အမှိုက်ပုံထဲမှာ အဟာရတွေရှိတယ်
အဲ့ဒီ့လိုနဲ့
ကိုယ်လူမွှေးလူတောင်ပြောင်ခဲ့ရပါတယ်
တချို့တံတွေးခွက်တွေက
လက်ပစ်ကူးရလောင်အောင်ကျယ်တာမှမဟုတ်တာ
နောက်လှည့်လိုက်တာနဲ့
အကုန်လုံးကွယ်ပျောက် တောက်ချလိုက်ရုံ။
လှောင်သံတွေလား ရယ်သံတွေလား
ဂရုတစိုက်လိုက်မကြည့်ဖြစ်တော့ဘူး
ကိုယ့်အနားဗုံးလာခွဲနေတာမှမဟုတ်ဘဲ
နေတတ်ပါတယ်
ဖြစ်ခဲ့သမျှအတွက်လည်း ကျေနပ်ပါတယ်
ဖြေတတ်ပါတယ်
ပြီးခဲ့သမျှအတွက်လည်း (အမျှ)ဝေခဲ့ပါတယ်
ယူနိုင်သူတွေရကြလိမ့်မယ်
အထွေးခံခဲ့သမျှတံတွေးစက်တွေအတွက်
သစ္စာဆိုမယ်
စွေသီညစ်၍တိုးတွန်းလေသမျှ
ရေကြည်ဖြစ်၍မိုးသွန်းစေ
နေခြည်သစ်၍ဖြိုးရွှန်းဝေ။
စုမွန်သွယ် msu 057 
တစ်စုံတစ်ရာ အတွေးတွေ ဖြစ်စေပါတယ်ဗျာ
Posted using Partiko Android
nice sis
👍 တွေးစရာတွေ ပါလား
Posted using Partiko Android