How to about Me and Steemit

in #myanmar6 years ago (edited)

Nice a day... all Steemians!
I posted this blog by writing how to about me and steemit.
image
With @thatkozaw on Mandalay Hill

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
Steemit Platform ကို အခြေပြု၍ Online
Earning လုပ်မယ်ဆိုပြီး နေ့စဉ် စာတွေ ၊ ကဗျာတွေ
ရေးတင်လာခဲ့တာလည်း ခုဆိုရင်ဖြင့် နှစ်လကျော် သုံးလ
ထဲကို ဝင်လာတော့မှာ ဖြစ်ပါတယ်။

ကျွန်တော်သည် SBD $ ရရှိရေးနှင့် Steem Power
တိုးမြင့်ရေး အတွက် မိမိတတ်စွမ်းသလို အမျိုးမျိုး ကြိုးစားခဲ့
ပါတယ်။
image
image
Images from google image
Credit to original uploader
ကျွန်တော် Steemit ပေါ်တွင် နေ့စဉ် ဆောင်ရွက်နေသည်
တို့မှာ...
(1) စာတိုပေစ အောင်မြင်ရေး ဆောင်းပါးများ၊ ကဗျာလိုလို
ခံစားချက် စကားလုံးစုလေးများနှင့် မိမိရောက်ရှိတတ်ရာ
နေရာလေးများဖြင့် ဓာတ်ပုံများကို Steemit ပေါ်တွင်
တလှည့်စီ ရေးတင်နေခဲ့ပါသည်။

(2) အထက်ပါ Post များကို eSteem application
ဖြင့်လည်းကောင်း၊ Busy.com ဖြင့်လည်းကောင်း၊
Zappl application ဖြင့်လည်းကောင်း၊ တစ်မျိုး
မဟုတ် တစ်မျိုးဖြင့် တင်ခဲ့ပါသည်။ အကြောင်းမှာ
ထိုအရာများဖြင့် Post တင်လျှင် @good-karma,
@esteemapp, @busy.org and @zappl
တို့၏ Upvote များ ရရှိသောကြောင့် ဖြစ်ပါသည်။

(3) ထို့ပြင် Discord တွင် registation လုပ်ကာ
@minnowsuppot ၏ upvote ကိုလည်း
ရယူခဲ့ပါတယ်။

(4) ထြို့ပင်တဝ မိမိတွင် ရှိနေသော၊ ရရှိထားပြီးသော
SBD $ ပေးပို့၍လည်း Booster Bot များထံမှ
Voting ဝယ်ယူခဲ့ပါတယ်။

(5) အဓိကအားဖြင့်တော့ Myanmar Steemit
Community မှ ကူညီ၍ Promotion ပေးနေသည်
များကိုလည်း အပတ်စဉ် အလှည့်ကျ ရယူလျက် ရှိခဲ့ပါတယ်။

(6) ကျွန်တော်သည် မိမိ Post တင်ပြီး၊ ကျန် အချိန်များတွင်
အခြားသူတို့၏ Post များအား Vote ပေးခြင်း၊Comment
ပေးခြင်းနှင့် Reply ပြန်ခြင်းတို့အား အစဉ်အမြဲ လုပ်ဆောင်
ခဲ့ပါတယ်။
(7) ထိုအရာများဖြင့်ပင် ကျွန်တော်သည် မကျေနပ်နိုင်ပါဘဲ
မိမိ၏ သာမန်လုပ်ငန်းမှ ရရှိသော ငွေစကလေးများဖြင့်
Steem နှင့် SBD $ ဝယ်ယူခဲ့သည်မှာလည်း စုစုပေါင်း
(70) နီးပါး ရှိပေပြီ။

ဤသည်တို့မှာ အထက်တွင် ပြောခဲ့သည့်အတိုင်း SBD $
နှင့် Steem Power တိုးမြင့်ရရှိရေး အတွက် ကျွန်တော်
လုပ်ဆောင်ခဲ့သည့်အရာများ ဖြစ်ပေသည်။

