PLEASE

in #myanmar6 years ago

image

ကိုယ်တို့နှစ်ယောက် လမ်းခွဲဖြစ်ကြတဲ့အခါ
ကျေးဇူးပြု၍

ကိုယ် မင်းကိုခေါ်ခဲ့နာမ်စားလေး
မင်းချစ်သူ မခေါ်ဖို့ ကြိုပြောထားပေးပါ
အမှတ်မထင် ကိုယ်ပြန်ကြားတဲ့အခါ
အဟောင်းတွေက အသစ်ဖြစ်မှာစိုးလို့ပါ

မင်း ကိုယ်ကိုခေါ်တဲ့ နာမ်စားလေးလည်း
မင်း သူ့ကို မခေါ်မိဖို့
ကြိုပြောထားပါရစေ
အမှတ်တမဲ့ မင်းအတွေးထဲ ကိုယ်ဝင်လာမိမှာ
ကြောက်လို့ ပါ. . .