How to Make Paper Photo Frame

in #myanmar7 years ago

Paper Photo Frame

img1531315655001.jpg

ဒီတစ်​ခါပြုလုပ်​ဖြစ်​တာကpaper photo frameတစ်​ခုပါ။ကတ်​ထူစက္ကူတစ်​ရွက်​ကိုframeပုံစံ​ခေါက်​ချိုးပြီး၊အ​ရောင်​နှစ်​မျိုးနှင့်​ပြုလုပ်​ထားတာဖြစ်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူတစ်​ရွက်​၊​ရောင်​စုံစာရွက်​၊​ကော်​ဘူး၊ကတ်​​ကြေး၊စသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူကို​frameပုံစံ​ခေါက်​မယ်​။ပန်းပွင့်​များပြုလုပ်​ပြီးအရွက်​ပုံစံ​ခေါက်​ကာ​ဆေးခြယ်​ရမှာပါ။

IMG_20180707_122520.jpg

IMG_20180707_122833.jpg

IMG_20180707_123004.jpg

ပထမဆုံးframeပုံစံကတ်​ထူကို​ခေါက်​မှာဖြစ်​လို့၊ကတ်​ထူတစ်​ရွက်​ကိုယူမယ်​။အလျား၊အနံတူညီစွာဖြတ်​မယ်​။ပြီး​တော့​ထောင့်​စွန်း​လေးဘက်​မှအလယ်​သို့စု၍​ခေါက်​မယ်​။အလယ်​မှတ်​ရရင်​တစ်​ဘက်​စီမှအလယ်​သို့​ခေါက်​မယ်​။ခေါက်​ထားတဲ့ကတ်​ထူ​ပေါ်မှာအနီ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ပါ့မယ်​။အနီ​ရောင်​စာရွက်​​ကော်​ကပ်​ထားတဲ့ကတ်​ထူ​ခေါက်​ကိုတစ်​၀က်​ထပ်​မံ​ခေါက်​ရပါ့မယ်​။ဒီနည်းအတိုင်းကျန်​​ထောင့်​စွန်းသုံးခုကိုလည်း​ခေါက်​ပြီး၊မျက်​နာချင်းဆိုင်​အနားနှစ်​ခုစီအ​ရောင်​တူ​ကော်​ကပ်​လိုက်​မယ်​။အနီ​ရောင်​နှင့်​အစိမ်း​ရောင်​စာရွက်​ကိုအသုံးပြုပါ့မယ်​။ပြီး​နောက်​​ခေါက်​ထားတဲ့ကတ်​ထူစက္ကူ​ခေါက်​ရဲ့တစ်​၀က်​ကို​ကော်​ကပ်​ပါ့မယ်​။ပုံများနှင့်​ပြပါ့မယ်​။

IMG_20180711_192722.jpg

ဆက်​လက်​ပြီးအနီ​ရောင်​ပန်းပွင့်​များပြုလုပ်​မှာပါ။အနီ​ရောင်​စာရွက်​ကိုကိုယ်​လိုချင်​တဲ့အရွယ်​အစားဖြတ်​ပြီးတွန့်​​ခေါက်​ပါ့မယ်​။တွန့်​​ခေါက်​ထားတဲ့စက္ကူ​ခေါက်​ရဲ့အဖျားနှစ်​ဘက်​ကိုပူး၍​ကော်​ကပ်​မယ်​။ပြီး​နောက်​သေးငယ်တဲ့​​ကတ်​ထူစက္ကူကိုဖြတ်​၍အဲဒီအ​ပေါ်မှာပန်းပွင့်​ပုံစံဖြန့်​၍​ကော်​ကပ်​လိုက်​မှာပါ။ပန်းပွင့်​အ​ပေါ်မှာအနီ​ရောင်​စာရွက်​ကိုစက်​၀ိုင်းပုံဖြတ်​၍ထပ်​မံ​ကော်​ကပ်​မယ်​။ဒီနည်းအတိုင်းပန်းပွင့်​​လေး​ပွင့်​ပြုလုပ်​ရမှာပါ။

