Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၉)

in #myanmar6 years ago (edited)

မင်္ဂလာပါ Steemit Member အားလုံးခင်ဗျာ.. ယခုဆို Steemit နှင့် ပတ်သတ်၍ ကျွန်တော်ရေးသားခဲ့သည်မှာ Steemit အကြောင်းတစေ့တစောင်း (သိသလောက် ၁) မှ စတင်ကာ ယခု (သိသလောက် ၉) သို့ ရောက်ရှိလာပါပြီ.. တစ်ခုပြောလိုသည်မှာ ကျွန်တော်ရေးသားသော Post များသည် အခုမှ Steemit အကြောင်းသိ၍ Steemit Platform ကို စိတ်ဝင်စားကာ ၀င်ရောက်လုပ်ကိုင်လိုသော New Member များအား ကြိုဆိုခြင်းသဘောဖြင့် ခေါင်းစဉ်တပ်ထားသည့်အတိုင်း သိသလောက် များသာ ရေးသားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဖတ်ရှုမိသူ ဆရာများ အနေဖြင့်လည်း ယခုထိ ကျွန်တော်ရေးသားပြီးသော Post များတွင် အမှားအယွင်း နှင့် ကွဲလွဲမှု များပါခဲ့သော် အပြုသဘောဆောင်ကာ ပြင်ဆင်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ဒီကနေ့ Member အသစ်များအတွက် Post တွေတင်ပြီး ၇ရက် အကြာမှာ မိမိတို့ ပိုက်ဆံရရှိပြီး မည်သည့်နေရာတွင် မည်သို့သွားကြည့်ရမည့် အကြောင်းလေးအား ရှင်းပြပေးချင်ပါတယ်.. ကျွန်တော့ ရှင်းပြချက်များအား နားမလည်ပါက ကျွန်တော်၏ FB Messenger သို့ လာရောက်မေးမြန်းနိုင်ပါတယ်.. အားတဲ့အချိန်ကျ ပြန်လည် Reply ပြန်ပေးသွားမှာဖြစ်ပါတယ်... သို့ပေမယ့် ယခုPost အထိ တော့
ဖတ်ပြီးသားဖြစ်စေချင်ပါတယ်.. ယခု Post ကလည်း Steemit တွင် အကောင့်ဖွင့်လှစ် Password ရရှိပြီးနောက် Post တင်ပြီးသူများ နှင့်သာ သက်ဆိုင်ပါသည်။ ဟုတ်ပြီ ကျွန်တော်စပြောပါတော့မယ်..

အရင်ဆုံးကျွန်တော် မိမိတို့ Wallet အကြောင်းလေးအရင်ရှင်းပြမယ်
ကဲ Wallet ၀င်တာ အရင် Post မှာသိပြီးသားပဲ ဟုတ်တယ်မလား ၀င်လိုက်တော့
ကိုယ့်Profile ပုံကိုနှိပ် Wallet ဆိုတာနှိပ်
Screenshot_4.png

Screenshot_5.png

အဲ့မှာ မိမိ Wallet ထဲကိုရောက်ပါပြီ မြင်တွေ့ရမှာတွေက
STEEM, STEEM POWER, STEEM DOLLARS, SAVINGS, Estimated Account Value နဲ့ အောက်ဆုံးမှာ History တို့ဖြစ်တယ်..
တစ်ခုချင်း အနည်းငယ်ရှင်းပြမယ်..

STEEM
Steem ဆိုတာ အရင် Post တွေမှာ သိကြပြီးတဲ့အတိုင်း Cryptocurrency တစ်မျိုးဖြစ်တယ်.. ဒီCoin ကို အချိန်မရွေးTrade နိုင်မယ် နောက်ပြီး STEEM ကနေ STEEM POWER ကို အချိန်မရွေးပြောင်းနိုင်တယ်.. STEEM POWER ကိုပြောင်းခြင်းအလုပ်ကို Power Up လုပ်တယ်လို့ခေါ်ပါတယ်.. ယခုပုံမှာဆိုရင် ကျွန်တော်ရှိမှာ 0.000STEEM ပဲရှိပါတယ်.. ဟဲ ဟဲ ဘာမှ မရှိဘူးပေါ့ အကုန် Power Up ထားခြင်းဖြစ်ပါတယ်..

