အခုခေတ်ရေစီးကြောင်း အခု အချိန်အခါတွင် အရှားပါးဆုံး အရာကို ပြပါဟုဆို လျှင် အချိန် ဟုသာ ပြောလိုက်ချင်သည်။
မည်သူမျှ ငြင်းဆန်နိုင်လိမ့် မည် မထင်ပါ။
ခေတ်ပညာများ တတ်မြောက်ဖို့၊ ခေတ်၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့၊ ပြောင်းလဲနေသော နည်းစနစ် အသစ်အသစ် များကို လေ့လာသုံးသပ်ဖို့ ၊ စားဝတ်နေရေး လူမှုရေး ၊ စီးပွားရေး စသည် စသည် အရေးကိစ္စ များကို ရင်ဆိုင် ဖြေရှင်းဖို့ရာ ၂၄ နာရီ ဆိုသော အချိန်ဟာ လုံလောက်မှု မရှိပါ။
အချိန်ဆိုတာက လည်း ကုန်သွားရင် ပြန်ရှာလို့ရကောင်းသော အရာ မဟုတ်။
ချေးလို့ ငှားလို့ လည်း မရနိုင်။
အချိန်ရဲ့ ဝိသေသ များကား ထုတ်ဖော်၍ ကုန်နိုင်မည် မထင်။
ကျွန်တော်က ငယ်ငယ် က စဉ်းစား မိတာ တစ်ခုရှိသည်။
စာထဲမှာ သင်ရတဲ့ တစ်ခါတုန်းက ဒိသာပါမောက္ခ တစ်ဦးထံတွင် မင်းညီမင်းသား အပါအဝင် တပည့်များစွာ သည် အဋ္ဌာရဿ တစ်ဆယ့်ရှစ်ရပ်သော ပညာများ ကို လာရောက်သင်ကြား ကြသည် ဆိုတာပေါ့ ဗျာ။
ဟာ ဒီဆရာ ကြီးက ၁၈ မျိုးလုံးကို တတ်နေတာပါလား။ တော်လှချည်လားလို့ ထင်မိတာပေါ့။
ကိုယ့်ကို ကိုယ်နဲ့ နှိုင်းပြီးတော့လည်း မဖြစ်နိုင်ဘူး လို့ယူဆထားခဲ့ဖူးတယ်လေ ။
ဘယ့်နှယ် ကိုယ်တွေမှာ က တစ်ဘာသာ နှစ်ဘာသာကိုမနည်း ဖင်ထောင်ပြီး ကျက်နေရတာ တောင်မရနိုင်တာ။
တစ်မျိုးလောက် ရ တော်ရောပေါ့ အခုက ၁၈ မျိုးတောင် ဆိုတော့ မဖြစ်နိုင်ဘူးပဲ တွက်ထားတာ။
ဒါတောင် ငယ်ငယ်တုန်းကနော်။
ခု ခေတ်များတော့ ကလေးတွေတောင် သနားမိတယ်။
Networking လေ့လာစမ်း အဆုံးမရှိ။
Human Resource လား သင်လိုက်ပါဦး ကွယ်။
Database Management လား။
Marketing လား။
Computer Science
Online Shopping
Advertisement
ကဲ လိုသေးရင် ထပ်ဖြည့်ပေးပါဦး
ကလေးက ဝါသနာ ပါရင်တော်သေး။
မပါရင်တော့ ဝဋ်ကြွေး တစ်ခုပဲ။
ကျွန်တော်လည်းအခု steemit မှာ ကြည့်ပါဦး။
အရင်က ဆို စာလေးဖတ်လိုက် tv လေးကြည့်လိုက် ကလေးတွေကို စာပြလိုက်
အင်္ဂလိပ်စာလေး လေ့လာလိုက် သီချင်းနားထောင်လိုက် msu promo post ကို upvote ပေး comment ရေး နဲ့ အေးဆေးပဲ။
steemit မှာ နည်းနည်းလောက် အောင်မြင်ချင်လို့ လေ့လာကြည့် လိုက်တယ်။
ဘုရား ဘုရား အပေါ်က ရာသီဥတုက ပြောင်းပြန် ဖြစ်သွားတယ်။
reputation လေး တက်လာအောင် ဆိုပြီး
upvote ပေးရ၊ comment ပေးရ၊ resteem လုပ်ရ၊ info တွေ လွတ်ကုန်မှာ စိုးလို့ အရေးကြီး post အသစ်တွေ ဖတ်ရ နဲ့။
