။ ဒါကြောင့် အချိန်ရှိတုန်း လေ့လာထားကြ။ ပိုင်နိုင်မှု ရှိအောင် ထပ်ခါထပ်ခါ လေ့လာထားကြပါ။ ပြင်ဆင်ချိန်ရှိတုန်း မပျင်းမရိ ပြင်ဆင်ကြပါလို့ ဆုံးမချင်ပါတယ်။

pexels-photo-277124.jpeg

တကယ်တော့ မိဘ နဲ့ ဆရာရဲ့ ပံ့ပိုးပေးမှုကလည်း တပည့်တို့ အတွက် အရေးကြီးတာပါပဲ။ တပည့်တို့ က ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက်ရတယ် ဆိုပေမဲ့ ဘလိုင်းကြီး တိုက်ပွဲထဲကို ဝင်သွားလို့ တော့ ဘယ်ရမလဲ။ ဒါကိုတော့ ကလေးက အစ သဘောပေါက်ကြမှာပါလေ။ အနည်းဆုံး လက်နက်တစ်ခုတော့ ဆောင်သွားရမယ်လေ။ အေး အဲ့သည်လက်နက် တွေ အကြောင်းနဲ့ အသုံးပြုပုံကို ဆရာဆိုတဲ့ လူတွေက အတွေ့အကြုံ နဲ့ ယှဉ်ပြီး လေ့ကျင့် သင်ကြားပေးရတာပေါ့။ တပည့်တို့ကတော့ မှတ်ထားရလိမ့်မယ်ကွ။ ဆရာကောင်းတွေ နဲ့ သင်ကြားတာဟာ အဲဒီ သဘောပဲ။ ဆရာတွေက အတွေ့အကြုံရှိတော့ သူတို့ အတွေ့ အကြုံနဲ့ယှဉ်ပြီး သည်နေရာလေးကတော့ ဟောသလို လေး ဖြေရှင်းရတယ်၊ သည်လိုလေး မှတ်ထားရမယ် စသဖြင့်ပေါ့လေ။ ဒါမှ စာမေးပွဲ ခန်းထဲမှာ မင်း စဉ်းစားတွေး မနေဘဲ ဖြေဆိုနိုင်ကြမှာ။

မိဘဆိုတာကတော့ ပံ့ပိုးပေးသူပေါ့ကွာ။ ခေတ် စကားနဲ့ ပြောရရင် sponser ပေါ့ ဟုတ်လား။ ပွဲ တစ်ခု စီစဉ်ပြီဟေ့ ဆိုရင် sponser ကောင်းရင် ကောင်းသလို လူသိများ အောင်မြင်သွားတယ်လေ။ ဆရာဆိုတာ လက်နက် အကြောင်းနဲ့ အသုံးပြုပုံ ပဲ ပြောပြတာနော်။ လက်နက် တပ်ဆင်ပေးလို့ မရနိုင်ဘူး။ မိဘတွေကပဲ သူတို့ တတ်နိုင်သလောက် ချွေးနဲစာလေးနဲ့ စုပြီး တပည့် အတွက် အကောင်းဆုံး လက်နက်ကို ဆင်ပေးကြရတယ်။ uptodate ဖြစ်အောင် လုပ်ပေးကြတယ်။ စာအုပ် ခဲတံ ပေတံ လေ့ကျင့်ခန်းစာအုပ် အထူးထုတ် စသဖြင့်ပေါ့လေ။ မိဘတွေရဲ့ အခန်းကဏ္ဍကလည်း မသေးလှပါဘူးကွယ်။

pexels-photo-289831.jpeg

ဘာတွေပဲ ဖြစ်နေနေ အရေးကြီးဆုံးကတော့ တပည့်တို့ တတွေ ကိုယ်တိုင်ပဲလေ။ စာမေးပွဲဆိုတာ တပည့်တို့ ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းရမယ့် ကိုယ်ပိုင်တိုက်ပွဲ ဖြစ်တယ်။ တစ်နှစ်ပတ်လုံး ကြိုးစား ကျက်မှတ် ခဲ့သမျှတွေရယ်၊ ဆရာတွေ သင်ကြားပေးလိုက်တဲ့ နည်းစနစ်တွေရယ်၊ မိဘတွေ တတ်စွမ်းသမျှ ဖြည့်ဆည်းပေးလိုက်တဲ့ ပစ္စည်းပစ္စယ တွေရယ် အားလုံးပေါင်းစပ်ပြီး အကောင်းဆုံးရလာဒ် ရရှိအောင် အစွမ်းကုန် ကြိုးစားကြပါ။ အကောင်းဆုံးရလာဒ်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။ သာဓု သာဓု သာဓု


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

Sort:  

Nice post

ကျေးဇူးပါ admin

Upvote you in kryptonia@CEARrtou66
不錯的西洋棋啊
真正騎士

ok thx u!
have a pleasant day!!

Lovely. Kryptonia id blogjeremiah

ok thnx !!
have a nice day!!

ကောင်းတယ် ဘရို။ ဆရာကြီးက တပည့်တွေကို ဆုံးမနေတဲ့ပုံစံနဲ့ရေးထားတာ။

ကြိုးစားလျက်ပါ bro

ဟုတ်ကဲ့ပါ ဆရာကြီး :)

😀 ဟုတ် bro ကြီး

ရေးတာလန်းတယ်​ ဆာကီး😁

ဟုတ်လို့လားဗျ ဆရာကီးရလည်း မြောက်နေပြန်ပီ 👍

တကယ်​ ​တော်​တာပါဗျာ👏👏

ဟုတ်ကဲ့ ဘဒိုကြီးလည်း အောင်မြင်ပါစေ

Excellent post friend! :)

so thank for your support 😀

သိပ်​​ကောင်းတယ်​..

ကျေးဇူးတင်ပါတယ် ဗျ အားရှိသွားပြီ 😀

Upvoted.
@maryresp from kryptonia

ok thx !!
have a nice day!!

ဟုတ်ကဲ့ပါ အစ်ကိုဆရာ

Congratulations @aggamun ! You received a 5% upvote from @kryptoniabot & @kryptonia for your task of 100 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

Aggamun much obliged for your comment & upvote.

42E9188A-894E-4516-BE67-D1109097D55C.jpeg

Aggamun thank you for your contributions!
Good fortune
Show love and support with an upvote and/or resteem. & or use the GIFT link on the homepage. I’ll sincerely appreciate it.