နေတတ်ဖို့ ပဲလိုတယ်

in #myanmar6 years ago

image

နေရာတကာ
ဆုတောင်းနေစရာမလိုဘူး
စေတနာထားမေတ္တာပွားပြီးသာအလုပ်လုပ်
ကံကောင်းခြင်းတွေက အဆင်သင့်ပါ။

အရမ်းကြီးလည်းခံစားပြနေဖို့မလိုဘူး
သူလိုကိုယ်လို လူတိုင်းကြုံတွေ့နေကြရတာပဲ
ကိုယ့်ကျမှ ဘာလို့ပိုနေမှာလဲ

လောကဓံကို အာခံလို့မရပေမယ့်
ကြိုးစား မှုနဲ့ကာပြန်လို့ရတယ်
ကံကြမ္မာကိုပြောင်းလဲလို့မရပေမယ့်
လက်ရှိအနေအထားကိုလေးစားပြီး
အနာဂတ်ကို သွေးမပျက်ပါစေနဲ့။

အပြောင်းအလဲ ကိုလက်ခံပါ
တိုးတက်နေရတာ က ရပ်တန့် နေတာထက်ပိုကောင်းပါတယ်
အသိသတိနဲ့ယှဉ်ကာ ရှေ့ဆက်တက်ဖို့လိုပါတယ်။

အကောင်းဆုံးကိုလုပ်နိုင်ပြီးအဆိုးကိုရှောင်တတ်တာဟာလည်း
စည်းကမ်းပါပဲ
ပိုင်ဆိုင်တာချင်းကအတူတူပါ
အသုံးပြုပုံချင်းကွာခြားတော့
ရလဒ်တွေလည်း ကွဲပြားသွားတာပေါ့။