စာလုံးပေါင်းမှန်စေချင်

in #myanmar8 years ago (edited)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မိခင်မြန်မာစာသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ရုံးသုံး ဘာသာစကားဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ယခုကဲ့သို့ Steemit Platform တွင် စာများရေးသားကြရာတွင် တတ်နိုင်သမျှ စာအရေးသားများ၊ စာလုံးပေါင်းသတ်ပုံများကို မှန်ကန်အောင်ရေးသားသင့် သည်ဟု ထင်ပါသည်။ ကျွန်တော်တို့ ရေးသားထားခဲ့သော Post များသည် ပျောက်ပျက်သွား မည် မဟုတ်ပါ။ Steemit Platform တည်ရှိနေသမျှ၊ မပျက်စီးသေးသမျှ ရှိနေဦးမည် ဖြစ်ပါသည်။ ကျွန်တော်တို့ ရေးသားထားသောစာများသည် မှားယွင်းသော စာလုံးပေါင်း သတ်ပုံများသည် နောင်တစ်ချိန်တွင် မျိုးဆက်သစ်လူငယ်လေးများ ဖတ်ရှုမိပါက မှားယွင်းသော စာလုံးပေါင်းများကို အမှန်ထင်မြင်ယူဆသွားနိုင်သည်က တစ်ကြောင်း၊ တတ်သိနားလည်သောသူများ ဖတ်ရှုမိပါက ကဲ့ရဲ့စရာဖြစ်လာမည်ကတစ်ကြောင်း၊ အခြားသောနိုင်ငံများမှ မြန်မာစာပေအား လေ့လာနေသောသူများက ဖတ်ရှု မှတ်သားရာတွင် မှားယွင်းသောအရေးအသားများအား မှတ်သားသွားမိမည်ကိုစိုးသောကြောင့်လည်းကောင်း ကျွန်တော်တို့၏ စာများအား အတတ်နိုင်ဆုံး မှန်ကန်အောင်ရေးသားသင့်ပါသည်။ ပြီးလွယ် စီးလွယ် အလွယ်တကူရေးသားလိုက်ကြသော စာများသည် ကျွန်တော်တို့၏ မိခင်ဘာသာစကားအား အဆိပ်ခပ်လိုက်သည်နှင့် တူနေမည်ကိုလည်း စိုးရိမ်မိပါသည်။ ထို့ကြောင့် စာလုံးပေါင်းများ မှန်ကန်အောင် ဂရုစိုက်စေလိုသော စေတနာဖြင့် ယခုဆောင်းပါး အား ရေးသားလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်သည်လည်း စာရေးဆရာတစ်ဦးမဟုတ် သကဲ့သို့ မြန်မာစာပါမောက္ခတစ်ဦး၊ မြန်မာစာကျွမ်းကျင်သူတစ်ဦး မဟုတ်ပါ။ ကျွန်တော်တို့ သည် SBD များရလိုကြသဖြင့် စာရေးကြခြင်းဖြစ်ရာ စာရေးဆရာများလည်း ၀င်ရောက်လာ နေကြပြီဖြစ်သောကြောင့် စာအရေးအသားများအား လေ့လာခြင်းဖြင့် စာလုံးပေါင်းသတ်ပုံများ မှန်ကန်စေလိုသော စေတနာဖြင့် ရေးသားခြင်းဖြစ်ပါသည်။


010.png


ကျွန်တော်တို့သည် စာများအား အမြဲတမ်းရေးသားနေကြသော စာရေးဆရာများ မဟုတ်ကြသည့်အတွက် အမှားအယွင်း ရှိကြမည်ဖြစ်ပါသည်။ သို့သော် တတ်နိုင်သမျှ အမှားနည်းအောင် ကြိုးစားသင့်သည်မဟုတ်ပါလား။ သို့မှသာ ကျွန်တော်တို့၏ မိခင်ဘာသာ စကားသည်လည်း ဂုဏ်ရှိစွာ ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ကျွန်တော်တို့စာများကို ရေးသားကြရာတွင် စကားပြေ အနေဖြင့် ရေးသားကြသကဲ့သို့ စကားပြောပုံစံများဖြင့်လည်း ရေးသားကြသည်ကို တွေ့မြင်ရပါ သည်။ သို့သော် အချို့သော post များတွင် စာလုံးပေါင်း သတ်ပုံများ အလွန်မှားယွင်းနေကြ သည်ကို ဖတ်ရှုမိပါသည်။ အခြားသော အကြောင်းအရာများကို မှန်ခြင်း မမှန်ခြင်းထက် စာလုံး ပေါင်းသတ်ပုံ မမှန်ခြင်းသည် အလွန်ပင် အရုပ်ဆိုးလှပါသည်။ ကျွန်တော်သည်လည်း စာလုံး ပေါင်းအားလုံးကို မှန်ကန်အောင် ရေးသားနိုင်ခြင်းမရှိသေးပါ။ သိထားသမျှမှ မှန်ကန်အောင် ရေးသားပါသည်။ MSC အဖွဲ့သားများအားလုံးကိုလည်း မှန်ကန်အောင် ရေးသားစေချင်ပါ သည်။ ကျွန်တော့်၏ ဖြစ်လိုသောဆန္ဒသာဖြစ်ပါသည်။ စာလုံးပေါင်းမှန်ရန်မှာ စာများများဖတ်၊ ရေးသားထားပုံများအား လေ့လာလျှင် ခဏနှင့် အမှား အမှန်ကို သိနိုင်ပါသည်။ လေ့လာကြပါ။ မိခင်ဘာသာစကားအား တိုးတက်အောင် မြှင့်တင်ပေးကြပါဟုလည်း တိုက်တွန်းလိုပါသည်။ ယနေ့ ဆိုရှယ်မီဒီယာများ ပေါ်ပေါက်လာသောအခါတွင် မြန်မာစာများသည် ပျက်စီးခြင်းသို့ ဆိုက်ရောက်ကုန်ကြလေသည်။ ဘန်းစကားများနှင့်ရောနှောခြင်းဖြင့် မြန်မာစာလုံးပေါင်း သတ်ပုံများကို အမှန်မသိဖြစ်ကုန်ကြလေသည်။ သတင်းစာများ၊ ဂျာနယ်များတွင်ပင် စကားလုံးအထားအသို အဖြတ်အတောက်များ မှားယွင်းတတ်ကြပေသည်။ စကားလေးတစ်ခွန်းလောက်လည်း လက်ဆောင်ပါးချင်ပါသည်။ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ အဲဘက်အိုင်းစတိုင်း ပြောကြားခဲ့ဘူးသော စကားဟုထင်ပါသည်။


"ကမ္ဘာကြီးက မကောင်းလုပ်သူတွေကြောင့် ပျက်စီးသွားမှာမဟုတ်ပါဘူး... မကောင်းလုပ်နေသူတွေ မကောင်းလုပ်နေတာကို မြင်နေလျက်နဲ့ လက်ပိုက်ကြည့်နေသူတွေကြောင့်သာ ပျက်စီးမှာပါ..." လို့ပြောခဲ့ဘူးပါသတဲ့....


"အဲဒီလိုပါပဲ ကျွန်တော်တို့ မြန်မာစာအရေးအသားတွေ မှားယွင်းနေကြတာကို မှားယွင်းနေသူတွေကြောင့် ပျက်စီးသွားမှာ မဟုတ်ပါဘူး... မှားနေမှန်းသိလျက်နဲ့ လက်ပိုက်ကြည့်နေသူတွေကြောင့် မြန်မာစာ ပျက်စီးသွားမှာပါ..." လို့ ပြောချင်မိတယ်ဗျာ... ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်သာဖြစ်လို့ သဘောထားများ မတိုက်ဆိုင်ခဲ့ပါမူ သည်းခံကြပါ... လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည် လို့ ပြောရမယ်ဗျ...