STEEM POWER
Steemit မှာ ကျွန်တော်တို့ပြောနေတဲ့ Power ဆိုတာ ဒါပါပဲ ဒီ Power ကြီးများနေမှ ကြီးနေမှသာ ကိုယ့်ရဲ့ Voting က တစ်ပါးသူ Post အတွက် ဒေါ်လာတွေ အများကြီးရလာမှာပါ.. အဲ့လို Power ကြီးလာတာနဲ့အမျှ ကိုယ်က အဆင့်ကြီးလာတဲ့သဘောပေါ့ ... နောက်ကိုယ်Comment ပေးရင် ပြန်ရမယ့် Rewards ကလည်း ကိုယ်Voting ပေးခဲ့တဲ့ ကိုယ့်ရဲ့ Power ပေါ်မှာ အများကြီးမူတည်ပါတယ်..အရင် Post တွေမှာတော့ အနည်းငယ်ပြောခဲ့ပြီးသားပါ.. အခု Power ကို STEEM နှင့် STEEM DOLLARS များဖြင့် Power Up နိုင်ပါတယ်.. တနည်းအားဖြင့် Power ၀ယ်နိုင်ပါတယ်..ယခုပုံမှာဆိုရင် ကွင်းစကွင်းပိတ်အတွင်းကမဟုတ်တဲ့ အပြင်က 97.493 STEEM သည် ကျွန်တော် ပိုင်ဆိုင်သော Power ဖြစ်ပြီး ကွင်းစကွင်းပိတ်အတွင်းက (+14.613 STEEM) ကတော့ Steemit မှ အလိုအလျောက် ငှားပေးထားသော Power ဖြစ်ပါတယ်.. New Member များအဖို့ 0.5 STEEM POWER ကနေ အပိုင်စရရှိမှာဖြစ်ပြီး (+27 STEEM ) ကို ထပ်မံငှားရမ်းပေးထားမှာဖြစ်ပါတယ်..ယခင် Post များမှာ ပြောခဲ့ပြီးသားပါ..

STEEM DOLLARS
STEEM DOLLARS ဆိုတာကတော့ ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်အကောင့်ထဲမှာရှိနေတဲ့ Steem Dollar (SBD) များကို ဖော်ပြပေးမှာဖြစ်ပါတယ်..STEEM DOLLAR ဈေးသည် ပြင်ပတွင် မည်မျှပင်ပေါက်စေကာမူ Steemit အထဲတွင်တော့ SBD ၏ တန်ဖိုးအား 1ဒေါ်လာအဖြစ်အမြဲတမ်းရှိစေရမည်ဟု ကတိက၀တ်ထားရှိထားသောကြောင့် 1SBD=$1 ဖြင့်သာတွက်ချက်ပါတယ်..

အထက်ပါ STEEM , STEEM POWER များသည် သဘော နှင့် တန်ဖိုးသည် အတူတူသာဖြစ်သည်.. STEEM နှင့် STEEM POWER ၏ ကွာခြားချက်မှာ STEEM ဖြစ်နေစဉ်တွင် အချိန်မရွေး Trade (ရောင်း/၀ယ်) လုပ်နိုင်မည်။ STEEM POWER ဖြစ်နေစဉ်တွင် မိမိ၏ Power ပေါ်မူတည်၍ Vote အလုပ်ခံရမည့် Post ပိုင်ရှင် ရမည့် ငွေကြေးကွာခြားသလို မိမိကိုယ်တိုင် Vote၍ Comment ပေးထားခြင်းအပေါ် မိမိပြန်လည်ရရှိမည့် Curation Rewards လည်းကွာခြားပါမည်။ STEEM POWER သည် STEEM လိုတော့ အချိန်မရွေး Trade (ရောင်/၀ယ်) လုပ်လို့မရပါ.. လက်ရှိရှိသော STEEM POWER ကို ထုတ်ခြင်းကို Power Down သည်ဟုခေါ်သည်။ Power Down မည့် အချိန်မှစတင်ကာ လက်ရှိအမောင့်၏ ၁၃ပုံ၁ပုံ ချင်းစီကိုသာ ၁ပတ်တစ်ခါ Down ချခွင့်ရှိပါသည်။ ဆိုတော့ ရှိသမျှ Power အကုန်Down မည်ဆိုပါက ရက်သတ္တပတ် ၁၃ပတ်ကြာပါလိမ့်မည်... ၃လကျော်ခန့်ကြာပါမည်.. သို့သော် Steemit User အများစုသည် Power ပေါ်သာ မှီခိုလုပ်ကိုင်နေရခြင်းဖြစ်သောကြောင့် Power ကို အထိုက်အလျောက်တော့ အစဉ်မပျက် Up နေသင့်ပါသည်။

