ဘယ်တော့များမှ

in #myanmar7 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


6imdlvhb22.png


အချိန်တို့သည် တရွှေ့ရွှေ့နှင့်ကုန်ဆုံးသွားကြလေပြီ။ ကျွန်ုပ်အနေဖြင့် Steemit Platform ကြီးကို မျက်စိလည် ရောက်ရှိလာခဲ့သည်မှာလည်း ရက် မှ လ၊ လ မှ နှစ် သို့ကူးခဲ့သည်မှာ နှစ်ခါလည်သားပင်ကျော်လာခဲ့ပါပြီ။ သုည မှစပြီး Post များကို ရေးတင်ခဲ့သည်မှာလည်း မနည်းမနောရှိနေခဲ့ပါပြီ။ Steemit Platform မှာ ဒီလောက်ဆိုရင် သမိုင်းမှတ်တိုင်တစ်ခုလောက်တော့ စို်က်ထူနိုင်လောက်ပြီဟု မျှော်လင့်ရပါသည်။ ဟုတ်သည် မဟုတ်သည် အပထား၊ ကိုယ့်အလုပ်ကိုတော့ ကျေနပ်နေခဲ့မိပါပြီ။ အခြားသောသူများလည်း ထို့အတူခံစားနေကြရမည်လား တော့ မသိပါ။ Facebook ထက် ကိုယ်တိုင်ဖန်တီးနိုင်စွမ်းအားကို ညှစ်ထုတ်ပေးတတ်သောကြောင့် Steemit Platform ကြီးကို နှစ်ခြိုက်ခဲ့မိပါတယ်။ Facebook မှာက အလွယ်တကူ Copy and Paste လုပ်ပြီး Credit လေးပေးရုံမျှဖြင့် Post တွေတင်နိုင်ပေမယ့် Steemit Platform မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး Post တင်နိုင်ပါမှ Cheetah လက်က ပြေးလွတ်နိုင်ပါမည်။ ကိုယ်တိုင်ဖန်တီးချက်လေးတွေကို ကိုယ့်အမှတ်အသားနဲ့ Post တင်ရတာ ပိုပြီး ကြည်နူးစရာဖြစ်လို့ Post တစ်ခုရေးတင်ပြီးတိုင်း အားရကျေနပ်ဖူးခဲ့ပါသည်။ ဒီလိုနဲ့ပဲ အချိန်တွေလည်း တဖြည်းဖြည်းကုန်လာခဲ့ပါပြီ။ အသက်တွေလည်း တဖြည်းဖြည်းကြီးရင့်လာခဲ့သလို Steemit Platform ပေါ်က သက်တမ်းတွေလည်းရင့်လာခဲ့ရပါပြီ။ Facebook ထက် Steemit ကို ပိုမိုခင်တွယ်ခဲ့မိတာကို လည်း ၀န်ခံရပေမည်။ ချစ်စရာကောင်းသော Steemit Platform ဆိုတာကိုလည်း မေ့မရပါ။ ထိုက်သင့်တဲ့ ငွေကြေးလေးတွေလည်း ကိုင်ထားနိုင်ခဲ့ပါသည်။


<centererwbjqjhrn.png>


Steemit Platform ကြီးသည်လည်း အချိန်နှင့်အမျှ အောင်မြင်စေဖို့အတွက် Steemit Blockchain ကို အခြေခံကာ Token များစွာသည်လည်း မျက်စိလယ်၊ မျက်စိနောက်လောက်အောင် အများအပြားဖြစ်ထွန်း ပေါ်ပေါက်လာနေပါပြီ။ နောက်ထပ် နောက်ထပ် ပေါ်ပေါက်လာစရာ Token ပေါင်းများစွာသည်လည်း ကျန်ရှိ နေပါသေးသည်။ ကြာတော့လည်း ဘယ် Token ကို ဘယ်လို စုဆောင်းရမယ်မှန်း ကျွန်ုပ်အနေနဲ့ မသိတော့ပါ။ ကိုယ်နဲ့ကိုက်ညီနိုင်တဲ့ Token မှန်သမျှကိုလည်း မလွတ်တမ်း လိုက်ဖမ်းနေမိပါသည်။ ရတာတွေရှိသလို မရတဲ့ Token တွေလည်း ရှိနေဆဲ၊ ရှိနေအုံးမည်ဖြစ်ပါသည်။ ချစ်မိတ်ဆွေများလည်း ကျွန်ုပ်ကဲ့သို့ပင် ဖြစ်နေလိမ့်မည် ဟု ထင်ပါသည်။ Facebook သုံးနေစဉ်အခါက Coin, Token, Airdrop ဆိုသော စကားလုံးများအား မကြားဖူးခဲ့ပါ။ ခုတော့ နေ့စဉ်နဲ့အမျှ ထိုစကားလုံးများအား ကြားရ၊ မြင်ရ၊ တွေ့ရ၊ ရှာရ နှင့် မအားမလပ်ပင် ဖြစ်လာခဲ့ပါသည်။ ဘယ်တော့များမှ အောင်မြင်မည်မသိသော်လည်း Wallet တစ်လှည့်စီ အပြေးအလွှား ကြည့်ရတာကိုပင် စွဲလမ်းနေခဲ့သည်မှာ လပေါင်းအတော်ကြာခဲ့ပြီ ထင်ပါသည်။ တစ်ချို့ တစ်ချို့သာ Token များသည် ကိုယ်နှင့်မကိုက်ညီနိုင်ဟု ထင်လျှင် ၀င်မလုပ်ဖြစ်သော အမျိုးအစားအများအပြားပင် ရှိနေသေး ပါသည်။ Steemit Wallet, Steem Engine Wallet, PAL Wallet, LEO Wallet, SNAX Wallet, Hunt Wallet စသည့် Wallet များကတော့ ကိုက်ညီနိုင်သည်ဟု ယူဆခဲ့သည့်အတွက် ကျွန်ုပ်တွင် ပိုင်ဆိုင်မှုအနည်းငယ် ရှိနေခဲ့ပါပြီ။ ဟိုကလာပေး ဒီကလာပေးနှင့် ပေးလာကြသော Token များသည်လည်းကောင်း၊ ဟိုကရှာ ဒီကရှာနှင့် တိုးဝှေ့ ရယူထားသော Token များသည်လည်းကောင်း တစ်နေ့ထက် တစ်နေ့ တိုးပွားများပြားလာခဲ့ သည်ကို ငြင်းမရနိုင်ဖြစ်နေခဲ့လေပြီ။



howhfehk77.png


ကျွန်ုပ်တို့၏ Steemit Wallet ၏ Estimate Vale က တစ်နေ့တစ်ခြား ကျကျလာသော်လည်း Steemit Blockchin ကိုအခြေခံပြီး Steem နဲ့ လဲလှယ်လို့ရတဲ့ Platform များစွာရဲ့ အခြားသော Wallet များ ပေါ်လာ နေပါသည်။ ကျွန်ုပ်တို့ ပိုင်ဆိုင်နိုင်သော Wallet များစွာသည်လည်း ပိုပိုများပြားလာနေပါသည်။ ထိုအရာသည် ပင်လျှင် Steemit Platform ကြီးကို အောင်မြင်အောင် ပံ့ပိုးနေသည်ကို မြင်ရပါသည်။ မကြာမီကာလမှာ ကျွန်ုပ်တို့ ပိုင်ဆိုင်ထားသော Steemit Wallet ရဲ့ တန်ဖိုးသည်လည်း မြင့်တက်လာတော့မည်ဟု ယူဆရပါ သည်။ ဤအရာများသည်ကား ကျွန်ုပ်၏ ထင်မြင်ယူဆချက်များသာဖြစ်ပါသောကြောင့် အမှားအယွင်းဖြစ်နိုင်ပါ သည်။ သို့သော်လည်း ကျွန်ုပ်အနေဖြင့်မူ Steemit Wallet ကြီး၏ တန်ဖိုးသည် မကြာမီကာလအတွင်းမှာ မြင့်တက်လာမည်ဟု ယုံကြည်မိပါသည်။ ထိုမကြာမီဆိုသောစကားလုံးသည်ကား ဘယ်တော့မှန်း ဘယ်အချိန် မှန်းတော့ သေချာမသိနိုင်ပါချေ။ ဆရာများလည်း သိနိုင်ဖို့လွယ်မည်မထင်ပါ။ ယခုပင်လျှင် ကျွန်ုပ်အနေဖြင့် eSteem 2.1.0 Sufer ကိုရော eSteem Mobile APK ကိုရော သုံးသည့်အတွက် eSteem အဖွဲ့မှ ပြန်လည် ပေးထားသည့် Reward Point များ လို့ပြောရမလား၊ ESTM Token များလို့ပြောရမလား အဲဒါများ ၊ Dtube မှပေးထားသော DTC Token များရော၊ SNAX မှ ချီးမြှင့်ထားသော Snax Token များပါမကျန် အခြားအလကား မတ်တင်းနှင့် ရလာသမျှသော Token များသည် အလွန်ပင်များပြားလာနေပြီဖြစ်ရာ Token တွေသာ 1$ နှင့်ညီမျှခဲ့လျှင်ဆိုသည့် စိတ်ကူးလေးဖြင့် အလွန်ကြည်နူးနေမိပါ၏။ ကျွန်ုပ်၏ စိတ်ကူးထဲ၌ သန်းကြွယ်သူဌေးကြီးတစ်ဦးအလား ထင်မှတ်ကာ ညည အိပ်မက်များပင်မက်နေခဲ့သည်။ အိပ်မက်ထဲက အတိုင်းဖြစ်လာလို့ကတော့… အင်း - ဒါလည်း ဘယ်တော့များမှ …


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

16-7-2019 အင်္ဂါနေ့(Tuesday)

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးတင်ပါတယ်ဗျာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks for supporting.

ကြည်နူးရင့်ဖြင့်သာ ယဉ်ယဉ်လေး ရူးမသွားဖို့သာ လိုတော့သည်😁😁😁

Posted using Partiko Android

ယဉ်ယဉ်လေးဆိုတော်သေး မတော် ပုဆိုးမပါဗလာကိုယ်ထည်နဲ့ လမ်းပေါ်လျှောက်ပြေးနေမှဖြင့် ☺

ဖတ်ရင်းနဲ့ ကြည်နူးတာ ၁ဒေါ်လာအထက်များဖြစ်ခဲ့
အတိုင်းအထက်အလွန်ပ ကိုစိုးရ