09.png


စာများရေးသားကြရာတွင် ၀ါကျသည်အလွန်အရေးကြီးပါသည်။ စာလုံးများ၊ စကားများအား ပြေပြေပြစ်ပြစ်ဖတ်နိုင်ရန်၊ ဖတ်ပြီးစာအား အဓိပ္ပါယ်နားလည်စေရန်အတွက် စာလုံးပေါင်း မှန်ကန်မှသာ စာရေးသူ၏ ရည်ရွယ်ချက်အောင်မြင်နိုင်ပါသည်။ စာရေးသားကြရာတွင် စာရေးသူ၏ ရည်ရွယ်ချက်အား စာဖတ်သူများမှ နားလည်နိုင်အောင် ရေးသားကြရပေသည်။ ရေးသားထားသော်လည်း ဖတ်ရှုသူများနားမလည်ပါက အကျိုးမရှိဖြစ်ပေမည်။ စာပိုဒ် တစ်ပိုဒ် စာကြောင်း တစ်ကြောင်းတည်းဖြင့် မိမိရေးသောစာ၏ ရည်ရွယ်ချက်ကို နားလည်ရန် မဖြစ်နိုင်ပါချေ။ ထို့ကြောင့် စာကြောင်းများ၊ စာပိုဒ်များ ဖွဲ့စည်းကာ ရေးသားကြရခြင်း ဖြစ်ပေသည်။ စာကြောင်းတစ်ကြောင်း၊ စာပိုဒ်တစ်ပိုဒ်မှတစ်ဆင့် မိမိတို့ရေးသားလိုသော ရည်ရွယ်ချက်အကြမ်းဖျင်း နားလည်လာနိုင်ကြမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာစာအရေး အသားများတိုးတက်လာရန်အတွက် ရသစာပေများအား အလေးထား ဖတ်သားပေးသင့်ပါ သည်။ မိမိရေးသားလိုသော ရည်ရွယ်ချက်အပေါ်တွင်မူတည်ပြီး ရေးသားပုံ ရေးသားနည်းများ လည်းကွာခြားသွားနိုင်ပါသည်။ ၀ါကျအမျိုးမျိုးဖြင့် ပြောင်းလဲဖွဲ့ဆိုတတ်ကြပါသည်။ ၀ါကျတိုခြင်း၊ ၀ါကျရှည်ခြင်းများလည်း ကွဲပြားနိုင်ပါသည်။ လေ့လာမှတ်သားခြင်းဖြင့် မိမိတို့၏ မိခင်ဘာသာစကားအား မြင့်တင်သင့်သည်ဟုလည်း မြင်မိပါသည်။ မြန်မာစာပေအရေးအသားများကိုလည်း နိုင်ငံတကာအလယ်တွင် မျက်နှာပန်းတင့်တင့်ဖြင့် ဂုဏ်ဝင့်ထည်ကာ ရပ်တည်နေစေချင်ပါသည်။ ကျွန်တော်သည်လည်း ယနေ့အချိန်ထိ စာလုံးပေါင်းများ မှားယွင်းနေဆဲဖြစ်ပါသည်။ ထို့ကြောင့်လည်း လေ့လာနေရဆဲဖြစ်ပါသည်။


