photo source ![discovery.jpg]
ပညာရပ်အတော်များမှာ လေ့လာစူစမ်းမှု၊ ရှာဖွေမှုတွေနဲ့ ဉာဏ်ရွှင်မှုတွေကစတင်လာပါတယ်။ ဒီလိုအကြောင်းအရာတွေလုပ်နိုင်ဖို့ကို ဝါသနာကလည်း အရင်းခံပါ။ ဒီအပိုင်းမှာနှစ်မျိုးရှိပါတယ်။ မိမိကိုယ်တိုင် ဝါသနာပါပြီး အောင်မြင်အောင် ပြုလုပ်ခြင်းနဲ့ ခိုင်းစေချက်ကြောင့် ပြုလုပ်ခြင်းပါ။ ပထမဆုံးအနေနဲ့ ခိုင်းစေချက်ကြောင့်ပြုလုပ်ကြပုံကို စတင်ပြောပြပါမယ်။ နယ်ပယ်အသီးသီးမှာ လိုအပ်ချက်တွေအတွက် နိုင်ငံတော်ရဲ့ ခိုင်းစေချက်ရှိမယ်၊ တက္ကသိုလ်တွေရဲ့ခိုင်းစေချက်တွေရှိပါတယ်။ နိုင်ငံတော်ရဲ့ခိုင်းစေချက်တွေက အမှန်အကန်လိုအပ်နေတဲ့ နယ်ပယ်တွေအတွက် အဖြေထွက်ပြီး အမှန်အကန်အသုံးဝင်မည့် နည်းလမ်းတွေ၊ အထောက်အကူပစ္စည်းတွေ၊ အသုံးအဆောင်တွေအစရှိသဖြင့် ဖြစ်ပေါ်လာစေရန် တိုင်းပြည်ရဲ့ ငွေကြေးကနေ အသုံးပြုပြီး ပြုလုပ်ချက်တွေပါ။ အများဆုံးတော့ တက္ကသိုလ်တွေကိုခိုင်းစေပါတယ်။ တက္ကသိုလ်တွေကို မခိုင်းစေပဲ အခြားသောနိုင်ငံတွေနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်တာကတော့ ကျွန်တော်တို့နိုင်ငံမှာအများဆုံးပါ ဒါကလည်း အချိန်တိုအတွင်းရရှိအောင် ဖျက်လမ်းနည်းအသုံးပြုတာရယ်၊ ကိုယ့်လူတွေကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြု အချိန်မပေးပဲ ဆေးမြီတိုတွေကို အများလုပ်ခဲ့ကြခြင်းပါ။ တက္ကသိုလ်တွေမှာတော့ အမြဲ အသစ်အသစ်တွေကိုလေ့လာခိုင်း အဖြေထွက်ခိုင်း ကိုယ်ပိုင် စာတမ်းတွေရေးခိုင်း ဆိုတဲ့အချက်တွေနဲ့ နယ်ပယ်အသီးသီးမှာ သက်ဆိုင်ရာဌာနအလိုက် အဆင့်မြင့်အတန်းတွေမှာ နှစ်စဉ်ပြုလုပ်ခိုင်းပါတယ်။ တက္ကသိုလ်တိုင်းမှာ နှစ်စဉ်ထွက်ပေါ်လာတဲ့ စာတမ်းတွေအများအပြားပါပဲ။ စာတမ်းတစ်ခုက ပြောရရင် "ကကြီး"ကနေ "အ" အထိပါရှိတယ်။ ဘယ်လိုတွေအကျိုးပြုတယ် ဘယ်လိုတွေ အကျိုးမပြုဘူး ဘယ်နေရာတွေမှာအသုံးဝင်တယ် ဘယ်နေရာတွေမှာ ဆိုးကျိုးတွေဖြစ်တယ်ဆိုတဲ့အချက်အလက်တွေပါ။ ကြားဖူးကြမယ်တော့ထင်ပါတယ် ကိုယ်ပိုင်ကျမ်းရေးရတယ်ဆိုတာလေ။ အမှန်တကယ်အစအဆုံးလေ့လာပြီး တွေ့ရှိချက်တွေကို ကိုယ်ပိုင်ကျမ်းအဖြစ် ရေးသားရတာပါ။ ပညာရပ်ဒေါက်တာ၊ ပါမောက္ခ ဖြစ်လာဖို့ ခြေလှမ်းပေါ့။ အခြားသောနိုင်ငံတစ်ချို့မှာတော့ တက္ကသိုလ်တွေမှာပဲ ကျောင်းသားတွေကို စာမသင်ပေးရပဲ ချပေးထားတဲ့ ပရောဂျက်ကို အောင်မြင်အောင် အပြိုင် ကြိုးစားဖန်တီးခိုင်းဖို့ လစာတွေပေး လိုအပ်တဲ့အသုံးအဆောင်တွေကိုထောက်ပံ့ပေးပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဒီလိုမျိုးမဖြစ်လာသေးပါဘူး။ တက္ကသိုလ်တွေက လုပ်ချင် ဖြစ်ချင်နေတောင် နိုင်ငံတော်က စိတ်မဝင်စားတာတွေ၊ ငွေကြေးမထောက်ပံ့တာတွေနဲ့ တက္ကသိုလ်မှာရှိပြီးသား စာတမ်းတွေကို အကျိုးရှိရှိအသုံးမချတက်ကြတာများပါတယ်။ တဆက်တည်းအကြံပြုချင်တာကတော့ တက္ကသိုလ်တွေမှာ ကိုယ်ပိုင်ကျမ်းရေးသားသူတွေအတွက် မြန်မာ/အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးခိုင်းစေချင်ပါတယ်။ အကြောင်းမှာ လူမျိုးအတွက် မှတ်တိုင်တစ်ခုစိုက်ထူခြင်းပေါ့။
နောက်တစ်မျိုးကတော့ မိမိဝါသနာအရ စူစမ်းလေ့လာခြင်းအကြောင်းပါ။ မိမိကိုယ်တိုင် သိရှိနားလည်အောင် အသစ်အသစ်တွေကို ကြိုးစားလေ့လာပြီး မိမိဘဝကိုရပ်တည်နေသူတွေပါ။ မိမိကိုယ်တိုင် အထောက်အပံ့ဖြစ်အောင် လုပ်ပြီး လေ့လာကြပါတယ်။ တစ်ချို့လူတွေဆို ဝါသနာနဲ့ လုပ်နေတဲ့အလုပ် မတူတာတွေအများကြီးပါ။ ဘဝကပေးတဲ့ နေရာမှာ နေ အလုပ်လုပ်ပြီး ဝါသနာပါတာကို ပြုလုပ်နေကြပါတယ်။ အမှန်အကန် ဘဝကိုပြောင်းလဲပေးနိုင်တာက ဝါသနာအရင်းခံပါပဲ။ လူသားတွေအတွက်၊ တိရိစ္ဆာန်တွေအတွက်၊ ကမ္ဘာအတွက် အပင်တွေအတွက် စသဖြင့် အကျိုးလုပ်ငန်းတွေလုပ်နေသူတွေပါပဲ။ မိမိရှာဖွေလေ့လာတွေ့ရှိချက်တွေကနေ အောင်မြင်မှုတွေကို ကိုယ်ပိုင် မှတ်ပုံတင်ခြင်း သို့မဟုတ် အခြားသောနေရာတွေကို ပြန်လည်ရောင်းချခြင်းတွေနဲ့ ရပ်တည်ကြသလို ဝင်ငွေတွေလည်းအလိုလို ရရှိလာကြပြီး မိမိလုပ်ချင်တဲ့ အရာတွေကိုလည်း စိတ်ပါဝင်စားစွာပြုလုပ်နိုင်လာကြပါတယ်။
စာရှည်ရင် မဖတ်ချင်ကြသည့် သူများအတွက် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီ။
နေ လှိုင် စိုး
@nayhlaingsoe
@MSU No_24
လက်ရှိဖြစ်နေတာတွေကိုထင်ဟက်စေတဲ့အတွေးအရေးလေးကောင်းပါတယ်၊။
MSU No. လေးတပ်ပေးပါအုံးခင်ဗျာ့။
Nice post
Good post