သို့ပေသော်ကား အခုများအချိန်တွင်...
မိမိသည် ပုံမှန် စာရေး၍ တင်နိုင်သော်လည်း
@good-karma, @esteemapp, @busy.org
နှင့် Discord မှ @minnowsupport တို့မှာ
ပုံမှန် မလာသည်ကတစ်ကြောင်း၊ တဖြည်းဖြည်း Voting $
ကျသွားသည်က တစ်ကြောင်း၊ steem and SBD $ ဈေး
ကျ၍ လျော့နည်းသွားသည်က တစ်ကြောင်း၊ @zappl
မှာလည်း ယခင်လို Steem Power မရှိတော့သည်က
တစ်ကြောင်း၊ Booster Bot တွေဖြင့် Vote ဝယ်ရ
သည်မှာလည်း ယခင်က အများအားဖြင့် Steem Power
အမြတ်ကျန်သော်လည်း ယခုအခိုက်အတန့်ကာလတွင်
SBD $ တောင် အရင်းရှုံးရသည်က တစ်ကြောင်း၊
အကြောင်းများစွာဖြင့် မိမိမှာ လုံးခြာလည်နေခဲ့ပါတယ်။

မိမိသည်ကား Steemit တွင် "မူးပဲ အစမှ ထူးကဲဘဝ"
ရောက်ရစေရန် စိတ်ရည်သန်ခဲ့သည် ဖြစ်သောကြောင့်
နောင်တွင် မည်သို့မည်ပုံ ဆက်လက်ကြိုးစားရဦးမလဲ
ဟူ၍ Steemit ကို ခဏခဏ ဖွင့်ကြည့်ကာဖြင့်
ကြောင်စီစီ ရီဝေဝေ ဖြစ်နေရတော့သည်တကား။
@billionairehein

Sort:  

ဟုတ်ပါ့ ဟုတ်ပါ့ ဟုတ်ပါ့ သုံးခါတောင် ဟုတ်ပါ့လို့ ပြောရတော့မှာပဲ botတွေလည်း ရှုံး ဈေးတွေကကျ ကလားမက မလာ အားတောင် မရှိချင်ဘူး။

အင်း ...အဲဒါကြောင့် ဘာတွေ ဘယ်လို ဆက်လုပ်ရပါမလဲ...
တွေးရင်း ဖြင့် ဒီစာကို ရေးမိတော့တာပါပဲ။
@good-karma , @esteemapp, @busy.org and @minnowsupport တို့က အလာနည်းပြီး sbd $ လျော့သွားတာက တော်သေးဗျ။ @zappl ကြီးက Steem Power တွေတောင် ပြန်ပေးလိုက်ရပြီနဲ့ တူတယ်ဗျ... SP 3000 ကျော်ပဲ ရှိတော့တာ... သွားပါပြီဗျာ😁😁😁

ကိုဟိန်းကြိုးစားမှု ကိုလေးစားပါတယ်
Active အဖြစ်ဆုံးစာရင်းထဲကပါပဲ

ဟုတ် ကျေးဇူးပါဗျာ
Bro လည်း ကြိုးစားပါဦး

esteem app သုံးရင် 5% ယူတယ် .. မိမိက 70% ဘဲရတယ် .. @good-karma မလာရင် 5% ရှုံးပါတယ်

ဟုတ်ပါ့ ဆရာမရယ်...
ဒီရက်ပိုင်း @good-karma and @esteemapp
တို့က မလာသေးတော့ မျှော်မောကြီးပါပဲ😁

SP 500 ဆီသို့ ချီတက်​ကြပါစို့

Steem Power 500 မြန်မြန်ပြည့်ဖို့
အရေး မနှေးချီတတ်နေရတာလည်း
ဟောဟဲဟောဟဲ ဆိုက်နေပြီ ညီရေ

G-karmaလည်း ခုနောက်ပိုင်း 2dayကျော်ရင် ရောက်လာတယ်
ဘယ်ဘယ်လိုစနစ်ပြောင်းသွားတယ်မသိဘူး