08.png


ကျွန်တော်တို့က မြန်မာစာကို အလေးထားကြမှသာ အခြားသူများကလည်း လေးစားကြမှာဖြစ်ပါသည်။ အင်္ဂလိပ်စာအရေးအသားတွင် စာလုံးတစ်လုံးမှ မှားယွင်းမရနိုင်ကြောင်း လူတိုင်းသိကြပါသည်။ အင်မတန်လည်း ဂရုစိုက်ရေးသားကြပါသည်။ သို့သော် မြန်မာစာအား ရေးသားကြသောအခါတွင်မူ အလွယ်တကူ အမှားအယွင်းများစွာနှင့် ရေးသားတတ်ကြသည်ကို အမြဲလိုလို တွေ့မြင်နေရပါသည်။ စာရေးကြရာတွင် ကျွန်တော်တို့အနေဖြင့် စာရေးဆရာများရေးသားသည့် စာရေးခြင်းများအား အတုခိုးရေးသားတတ်ကြသည်ကိုလည်း သိရှိကြမည်ထင်ပါသည်။ စာရေးဆရာကြီးများ ရေးသား ထားသောစာများနှင့် ကျွန်တော်တို့ရေးသားသောစာများသည် နှိုင်းယှဉ်နိုင်မည် မဟုတ်ကြသေးပါ။ နှိုင်းယှဉ်ရန်လည်း မဖြစ်နိုင်ပါ။ သို့သော် ကျွန်တော်တို့လုပ်နိုင်သည့်အလုပ် သည် ကျွန်တော်တို့ ရေးသားသော စာများအား စာလုံးပေါင်းသတ်ပုံများ မှန်ကန်အောင် အတတ်နိုင်ဆုံးကြိုးစားကြခြင်းပင်ဖြစ်ပါသည်။ အချို့သော post များတွင် မှားယွင်းမှုအများ အပြားကိုတွေ့မြင်ရပါသည်။ မိမိတို့ရေးသောစာများအား မိမိတို့ကိုယ်တိုင်ပင် ပြန်မှ ဖတ်ကြည့် ကြပါသလောဟုပင် သံသယ ၀င်စရာပင်ဖြစ်ပါသည်။ Promotion အား အပြေးအလွှားတင်ပြီး ပြန်လှည့်မကြည့်ကြသောသူများကိုလည်း မြင်နေရပါသည်။ ပူးပေါင်းဆောင်ရွက်ကြပါရန်လည်းတိုက်တွန်းလိုပါသည်။ ပြုပြင်ရန်၊ ပြောင်းလဲရေးသားရန်အတွက် ကျွန်တော်တို့တွင် အချိန် (၇)ရက် ရပါသည်။ ထိုအတောအတွင်း အမှားအယွင်း စာများပါရှိ နေပါက လူတိုင်းအား ထောက်ပြပေးကြရန်လိုပါသည်။ မည်သူ့ကိုမဆို ထောက်ပြ ပေးသင့်ပါသည်။ သို့မှလည်း စာလုံးအမှန်များရရှိလာမည်ဖြစ်ပြီး နောင်တစ်ချိန် မိမိတို့၏ စာများအား မိမိတို့ကိုယ်တိုင် ပြန်လည်ဖတ်ကြည့်သောအခါတွင်ဖြစ်စေ၊ အခြားသူများမှ ၀င်ရောက်ဖတ်ရှုမိသည်ဖြစ်စေ မှားယွင်းနေသော စာများအား ဖတ်ရှုရခြင်းမှ ကင်းဝေးကြမည် ဖြစ်ပါသည်။ မိမိရေးထားသော မှားယွင်းနေသည့်စာများအား တစိမ့်စိမ့်ကြည့်ကာ နောင်တမရ မိကြစေရန်အတွက် ယခုကပင် သတ်ပုံအမှန်များ ရေးသားနိုင်ရန်အတွက် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရင်းဖြင့် ရပ်နားလိုက်ပါသည်။ ထပ်မံရေးသားချင်ပါသေးသည်။


07.png


ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့မှ ထုတ်ဝေထားသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း (Pdf File)အား တင်ပေးလိုက်ပါသည်။ လိုအပ်သောသူများ ဒေါင်းယူထားကြပါကုန်။ မကြာမီက တင်ပေးခဲ့ဘူးသော မြန်မာစာ မြန်မာစကား Pdf File ကိုလည်း ထပ်မံ တင်ပေးလိုက်ပါသည်။ မြန်မာစာပေအရေးအသားများ တိုးတက်စေလိုသောဆန္ဒဖြင့် မျှဝေပေးခြင်းသာဖြစ်ပါတယ်ဗျာ...


မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဒေါင်းယူရန် Link


https://drive.google.com/open?id=1LkYlk4OkhwE5hGI_OGtN6AwqsNtpXmdf


မြန်မာစာ မြန်မာစကား ဒေါင်းယူရန် Link


https://drive.google.com/open?id=1xnOfiP_RWwkkReQBbJZYFMG6m9MMkh4E


ကြော်ငြာ မပါပါဘူး... လိုအပ်သူများ အလွယ်တကူ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ....



Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

26-Feb-2018 တနင်္လာနေ့(Monday)

Sort:  

တတ်နိုင်သလောက်မှန်အောင်ဂရုတစိုက်ပြုပြင်ပါ့မယ်ခင်ဗျ။ကျေးဇူးပါအစ်ကိုစိုးရေ။

ကြိုးစားသင့်ပါတဟ်ဗျာ ကျွန်တော်တို့လည်း မှန်အောင် လေ့လာနေရဆဲပါပဲ

ကျေးဇူးအရမ်းတင်ပါတယ်ဗျာ ကျွန်တော်လိုချင်တာလေးတွေ ရလိုက်လို့ 

အဆင်ပြေပါစေဗျာ အထောက်အကူဖြစ်မယ်ဆို အပင်ပန်းခံရကျိုးနပ်တာပေါ့

ကျေးဇူးပါ အကိုရေ...
ကျွန်တော်တို့ သတိထားရမယ့်အရာတွေပါ...
စာရေးရာမှာအများကြီး အထောကိအကူဖြစ်မှာသေချာပါတယ်

အမှားအယွင်းနည်းအောင်တော့ကြိုးစားကြတာပေါ့ကျေးဇူးတင်ပါတယ်ဗျာ

ကျေးဇူးတင်ပါတယ် ကိုစိုး အထောက်အပံ့တစ်ခုဖြစ်ပါတယ်

အထောက်အပံ့တစ်ခုဖြစ်တယ်ဆိုလို့ ၀မ်းသာပါတယ် ပင်ပန်းရကျိုးလည်းနပ်ပါတယ်ဗျာ

တတ်နိုင်သမျှတော့ စာလုံးပေါင်း၊ သတ်ပုံ ၊ ပုဒ်ဖျက်၊ ပုဒ်ရပ်နှင့် ပုဒ်မချတာတွေ ကြိုးစား ကြည့်ရေးနေပါတယ်ဗျ။ ခုရေးထားရော မှန်ရဲ့လား ပြောပေးပါဦး။

မှန်ပါတယ် မှန်ပါတယ် ကျွန်တော်လည်း မှန်အောင်ကြိုးစားနေဆဲပါခင်ဗျာ

မြန်မာစာလုံးကို တစ်ခါတစ်လေ နေရာမှန်အောင်မသုံးတတ်သေးဘူးဗျာ ကျေးဇူးပါကိုစိုး

လေ့လာသင်ယူနေကြရဆဲပဲဖြစ်ပါတယ်လေ အကောင်းဆုံးမဟုတ်တောင် အဆိုးဆုံးမဖြစ်အောင် ကြိုးစားကြတာပေါ့

အလွန်ကောင်းတဲ့ support ပါပဲ ကိုစိုးရေ ။

ကျေးဇူးကွှီးရွှေ

ကိုစိုးသားသားကိုပြောတာလားဟင်

အားလုံး အားလုံးပါ ငါလည်းပါတယ်

ကြိုးစားပြီးမှန်အောင် ရေးပါ့မယ်ကိုစိုးရေ ။ ကျေးဇူးပါဗျ

ရေးရမှာပါ ဒါမှလည်းထိန်းသိမ်းရာရောက်မှာ ငါလည်းလေ့လာနေရဆဲပဲ

ကြိုးစားပါမယ် ရှင့်

ကြိုးစားနေရဆဲပါပဲ

ဒါ​တွေဖတ်​သင့်​တာပဲ အကျိုးရှိ​လေစွ ဥဥ

နီအမှားဆုံးဖြစ်မယ်

သား က မှုးမှုး​နေလို့ပါ ဥဥ မှားတာဟုဘူး မှားရိုက်​တာ

စမိက fb စကား အသုံးများနေ ပြင်ပါမယ် အကိုစိုး😊😊

သုံးချင်တော့ဘူး အကုသိုလ်များလွန်းလို့

အတတ်နိုင်ဆုံး မှန်အောင် ကြိုးစားနေဆဲပါ ။

ကြိုးစားနေရဆဲပါလေ

‌ကျေးဇူးကြီးမားလှပါတယ်‌။pdfကို down ထားလိုက်‌ပါ့မယ်‌ဆရာစိုး။

ဒေါင်းထားရုံနဲ့တော့မဖြစ်နိုင်သေး လေ့လာပြုပြင်နိုင်မှ တော်ကာကျမယ်

စာလုံး​ပေါင်းသတ်​ပုံမှန်​ဖို.အ​ရေးကြီးပါတယ်​။ပို့စ်​အတွက်​​ကျေးဇူးပါ။

အရေးကြီးမှန်းသိတယ်ဆိုရင်ကို တော်ပါပေတယ်ဗျာ

apk တွေတော့ down ပြီ အစ်ကိုရယ် ကျေးဇူးပါဗျ

pdf ပါ apk မဟုတ်ပါဘူးလေ

sorryပါ ကိုစိုးရယ် ပြောဖို့လောသွားတာနဲ့ apk နဲ့ pdf လွှဲသွားခဲ့ရပါပြီဗျ

မြန်မာစာမြန်မာစကားဆိုတဲ့အစီအစဉ်လေးလာတုန်းကတော်တော်လေးကိုကောင်းတယ်ဗျ အကိုစိုးလည်း အဲ့ဒီလို မျှဝေပေးလို့ လေ့လာနိုင်သလောက်ပြန်လေ့လာမယ် ကျနော်ကတော့အမြဲမှားနေတယ် အယူအဆပေါ့ စာလုံးပေါင်းသတ်ပုံ

ငါလည်းမှားနေဆဲ မှန်အောင်လည်းကြိုးစားဆဲပဲ

တိုက်ဆိုင်လိုက်တာဗျာ ဟိုတနေ့ကအဲ့ဒီစာအုပ်လိုက်ရှာနေတာ ကျေးဇူးပါကိုစိုးရေ

ဝမ်းသာပါတယ် အကူအညီဖြစ်တယ်ဆိုလို့ပါ

စာလုံး​ပေါင်းသတ်​ပုံ ဆိုတာ မြန်​မာစာရဲ့အသက်​ပါ
Thanks

အခြေခံပဲ အခြေခိုက်မှ ဖြစ်မှာပေါ့နော

မမှားအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ် ကိုစိုး

ငါလည်းကြိုစားနေဆဲပါလေ

ဟုတ်ပါတယ် , FB နေရာ FB .. ရုံးသုံးနေရာ ရုံးသုံး .. စာပေနေရာ စာပေ .. သူ့နေရာနဲ့ သူ ဖြစ်သင့်ပါတယ် ..

အမှန်ပေါ့ဗျာ

Thanks your post .အကို

ဟုတ် ကျေးဇူးပါ

အစက down မလို့ပဲ
ကြေငြာ မပါဘူးဆိုလို့ မ down တော့ဘူး။

ကြားခံလေးတွေလိုတယ်လား

Congratulations! This post has been upvoted from the communal account, @minnowsupport, by ansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အတတ်နိုင်ဆုံးတော့မှန်အောင်ကြိုးစားရေးပါတယ်။အမှားကတော့ပါဆဲပါ..ဟီး.. :D
တချို့ကတော့ တော်တော်ဆိုးတာပါ အကိုစိုးရေ..
ပြောလည်းပြန်မပြကြဘူးး..