IMG_20180707_160241.jpg

အရွက်​ပုံစံ​ခေါက်​ပါဦးမယ်​။အစိမ်း​ရောင်​စာရွက်​ကိုတူညီတဲ့အပိုင်းများဖြတ်​လိုက်​မယ်​။စာရွက်​ရဲ့အလျား၊အနံတူညီရမှာပါ။ပြီး​နောက်​​ထောင့်​စွန်းအတိုင်းအလယ်​မှ​ခေါက်​မယ်​။အလယ်​မျဉ်းအထိတစ်​ဘက်​စီ​ခေါက်​မယ်​။ဆက်​လက်​ပြီးကျန်​တစ်​ဘက်​ကိုလည်းထိုပုံစံအတိုင်းအလယ်​သို့​ခေါက်​လိုက်​မယ်​။သစ်​ရွက်​ပုံစံပိုမို​ပေါ်လွင်​​အောင်​​ဆေး​ရောင်​ခြယ်​ခဲတံဖြင့်​ပုံဆွဲလိုက်​မှာပါ။

IMG_20180709_122350.jpg

IMG_20180709_122411.jpg

IMG_20180709_122438.jpg

IMG_20180709_122549.jpg

ြုပီး​တော့ကတ်​ထူစက္ကူကို​ခေါက်​ပြီးphoto standပြုလုပ်​လိုက်​ပါတယ်​။ကတ်​ထူကိုတိုင်းတာ၍ဖြတ်​ကာတြိဂံပုံ​ခေါက်​ချိုးပြီးအဖြူ​ရောင်​စာရွက်​နှင့်​​ကော်​ကပ်​လိုက်​မှာပါ။

IMG_20180711_204224.jpg

ပြုလုပ်​ပြီးဖြစ်​တဲ့ပန်းပွင့်​နှင့်​အရွက်​များကိုframe​ပေါ်မှာပုံ​ဖော်​​ကော်​ကပ်​လိုက်​မှာပါ။

IMG_20180709_121819.jpg

My Paper Photo Frame
img1531117298386.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

photo frame လေး လုပ်တတ်ရင် သူများကို လက်ဆောင်ပေးလို့ 
အဆင်ပြေတာပေါ့လေ

ဟုတ်​တယ်​...လက်​​ဆောင်​​ပေးရင်​​ကောင်းတယ်​​နော့...

မရိုးနိင်သော ပညာရပ်တွေပါ။အရမ်းကြိုက်တယ်ဗျာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...ဆက်​ပြီးကြိုးစားပါ့မယ်​...

Congratulations @asterkame! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Semi Finals - Day 1


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Thank you so much

တပတ်​ကိုတမျိုး ​တော်​လိုက်​ထာ

အား​ပေးလို့​ကျေးဇူးပါ...ဆက်​ပြီးမရိုးရ​အောင်​ကြိုးစားပါ့မယ်​...

အဆန်းတွေကြီးပဲ
ပညာတစ်ခုကိုချပြရာလည်းရောက် postလည်းဖြစ်
good

ဟုတ်​ပါတယ်​...ကိုယ်​သိ​တာ​လေးမျှ​ဝေရင်းpost တစ်​ခုဖြစ်​ပါတယ်​....​ကျေးဇူးပါ...

So beautiful photo frame. Thanks for sharing.

Thanks for your support comment

တွေ့ရင် လက်ဆောင် တစ်ခုလုပ်ပေးပါ 😊😊

အိုခီ...လက်​​ဆောင်​​ပေးပါ့မယ်​😊👍

တကယ်​ကို မရိုးနိုင်​​အောင်​ပါပဲရှင်​ မိုက်​တယ်

ခုလိုအား​ပေးလို.​ကျေးဇူးပါ...​နောက်​လည်းမရိုးရ​အောင်​ကြိုးစားဦးမယ်​....

မတ်မတ်ကြည် ပုံလေး ထည့်လတ်ရင် ရမ်းလှသွားမာ သေချာတယ် နော် ယွန်း😍

အမှန်​ဘဲ​ပေါ့ကြည်​....ပုံထည့်​လို့ရ​အောင်​လက်​​ဆောင်​​ပေးမယ်​...

ညီမဓာတ်‌ပုံ‌လေး ထည့်‌လိုက်‌ရင်‌ ပိုစားသွားမှာ။

ဟုတ်​တယ်​...ပုံထည့်​လိုက်​ရင်​ပိုပြည့်​စုံမှာ...​နောက်​တစ်​ခါမှပုံထည့်​​တော့မယ်​...😀

ချစ်စရာ​လေးဗျာ..

အား​ပေးလို.​ကျေးဇူး​နော့...

အိမ်များနီးရင် လာသင်ချင်ပါရဲ့ 😁

ဟုတ်​ကဲ့...သင်​​ပေးမှာပါ...😊👍