SAVINGS
ဘဏ်များမှာ Saving စာအုပ်ဆိုတာ လက်ဝယ်တွင် ကိုင်ဖူး ကြားဖူးကြမှာပါ.. ငွေစုစာအုပ်ပေါ့.. ဒီမှာလဲ အဲ့လိုပဲ SAVINGS ဆိုတာ ငွေစုစာအုပ်သဘောမျိုးပါပဲ. မိမိရရှိလ်ာသည့် STEEM နှင့် STEEM DOLLARS များကို ထိုSAVINGS ထဲတွင် ထည့်ထားနိုင်ပါသည်။ သို့သော ထည့်ပြီးသည်နှင့် ပြန်ထုတ်ရန် ၃ရက်ကြာပါမည်။ Steemit မှ SAVINGS ထည့်သွင်းထားခြင်းမှာ မိမိက DOLLARS များနှင့် STEEM များကို အသုံးပြုမှုများအပေါ် စိတ်မနိုင်စွာ သုံးမိမှာစိုးလျှင် ထိန်းသိမ်းထားရန် အတွက်ထည့်ပေးထားခြင်းဖြစ်သည်။

Estimated Account Value
Estimated Account Value သည် မိမိတွင်ရှိနေသော STEEM POWER နှင့် STEEM DOLLARS များအပေါ်တွင် လက်ရှိပေါက်ဈေးဖြင့်မတွက်ချက်ဘဲ ၇ရက်အတွင်း အတက်အကျ ဖြစ်နိုင်သည့် တန်ဖိုးများအပေါ် မိမိအကောင့် တစ်ခုလုံး၏ တန်ဖိုးအား ခန့်မှန်းပြသထားခြင်းဖြစ်ပါသည်။

အောက်ဆုံးက History ကတော့ မိတ်ဆွေတို့ ရဲ့ ငွေလွှဲမှတ်တမ်းများနှင့် Post များအတွက် ရယူထားသော ဆုငွေ မှတ်တမ်းများကို ဖော်ပြပေးမှာဖြစ်ပါတယ်..

ဒီလောက်ဆို Wallet ထဲက အကြောင်းသိပြီလို့ထင်ပါတယ်.. တဖြည်းဖြည်းချင်းနားလည်လာမှာပါ..
ကဲငွေထုတ်တာ ဘယ်လိုလဲဆိုတာလေး ဆက်ရအောင်..

အခုကျွန်တော့ ရဲ့ Blog ကိုဝင်လိုက်ပါမယ် အောက်ကပုံကိုကြည့်ပါ
Screenshot_1.png

ဝင်လိုက်ရင် မိမိတို့ တင်ထားတဲ့ Post တွေကိုတွေ့ရမယ်ဗျ..
Post တင်တဲ့နောက် 7 days ago ဖြစ်မှ ပိုက်ဆံရမှာပါ ဘာလို့ဆို Post တင်ပြီး ၇ရက်ပြည့်မှ ပိုက်ဆံရမှာလေ ရှင်းအောင် အောက်မှာကြည့်လိုက်ပါ..၇ရက်ပြည့်သွားတဲ့ Post ကိုပြပေးပါမယ်..

Screenshot_2.png
အဲ့မှာဆိုရင် အနီလေးတွေနဲ့ ၀ိုင်းပြထားတယ် Post တင်ထားတာ 6 days ago ဖြစ်တယ်.. အောက်မှာ အဲ့ဒီ Post အတွက် မိမိ ရထားတဲ့ ပိုက်ဆံဖြစ်တယ်.. ဘေးက အပေါ်ထောင်နေတဲ့ မြှားလေးက ဘယ်နယောက် Vote ထားလဲပြတာ.. ဘေးက မက်ဆေ့ဘောက်ပုံလေးက Commnet နဲ့ Reply အရေအတွက်ဖြစ်တယ်.. မိမိရထားတဲ့ ပိုက်ဆံရဲ့ဘေးက မြှားလေးကိုထပ်နှိပ်ကြည့်ပါ..အခုလိုမြင်ရမယ်

Screenshot_3.png

တွေ့တယ်နော် Pending Payout $5.93 (ဒေါ်လာ၅.၉၃ ပေးရန် စောင့်နေတယ်) ဘယ်တော့ပေးမှာလဲဆိုတော့ Tomorrow(မနက်ဖြန်) ဟုတ်တယ်နော် ... ဘာလို့ဆိုတော့ ကိုယ်Post တင်ပြီး ၇ရက်အတိအကျပြည့်မှရမှာကိုးဗျ အခုက ၆ရက်ပဲရှိသေးတယ်ဟုတ်ပြီနော်.. အဲ့တော့ နောက်ထပ်အောက်က 7 days ago ဖြစ်ပြီးသားဆက်ကြည့်ရအောင်