ကိုယ်တိုင်လည်းပြုပြင်ရဆဲပါပဲ ကျွမ်းကျင်တွေမှမဟုတ်တာပဲလေ ကိုယ်တတ်နိုင်သမျှပေါ့

နောက်နောင်သတိထားရေးသားပမယ်

သမိုင်းအဖြစ်ကျန်နေခဲ့မယ့်စာတွေက မှန်မှ ကိုယ့်စာကိုယ် ဖတ်ရဲမှာပါ ကြိုးစားဆဲပါပဲ

Thanks အစ်ကိုစိုး။

ဟုတ်ပါပြီဗျာ ကျေးဇူးတင်ပါတယ်ဗျာ

တတ်​နိုင်​သ​လောက်​ဂရုစိုက်​ပါတယ်
ပြန်​လည်းစစ်​ပါတယ်​ စာအုပ်​လင့်​​တွေအတွက်​လည်း​ကျေးဇူးတင်​ပါတယ်​ဗျ

အားလုံးဂရုစိုက်ပါမှ မြန်မာစာ အဓွန့်ရှည်နိုင်ပါတယ်ဗျာ

ကြိုးစားပြီးမှန်​ကန်​​အောင်​ ​ရေးပါ့မယ်​ဗျ
ခုလိုေ​စတနာထားသင်​ပြ​ပေးတဲ့အတွက်​ ​ကျေးဇူးပါဗျာ

တစ်ယောက်ကောင်းနဲ့မဖြစ်နိုင်ပါဘူး ဒါကြောင့် အားလုံးကို လိုက်တွန်းနေရတာပါဗျာ

ဒေါင်းယူသွားပြီဗျာ
ကျေးဇူးတင်ပါတယ်

အဆင်ပြေတယ်ဆိုကျေနပ်ပါတယ်ဗျာ

ကျနော်မသိသေးတဲ့ သတ်ပုံတော်တော်များ မှတ်သားလိုက်ရပါတယ်

မသိသေးတာတွေလေ့လာနေရဆဲပါပဲ

ပုဒ်ဖြတ် ပုဒ်ဆက်တွေနဲ့ အတူ စာလုံးတွေကိုလဲ ဂရုတစိုက်နဲ့ မှန်အောင် ကြိုးစားနေပါတယ်ဗျ ခုကောကျနော့ဟာ မှန်လား ကြည့်ပေးပါအုံးဗျ

စာလုံးပေါင်းမှန်အောင်အရင်ကြိုးစားကြတာပေါ့

I m so late for you to vote bro...nice post
Thanks you kosoe

၇ ရက်အချိန်ရနေတာပဲ နောက်ကျပါဘူးလေ

အတတ်​နိုင်​ဆုံးကြိုးစားပြီးမှန်​​အောင်​​ရေးပါတယ်​​ဗျ

ကြိုးစားပါဗျာ ဝိုင်းဝန်းထိန်းသိမ်းကြတာပေါ့

ဟုတ်​ကဲ့ကြိုးစားပါ့မယ်​ခင်​ဗျာ အခုလို​ပြော​ပေးတာ ​ကေျးဇူးတင်​ပါတယ်

လာရောက်ဖတ်ရှုပေးလို့လည်း ကျေးဇူးတင်ပါတယ်ဗျာ

အမှားကြာရင်အမှန်ဖြစ်တတ်လို့သတိထားသင့်ပါတယ်ဗျာ

အမှန်ပေါ့ဗျာ စာမှမဟုတ်ဘူး အခြားအရာတွေမှာ အမှားတွေကြာလာရင် အမှန်လို့နောက်လူတွေကထင်ကြတာပဲ ကျေးဇူးပါဗျာ

အတတ်နိုင်ဆုံး မှန်အောင် ကြိုးစားနေဆဲပါဗျား

ကြိုးစားနေဆဲပါပဲဗျာ

Loading...