စိတ်​၏သ​ဘော

in #myanmar6 years ago

စိတ်၏သဘာဝ
FB_IMG_1520266248760.jpg
လူတစ်​​ယောက်​၏စိတ်​ဍ်​ဆင်​ခြင်​တုံတရားရှိရန်​အတွက်​အသိတရားလိုအပ်​ပေ​သည်​။အသိတရား(သို့မဟုတ်​)
အသိပညာအဘယ်​​ကြောင့်​လိုအပ်​ရသနည်း?အ​ကြောင်းအအကျိုး အ​ကောင်းအဆိုး အမှားအမှန်​ကို​ဝေဖန်​ပိုင်းခြားဆင်​ခြင်​နိုင်​ရန်​အတွက်​အသိပညာမှန်​ကန်​မှသာတိကျမှန်​ကန်​စွာဆုံးဖြတ်​နိုင်​​ပေသည။်​ထိုအသိပညာကိုကျွန်ုပ်​တို့အဘယ်​နည်းဖြင့်​ရယူနိုင်​သနည်း?အ​ကောင်းဆုံးနည်းလမ်းသည်​ စာဖတ်​ခြင်းပင်​ဖြစ်​​ပေသည်​။ကာယကံ ဝစီကံ မ​နောကံဟူ​သော ကံသုံးပါးအား​နေ့စဉ်​နှင့်​မျှကျွနု​ပ်​တို့ပြုလုပ်​​နေမိ​ပေသည်​။ထိုသို့​သောကံသုံးပါးမှကျွနုပ်​တို့ကိုယ်​တိုင်​ပြုလုပ်​ကျူးလွန်​မိ​သောအ​တွေ့အကြုံမှအ​ကောင်းအဆိုး​ဝေဖန်​ပိုင်းခြားနိုင်​ခြင်းဖြင့်​လည်းအသိပညာကိုရယူနိုင်​​ပေသည်​။သို့တည်းမဟုတ်​ သူတစ်​ပါး၏အ​တွေ့အကြုံမှလည်း အသိပညာ​ကောင်းများကိုမှတ်​သားရယူနိုင်​​ပေသည်​။လူတစ်​​ယောက်​ခြင်းဆီ၏​အောင်​မြင်​မှုသည်​ မိမိဍ်​ရှိ​နေသည့်​အသိပညာ​ကောင်းများကိုလက်​​တွေ့ဘဝဍ်​အသုံးချနိုင်​ခြင်းပင်​ဖြစ်​​ပေသည်​။ ထိုသို့အသုံးချနိုင်​ရန်​ သတိတရားနှင့်​ အသိပညာကိုပဲ့ကိုင်​နိုင်​ဖို့လို​ပေသည်​ဟု ကျွန်ုပ်​ထင်​မြင်​​ပေသည်​။ဘဝ​အောင်​မြင်​မှုဍ်​သတိတရားသည်​အလွန်​အ​ရေးကြီး​ပေသည်​။အသိပညာ(သို့မဟုတ်​)အသိတရားရှိပြီး​သော်​ငြားလည်း သတိနှင့်​လက်​​တွေ့ထိန်းချုပ်​​ဆောင်​ရွက်​နိုင်​မှသာ မိမိတို့ဘဝ၏​ကောင်း​သောအကျိုး​ကျေးဇူးများကို ရယူနိုင်​​ပေသည်​။အသိအားသတိနှင့်​ထိန်းချုပ်​နိုင်​ရ​ပေမည်​။ "သတိမမူဂူမမြင်​ " ဟူ​သော မြန်​မာစကားပုံရှိ​ပေသည်​။
ကျွန်ုပ်​တို့လူသား​တွေ၏စိတ်​သဘာဝသည်​အသိတရားမည်​မျှပင်​ရှိ​စေကာမူ သတိတရားနှင့်​ထိန်းချုပ်​နိုင်​မှသာ ဘဝလမ်းမှန်​သို့​ရောက်​နိုင်​​ပေသည်​။ကျွန်​​တော့််​အ​​တွေးအမြင်​ဖြင့်​​ရေးသား​ဖော်​ပြခြင်းဍ်​ လိုအပ်​ချက်​များရှိခဲ့ပါလျင်​ဖြည့်​စွက်​ဖတ်​ရှု​ပေးပါဟု steemit မှမိတ်​​ဆွေအားလုံးကိုမေတ္တာရပ်​ခံအပ်​ပါသည်​။အသိအားသတိနှင့်​ယှဉှ်၍အသုံးချနိုင်​​စေရန်​ ကျွန်ုပ်​၏အ​တွေ့အကြုံနှင့်​​ပေါင်းစပ်​၍ စာဖတ်​သူတို့၏အကျိုးကို​ရှေးရှုကာ ​ရေးသားတင်​ပြအပ်​ပါသည်​။
ထာဝစဉ်​ကြိုးစားလျက်
@ayeminthein

Sort:  

ကျွန်​​တော်​တို့​တွေ့ ငိုး​နေတာကို​တွေရင်​ လူ​တွေအားလုံးက ကြိတ်​​လှောင်း ရယ်​​မော ဟား​နေပါလိမ့်​မယ်​။ကျွန်​​တော်​တို့​တွေကျရှုံး​နေချိန်​မှာ ဘယ်​သူဘယ်​သူ့ကိုမ
ဒူ​ထောက်​မိ​အောင်​ မလုပ်​မီပါ​စေ​နေ​နော်​။သူတို့​ရှေမှာ ဒူ​ထောက်​ပြလိုက်​ရင်​ သူတို့​တွေက ကျွန်​​တော်​တို့ကို နင်း​ချေသွားပါလိမ့်​မည်

အ​ကြောင်းအအကျိုး အ​ကောင်းအဆိုး အမှားအမှန်​ကို​ဝေဖန်​ပိုင်းခြားဆင်​ခြင်​နိုင်​ရန်​အတွက်​အသိပညာမှန်​ကန်​မှသာတိကျမှန်​ကန်​စွာဆုံးဖြတ်​နိုင်​​ပေသည။်

"သတိမမူဂူမမြင်​ " ဟူ​သော မြန်​မာစကားပုံအတိုင်​ပါဘဲဗျာ ​ကောင်းလှပါတယ်​ ​ဆက်​လက်​တင်​ပြပါ​နော်​ အား​ပေး​နေမယ်​ Ok