နားမလည်ရင် ဆရာတွေ လိုက်မေးရသေးတယ် ခင်ဗျ။ ဆရာတွေကို မမေးဘဲ ကိုယ့်ဘာသာကိုယ် စဉ်းစားလိုက်လို့ကတော့ ခေါင်းမွေးဖြူပဲ။
ဆရာတွေ သွားမေးလိုက် ဒက်ခနဲပဲ။
ဉာဏ်ကလည်း အဲသလို ထက်တာ။
တစ်ခါ တစ်ခါ တော့ ကိုယ့် လောဘ ကြောင့် ကိုယ်လုပ်နေတာတွေ တန်ရဲ့လားတောင် မသိတော့ ပါဘူး ခင်ဗျာ။
ကိုယ့် ညီ ညီမတွေကို တော့ ဝါသနာ ကို အရင်းခံပြီးတော့ပဲ လုပ်စေတော့မယ်ဗျာ။
ဘဝ က ခဏလေးရယ်။
ရတဲ့ ဘဝလေးမှာ နည်းမှန် လမ်းမှန်နဲ့ ပျော်ပျော် နေနိုင်အောင် လုပ်ပေးနိုင်ရင်ပဲ ဒီဘဝ ကို ကျေနပ်လိုက်ပါပြီ။
Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022

#myanmar
#msu
အချိန်မရသူများအတွက် ဆရာ့သင်တန်းဆလိုက်တစ်ခုပါဗျာ။
ဟုတ် ဆရာ ကိုကျော်သူဟိန်းက တစ်ဆင့် သိရကတည်းက အရမ်း သဘောကျနေပေမဲ့ ကျနော် ရဲ့ အဓိက အခက်အခဲက ကျန်းမာရေးပါပဲ စိတ်သွားတိုင်း ကိုယ် မပါ နိုင်တဲ့ အခြေအနေပါ အခြေအနေပေးတဲ့ တစ်နေ့တော့ သင်ချင်ပါတယ် လောလောဆယ် ဆရာ တင်ထားတဲ့ post တွေ အကုန် ဖတ်ဖြစ်ဖို့ ကြိုးစားနေပါတယ် ကျေးဇူး အထူး တင်ပါတယ် ဆရာ
Try bro
လေ့လာလေ ကျယ်ပြန့်လေက ပညာပဲ
ဟုတ်ကဲ့
Congratulations @aggamun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
ရေးထားတာကောင်းပါတယ်။ ဘရို က အတော် active ဖြစ်ပါတယ်။ တစ်နေ့တော့ အောင်မြင်လာမှာပါ။
အား ပါး ဒီလောက်ကို active ဖြစ်တယ်လား
ကျနော်က အားမရသေးလို့ အချိန် ထပ်ဖဲ့နေတာ
ရေးထားတာ ကောင်းတယ်ဆိုလို့ ကျေးဇူးပါ ဒီထက်ကောင်းအောင် ကြိုးစား နေပါတယ် ခင်ဗျ
အင်း ကျွန်တော့်ပိုစ့်မှာတော့ ဘရို့ comment တွေတွေ့နေရတယ်လေ။ အခြားပိုစ့်တွေတော့ မပြောတတ်ဖူး။ ကျွန်တော်ကတော့ abh12345 ရဲ့ curation and engagement league မှာ ဝင်ပါထားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တစ်ပတ်ကို comment ဘယ်လောက်ပေးလဲ။ upvote ဘယ်လောက်ပေးလဲ ဆိုတာ သိရတာပေါ့။
ဆုကတော့ မရလဲ ကိစ္စမရှိပါဘူး
ဒါဆို ကျနော်လည်း join လိုက်မယ် bro
တခြားလုပ်ချင်တာတွေ လည်းရှိပါသေးတယ် ဘဒိုကြီးကို တိုင်ပင်ဦးမယ် 😀
ဆက်လက့်အားပေးနေပါတယ်ဆှာ💪
ဆက်လက်အားပေးနေတော့ အားရှိတာပေါ့ ဘဒို နောက်ကစကားလုံးကြီးကတော့ ကြက်သီးထလတ်ထှာဗျာ မလုပ်ပါနဲ့ 😀
ဟုဟု😁😁
အသိတရားရားတစ်ခုရလိုက်ပါတယ်ကိုကြီးရေ
👍 👍
up