How to Make Paper Wall Hanging

in #myanmar6 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တစ်​ခုပြုလုပ်​ထားပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကအရွယ်​တူ၊အ​ရောင်​​လေးမျိုးဖြင့်​စာရွက်​​ခေါက်​​လေးခုပြုလုပ်​ရမယ်​။ပန်းပွင့်​များပြုလုပ်​ရမယ်​။ပြီး​နောက်​လိ​မ္မော်​​ရောင်​စက္ကူ​ခေါက်​များ​ခေါက်​ရမှာပါ။ပြုလုပ်​နည်းကိုပုံနှင့်​စာတွဲ၍​ဖော်​ပြထားပါတယ်​။

ပထမအဆင့်​မှာအ​ရောင်​​လေးမျိုးအရွယ်​တူတဲ့စာရွက်​​လေးရွက်​ကိုတစ်​ခုချင်းစီတွန့်​​ခေါက်​လိုက်​မယ်​။ပြီး​နောက်​အလယ်​မှ​ခေါက်​ချိုးပြီး​ကော်​ကပ်​ထားလိုက်​ပါတယ်​။ထို့​နောက်​စက္ကူ​ခေါက်​​လေးခုကို​ကော်​ကပ်​၍ဆက်​လိုက်​ပါတယ်​။ပန်းပွင့်​များဆက်​လက်​ပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကအနီ​ရောင်​စာရွက်​ကိုအလျားအနံတူညီ​အောင်​ဖြတ်​ပြီး၊ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​ကတ်​​ကြေးဖြင့်​ဖြတ်​၍ပန်းပွင့်​ပုံပြုလုပ်​ပါတယ်​။စက်​၀ိုင်းပုံအ၀ါ​ရောင်​စာရွက်​များကိုဖြတ်​ပြီး၊​ကော်​ကပ်​လိုက်​ပါတယ်​။အလယ်​မှ​ထားရန်​ပန်းပွင့်​ကို​တော့ပန်းပွင့်​ပုံစံငယ်​သုံးခုကိုဆင့်​၍​ကော်​ကပ်​ကာ၊စက်​၀ိုင်းပုံအ၀ါ​ရောင်​စာရွက်​ဖြင့်​အလယ်​မှာ​ကော်​ကပ်​ထားပါတယ်​။

ဒီအဆင့်​မှာ​တော့လိ​မ္မော်​​ရောင်​စာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊​ထောင့်​ဖြတ်​အတိုင်းညှပ်​လိုက်​ပါတယ်​။ရရှိလာတဲ့တြိဂံပုံစာရွက်​ကိုတွန့်​​ခေါက်​ပြီး၊အလယ်​မှ​ခေါက်​ချိုးကာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ပန်းပွင့်​များ၊လိ​မ္မော်​​ရောင်​စက္ကူ​ခေါက်​​တွေကိုအ​ရောင်​​လေး​ရောင်​ပါတဲ့စက်​၀ိုင်းပုံစက္ကူ​ခေါက်​​ပေါ်ပုံပါအတိုင်းလှပစွာ​ကော်​ကပ်​အလှဆင်​လိုက်​ပြီး၊နံရံအလှဆင်​တစ်​ခုပြုလုပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လုပ်တတ်လိုက်တာနော်

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks

Posted using Partiko Android