MetaMask wallet နှင့် Binance Smart Chain ချိတ်ဆက်ခြင်း

in #myanmar4 years ago

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ....

metamask.png

မနေ့ကစိတ်ကူးပေါက်ပြီး Binance အကြောင်းသိချင်စိတ်၊ Binance Liquid Swap အကြောင်းကိုသိချင်စိတ်ကြောင့် Post တင်ပြီးမေးခဲ့ပါတယ်။ Binance အကြောင်းကိုလည်း အမှန်တကယ်ကို ပြည့်ပြည့်စုံစုံနားလည်အောင် ကြိုးစားချင်လာမိတယ်။ အကျိုးအမြတ်လည်းရမယ်ထင်မိလို့လည်းပါသလို အခြား Trading Site တွေကို နားမလည်တာလည်းပါတယ်။ ဒီနေ့ ရေးချင်တာကတော့ မကြာသေးမီကမှ တွေ့ထားခဲ့တဲ့ *** MetaMask*** နဲ့ Binance ကိုချိတ်ဆက်အသုံးပြုနိုင်တာလေးပါ။(သူများတွေက သုံးနေတာနှစ်ပေါက်နေလောက်ပါပြီ☺ သိပြီးသူဆရာများ ကျော်ခွသွားနိုင်ပါတယ်ခင်မြ ☺) ကျွန်တော်ကဲ့သို့သော မသိသေးသူများအတွက်ရည်ရွယ်ပါတယ်။ အသုံးဝင်နိုင်သလို လွယ်လွယ်ကူကူ အသုံးပြုနိုင်မယ်လို့လည်းထင်လို့မိတ်ဆွေများကိုလည်း မျှဝေချင်စိတ်ဖြစ်မိတာကြောင့် Post တင်ရေးလိုက်ခြင်းဖြစ်ပါတယ်။ သိလို့ တတ်လို့မဟုတ်ပဲ မျှဝေချင်စိတ်ကြောင့်သာ Post တင်ခြင်းဖြစ်တဲ့အတွက် အမှားအယွင်းများပါလာခဲ့ရင် ထောက်ပြပြုပြင်ပေးကြဖို့လည်း တောင်းပန်အပ်ပါတယ်။ MetaMask ကို မိတ်ဆွေတွေ သိပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အများအားဖြင့်တော့ Chrome Browser မှာအသုံးပြုမယ်ဆိုတာကိုလည်း မှတ်မိနေကြအုံးမယ်ထင်ပါတယ်။ MetaMask ကို Install မလုပ်ရသေးရင် အရင်ဦးဆုံးအနေနဲ့ MetaMask ကို Chrome Browser မှာ Install လုပ်လိုက်ပါ။ အောက်က Link ကနေ ထည့်သွင်းနိုင်ပါတယ်။

https://chrome.google.com/webstore/detail/metamask/nkbihfbeogaeaoehlefnkodbefgpgknn/related?hl=en

ဒါမှမဟုတ် အောက်က Link ကနေ ဒေါင်းပါ။

https://metamask.io/download.html

Install လုပ်တာကိုတော့ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ အသေးစိတ်ကိုတော့ မရေးတော့ဘူးနော်။ အရေးကြီးတာကတော့ ထုံးစံအတိုင်း မှတ်ထားရမယ့် အရာတွေ ကိုတော့ သေသေချာချာမှတ်ထားဖို့လိုအပ်ပါတယ်။

Screenshot_32.png
------------------------------
----------------------------------

Screenshot_33.png


Screenshot_34.png


ဒါဆိုရင်တော့ MetaMask ထည့်သွင်းတာအောင်မြင်သွားပြီဖြစ်ပါတယ်။

Screenshot_35.png


*** Browser*** မှာ MetaMask ကိုထည့်သွင်းပြီးသွားပြီဆိုရင်တော့ နောက်ဆစ်ဆင့်တက်ကြတာပေါ့။


Binance ကိုလူအများက ဘာ့ကြောင့်သုံးကြသလဲ? ဆိုတော့ Fee ကြေးသက်သာလို့ဖြစ်မယ်ထင်ပါတယ်။ နောက်အဆင့်တွေအတွက် နောက်ရက်မှာ ဆက်ရေးတင်ပါမယ်။ ဒီနေ့တော့ အလုပ်ကလေးပေါ်လာတာကတစ်မျိုး Post လေးခွဲတင်လိုတာက တစ်ဖုံမို့လို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါခင်ဗျာ။

အားလုံးကို လေးစားလျှက်

@ansoe

ansoe hive logo.png

Sort:  

ခင်မြ က Metamask ကို Binance Smart Chain နဲ့ မချိတ်ဆတ်ရသေးဘဲ ပို့စ်ကို ရပ်ပစ်လိုက်တော့ နောက်နေ့မှ ဆက်ဖတ် ဟုတ်လား။
!PIZZA

Connect

Trade


@ansoe! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Learn more about $PIZZA Token at hive.pizza (6/10)

ခေတ်ကာလကြီးက မကောင်းလေတော့ ကုန်ကြမ်းတွေကလည်းအလွန်ရှားပါးလို့ နားလည်ပေးပါနော် ဥဥ ရယ် ☺

အင့် တန်းလန်းကြီး

ဟု တန်းလန်းလေးကဒွတ်ခတော့အတော်ပေးသဗျ ဦးထွေးရ ☺

နောက်ပိုင်း Trade ဖစ်ရင်လည်း ပညာလေးတွေ မျှပါခင်ဗျာ