Cryptocurrency သည် ငွေကြေး တစ်ရပ်အဖြစ် လက်ခံရန် အဂါင်္ရပ်နှင့် မပြည့်စုံ

in #msu7 years ago (edited)

Cryptocurrency သည် တရားဝင် ငွေကြေး တစ်ရပ်အဖြစ် လက်ခံရန် အဂါင်္ရပ်နှင့် မပြည့်စုံဟု New York Federal Reserve Bank ၏ ရှေ့တက်လာမည့် President ဖြစ်သည်ဟု အများမှ ထင်ကြေးပေးခံနေရသည့် John Williams မှ ပြောဆိုခဲ့ကြောင်း CNBC ၏ ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေငြာချက် တစ်ခုတွင် ပါရှိသည်။
download (7).jpeg
Google

လက်ရှိ ဆန်ဖရန်စစ္စကို ဘဏ်၏ ဥက္ကဋ္ဌ တစ်ဦးအဖြစ်ဆောင်ရွက်လျက်ရှိသော John Williams က သောကြာနေ့တွင် "ငွေကြေးတစ်ခု ရပ်တည်ရန်အတွက် တန်ဖိုးရှိသော ဂုဏ်သတ္တိဖြစ်ဖို့လိုတယ်, ကျွန်တော် ပြောချင်တာက လက်ရှိ Bitcoin အပါအဝင် အခြားသော Cryptocurrencies များရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောရရင် လိမ်လည်မှုပြသာနာ,ငွေကြေးခဝါချမှုပြသာနာ, ထိပ်လန့်ဖွယ် ငွေမည်းထောက်ပံမှု နှင့် အခြားသော ပြသာနာပေါင်း မြောက်မြားစွာ နှင့် အရှုပ်အရှင်း များ ရှိနေပါတယ်" ကျွန်တော့် အနေနဲ့ Blockchain Technology တစ်ခုရဲ့အလားအလာကိုတော့ အလွန်ကောင်းမွန်တယ်လို့ မြင်မိပါတယ် ဟု ပြောကြားခဲ့သည်။

Williams သည် သူ၏ Career Life အများစုကို Central Banking ၌သာ မြှုပ်နှံခဲ့ပြီး NY Fed Reserve Bank ၏ လက်ရှိ ဥက္ကဋ္ဌ William Dudley လက်ရှိ ရာထူးမှ အနားယူပါက သူ၏ နေရာကို ဆက်ခံမည့်သူ တစ်ဦးလည်းဖြစ်ကာ Cryptocurrencies များကို အမြဲတစေ ဆန့်ကျင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

Source: Coin Telegraph


ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
Author : @daviddkl https://www.facebook.com/yenaing.htwe.148

MSU 052