Screenshot_4.png

၇ရက်ပြည့်သွားပြီဆိုတာနဲ့ အခုလိုပြလိမ့်မယ်.. အရင်ကပြောခဲ့ပြီတဲ့အတိုင်း Post မှာ ရတဲ့ ပိုက်ဆံက စာရေးသူက ၇၅% နဲ့ comment ပေးသူများ အတွက် ၂၅% ဆိုပြီးခွဲပေးလိမ့်မယ်... လုံးဝအတိအကျကြီးတော့မဟုတ်ဘူးပေါ့ ၇၅% နဲ့ ၂၅% ဆိုတာက ဘာပဲဖြစ်ဖြစ် စာရေးသူက ပိုရနေမှာပါ ဘာလို့အဲ့လိုဖြစ်တာဆိုတဲ့အကြောင်းအသေးစိတ်ကို နောက် Post တွေကျ ရေးပေးပါမယ်..အခုတော့ ဒီအတိုင်းသာမှတ်ထားပါဦး ခန့်မှန်းခြေအနေနဲ့ပေါ့..
ဒါဆိုရင် ကျွန်တော်တို့က သူထုတ်ပေးတဲ့ငွေကို သွားယူရပါဦးမယ် ဘယ်မှာသွားယူမလဲဆိုတော့ Wallet ကိုသွားပါ.
အခုလိုအပေါ်နားမှာ အမည်းရောင် အတန်းလေးနဲ့ ရတဲ့ ပမာဏကိုပြပေးပါလိမ့်မယ် နှိပ်လိုက်ပါ..
အဲ့မှာကြည့်ပေးပါဦး အပေါ်တုန်းက Author Reward ရတာတွေ့တယ်နော် ပြောခဲ့ပြီးတဲ့အတိုင်းပဲ
ရလာတဲ့ Author Reward ကို 50%/50% နဲ့ STEEM DOLLAR/ STEEM POWER ရမှာဖြစ်တယ်နော်
အဲ့တော့ ကျွန်တော်တို့ Author Reward က $15.16 နော် အဲ့တော့ ၅၀% စီဆိုတော့
Steem Dollar က 7.581SBD နှင့်အတူ 2.136 SP ရရှိပါတယ်.. အောက်မှာကြည့်ပါ.

Screenshot_5.png

Steemit က SBD ကိုသတ်မှတ်ထားတာလေးတစ်ခုရှိတယ်ဗျ 1SBD ကို အပြင်လောက မှာ ဘယ်ဈေးပဲဖြစ်နေဖြစ်နေ
သူ့ Steemit မှာတော့ $1 အောက်မကျသလို $1 ထက်လဲ မပိုဘူးဆိုတဲ့ ကတိက၀တ်မျိုးရှိတာကြောင့် 1SBD ဟာ $1 သာတန်ပါတယ်..
ထိုအခါ Steem Power ကို ပြောင်းပေးတဲ့အချိန်ကျ Steem Power ပေါက်ဈေးနဲ့ စားသည့်အတွက်ကြောင့် 2.136 သာရရှိခြင်းဖြစ်ပါတယ်.. ဟုတ်ပြီ အဲ့ဒါဆိုရင် ပုံမှာပြထားတဲ့ အနီရောင်အကွက်လေးထဲက Redeem Rewards (Transfer To Balance) ဆိုတာလေး ကိုနှိပ်လိုက်ရင် ကိုယ့် wallet ထဲမှာ Steem Power နှင့် Steem Dollars အသီးသီးရောက်ရှိသွားမှာဖြစ်ပါတယ်..

ဒီPost ကတော့ ဒီလောက်နဲ့ လက်စသတ်ပါတော့မယ်ခင်ဗျာ..

မြန်မာနိုင်ငံသားများ Steemit Platform တွင် အောင်မြင်ပါစေ ခင်ဗျာ..

Author : Arkar Phyo

@arkarphyo
3.1.2018
MSC-214

Sort:  

သိရလို့​ကျေး​ဇူးbro

ဟုတ်အကို

Thanks for knowledge

ဟုတ်အကို အားပေးတာ ကျေးဇူးပါ

ကျေးဇူးပါ

ဟုတ်အကို ကျေးဇူးပါ

စမီး postတင်ရင် vote ပေ

ဘယ်တော့တင်မှာလဲ စမီးက

Thanks a million!

This post has received a 0.64 % upvote from @booster thanks to: @arkarphyo.

This post has received gratitude of 0.58 % from @appreciator thanks to: @arkarphyo.

This post has received a 31.47% upvote from @lovejuice thanks to @arkarphyo. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

You got a 1.17% upvote from @upme requested by: @arkarphyo.
Send at least 1.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness