မင်္ဂလာပါ မိတ်ဆွေတို့ရေ...

တစ်နေ့တစ်နေ့ Steem ရဖို့ ကြံစည်နေရတာနဲ့
အားတယ်လို့ကို မရှိပါဘူး။
ယခင်က Post တင်ဖို့ စာရေးရတာ၊ ဓာတ်ပုံရိုက်ရတာလေး
လုပ်နေခဲ့ပြီး ခုတော့ DrugwarS က တော်တော်လေး
ဖမ်းစားနေပါပြီ။
တိုက်ယူတာမျိုး လျှော့တော့မည်ဟု စိတ်ကူးရှိခဲ့သော်လည်း
Drug level က အတော်နည်းနေသေးတော့
Level မြှင့်ချင်စိတ်ကြောင့် ဆက်၍ တိုက်နေမိခဲ့ပါတယ်။
မနေ့ကတော့ အခြားသူတွေ၏ အကောင့်တွေဆီ
Spy လွှတ်ပြီး အခြေအနေ စုံစမ်းနေခဲ့မိတာ
တစ်နေကုန်ရောပဲ ဆိုပါတော့။ ညရောက်မှပဲ
နောက်နေ့အတွက် ပို့စ် တင်ရန် စာရေးရပါတော့သည်။
စာရေးမည် ဆိုတော့လည်း ဘယ်အကြောင်း ရေးရ
ကောင်းမှန်း စဉ်းစားချိန် မရှိပါ... ဈာန်ဝင်အောင်
စောင့်နေရလျှင်လည်း အိပ်ရေးပျက်ရုံသာ ရှိပေမည်။
မနေ့က နေ့လည်မှာတော့ @mmunited ရဲ့ post
တစ်ခုကို ဝင်ဖတ်ရာမှ ဗဟုသုတတစ်ခု ရခဲ့သည်။
Steem Word Clouds ဟု ဆိုသော အရာ ဖြစ်သည်။
ထိုအရာမှာ မိမိသည် Steemit ၌ မည်သည့်စကားလုံးများကို
အသုံးပြုရေးသားမှု အနည်းအများကို စာလုံးအသေးအကြီးဖြင့်
ဖော်ပြပေးသော အရာ ဖြစ်သည်။ စာလုံးကြီးလေ အသုံးများလေ
ဖြစ်သည်။ အပျော်သဘောဖြင့် မိမိတို့၏ အကောင့်ဖြင့်
ဝင်ရောက်ကြည့်ရှုလိုလျှင် အောက်ပါ Link မှ အမည်နေရာတွင်
မိမိတို့ အမည် ရိုက်၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။
http://www.steemreports.com/steem-word-clouds/?account=billionairehein
ကျွန်တော်သည်လည်း အထက်ပါအတိုင်း ဘာတွေများ
ထူးခြားမှု ရှိလဲဟု ဝင်ကြည့်မိခဲ့ပါတယ်။

ပေါ်လာသော ပုံကို ကြည့်ရသည်မှာ ဤတစ်လအတွင်း
ကျွန်တော် အရေးများခဲ့သော စကားလုံးများ ဖြစ်ပေမည်။
ကျွန်တော် တင်သော ပို့စ်များတွင် MSC No. တပ်၍
တင်သော MSC Pro post များ နေ့စဉ် တင်နေသောကြောင့်
MSC စာလုံးမှာ အကြီးဆုံး ဖြစ်နေသည် ထင်သည်။
ပို့စ်များတွင် ( မင်္ဂလာပါ မိတ်ဆွေတို့ရေ ) ဖြင့် စ၍
( မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ) ဖြင့် ဆုံးသည်က
လည်း Promotion post တိုင်းလိုလို ပါသည်။
ထို့နောက် ခေါင်းဆောင် ကိုဟင်နရီအောင် ၏ အမည်ကိုလည်း
ထည့်ရေးခဲ့ဖန် များဟန်တူသည်။
ဒီရက်ပိုင်း DrugwarS game ကစားနေပြီး share post
တင်သောရက်တွေလည်း များခဲ့ပြီမို့ ထိုစာလုံးများလည်း
တွေ့ရသည်။
ဤသည်တို့ကို ကြည့်ခြင်း သိခြင်း အားဖြင့် ဘာရမည်ဟု
မဆိုလိုပါ... ဘာပဲ ဖြစ်ဖြစ် ရရ ပို့စ်တစ်ခုတော့
ဖြစ်ရလာသည် မဟုတ်ပါလား။
မဟုတ်ပါလား ဆိုပြန်၍ ထိုစာလုံးလည်း ကျွန်တော် အသုံးများသည်။
လူ့စိတ် ဆိုသည် ခက်သားလားဗျာ...
ဤသို့သော တောင်ရောက်မြောက်ရောက် စာတွေ
ရေးနေရင်း မနှစ်က MSC အဖွဲ့တော်သားများ၏
သုတ ရသ စုံလင်လှသော ပို့စ်များကို ဖတ်ခဲ့ရသည်အား
ပြန်လည် အမှတ်ရမိသည်။ တော်တော်စာရေးကောင်းသူများ
ပါခဲ့ကြပေသည်။ ယခုတော့ ထိုသို့ မဟုတ်ပေပြီ။
ကောင်းကောင်း မကောင်းကောင်း
ကော်ပီ ဆက်စီ စာများ မဟုတ်လျှင် ရေးတင်ကြစေချင်ပါသည်။
မျှော်လင့်နေဆဲပါ MSC တို့ရေ...
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....
MSC - 193
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here
Special Thank
Posted using Partiko Android
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank for vote
Posted using Partiko Android
@billionairehein, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။
ဆက်ဆက်ကျေးဇူးတင်ပါတယ်
Posted using Partiko Android