ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.

အခြားသူများကို မပြောပါ။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရင်း အဲဒီလိုများဖြစ်နေသလားလို့ပါ။ စာရေးရန်အင်အားပျော့လာနေပါပြီ။ အားပျော့ဆို ဈေးကလျော့ကျနေသကိုးဗျ။ စာရေးမယ်ဆိုရင် ဥာဏ်ရွှင်မှ ဖြစ်မယ်လေ။ ဥာဏ်ရွှင်ဖို့ဆိုတာကလည်း ငွေရမှဖြစ်မယ်ထင်တယ်။ ငွေရရင်တော့ သေချာပေါက် ဥာဏ်ရွှင်ကြ ပေလိမ့်မယ်။ စာရေးမယ်လို့ စဉ်းစားလိုက်တိုင်း ဟုတ်တိပတ်တိမှ မရပေပဲဆိုပြီးတော့ အားပျော့ပျက်ပြယ်သွား တာတွေက များနေတယ်။ ဒါလည်းအပြစ်မဆိုသာပါဘူးလေ။ ဟိုတစ်နေ့ကရေးခဲ့သလိုပဲ တိုက်ရိုက်အချိုးကျနေ တာကိုး။ ဘာအကြောင်းအရာကို ရေးမလဲစဉ်းစားတိုင်းလည်း ဥာဏ်တုံးနေတတ်တာ အဲဒီ ဈေးနှုန်းကြောင့် ထင်ပါ့ဗျာ။ ငွေကြေးက အဓိကမကျဘူးလို့ပြောမရတာ ဒီအချက်ကို ကြည့်တာနဲ့တင် ငွေကြေးဆိုတာ အဓိက အခန်းကဏ္ဍကနေ ကပြဖျော်ဖြေနေတာ အထင်းသားမြင်နိုင်သဗျို့။ အသက်ရှင်သန်နေချိန်ကာလတစ်လျောက် လုံးမှာ ငွေမရှိရင် ဒုက္ခက ပြဿနာအတော်ပေးနိုင်တဲ့အကောင် ဖြစ်တယ်ဗျ။ အဲဒီပြဿနာကောင်က အမျိုးမျိုး အဖုံဖုံ ဖြစ်စေနိုင်တော့ကာ ငွေရှိမှ လောကကအလယ် တင့်တင်တယ်တယ် နေနိုင်တာ သေချာပါတယ်။ ဒီတော့ ငွေများများရအောင်သာလုပ်ကြရမှာပါ။ ခု Post တစ်ခုတင်လို့ မြန်မာငွေ ကျပ် ၃၀၀ လောက်ရနိုင်ဖို့မလွယ်ကူ ဖြစ်နေကြတော့ အင်တာနက်ဖိုးလေးကို ပြန်မရနိုင်ဘူးထင်တယ်။ မြန်မာပြည် အင်တာနက်ဖိုးကလည်း လူကြီးမင်းများ သိတော်မူတဲ့အတိုင်းပါပဲ။

ရတဲ့ငွေကြေးနဲ့မကိုက်ပဲ နေ့စဉ် အရှုံးပေါ်နေနိုင်တော့ Post မတင်ကြတာမဆန်းတော့သလို အပြစ်တင်စရာ တစ်ခုလည်းမဟုတ်ပေဘူး။ အစကတည်းကိုက ကျွန်တော့်အနေနဲ့ အယူလွဲနေခဲ့တယ်၊ အထင်အမြင်မှားနေခဲ့ တာဖြစ်မှာပဲ။ စာဖတ်ချင်၊ စာရေးချင်လို့ Post တင်နေကြတဲ့သူက ဘယ်နှစ်ယောက်ရှိနိုင်မှာလဲ။ ငါ့စာတွေ ဘယ်သူမှလာ မဖတ်ကြဘူးရယ်လို့ စိတ်မှာပေါ်လာခဲ့ရင် စာဖတ်ချင်ရင် စာကြည့်တိုက်သွားကြပေမပေါ့။ အမှန်တော့ Steemit Platform မှာ လာပြီးလုပ်ကိုင်နေသူအများစုက ငွေကြေးရလိုမှုကြောင့်ပဲဖြစ်တာကို မေ့လျော့နေခဲ့တာပဲ။ မသိချင်ယောင်ဆောင်နေခဲ့မိတာပါပဲ။ ငွေမရမှတော့ ဘယ်စာရေး၊ စာဖတ်လုပ်ကြလိမ့်မ တုံး။ ပေါပေါများများရနေတုံးကတောင် good တို့ nice တို့နဲ့ပြီးသွားတတ်သေးတာ အခုလို ငွေကြေးအရ မပြေပ လောက်တော့တဲ့အချိန်မှာ ဘယ်လာပြီး စာဖတ်ကြလိမ့်မတုံး။ ကျွန်တော်တို့လို ငတုံးတွေလို့ ပြောရလေမလား၊ ငအတွေလို့ပြောရလေမလား၊ အရူးတွေလို့ဆိုရလေမလား။ အဲလိုလူတွေပဲ ရှိတော့မပေါ့။ အဲ စိတ်ကူးတည့်ရာ တွေးမိတွေးရာ အတွေးကမ္ဘာကနေ ရေးမိရေးရာ စာတွေကိုရေးလိုက်ခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် အပါအ၀င် လူအချို့က အပေါ်မှာ ရေးထားသလိုသေချာပေါက်ဖြစ်နေကြတာပါပဲ ☺
ရေးသားသူ (Author)_______

@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-7-2019 သောကြာနေ့(Friday)
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank you very much.
ရူးနေတာတာပဲ ဖြစ်မှာပါ
ကျွန်တော်အပါအဝင်ပေါ့
Posted using Partiko Android
အိပ်မက်ဆိုရင်းလည်း နိုးသင့်နေပါပြီကွယ် 😜
ကျွန်တော်လဲ စိတ်ထဲ ပေါ်ရာ ရေးတာပါပဲဗျာ။ အဓိကကတော့ နေ့စဉ်ပုံမှန် ရေးဖြစ်နေဖို့ပဲ လိုတာပါ။ ဖတ်တော့ ဖတ်ဖြစ်ပါတယ်။ မန့်တော့ မပေးဖြစ်ပါဘူး။
နေ့စဉ်ရေးတင်တာကတော့ မလွယ်ကူပေမယ့် ရအောင်လုပ်နိုင်လောက်ပါတယ် ဒါပေမယ့် အရည်သွေးကောင်းကောာင်းတော့မလွယ်ဘူးဗျ 😥