MSC Gathering Encapsulation

in #myanmar8 years ago

Nice a day...all steemians and MSC friends...
Thanksgiving to @donkeypong (Tom) ,
@kachinhenry, Admin group and Members.
orca-image-338521693.jpeg
မင်္ဂလာပါ...
ရှေးဦးစွာ MSC Members တိုးတတ်ခိုင်မာဖွံ့ဖြိုးရေး
အတွက် ဦးဆောင်ပေးသော ကိုဟင်နရီအောင် @kachinhenry, Admin များနှင့် Supporting ပေးလျက် ကူညီပေးကြသော @donkeypong (Tom) နှင့် အဖွဲ့သားများအား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့် အနေဖြင့် MSC gathering အကြောင်း မတင်တော့ဘူးလို့ စိတ်ကူး ရှိခဲ့ပေမယ့် မှတ်တမ်းမှတ်ရာ
ကျန်ရှိစေချင်သော ဆန္ဒ ဖြစ်ပေါ်လာ၍ အကျဉ်းချုပ်မှတ်တမ်း
အဖြစ် အမှတ်တရ ဓာတ်ပုံလေးများကို တင်ပေးလိုက်ပါတယ်။

ကျွန်တော်တို့အဖွဲ့သည် မန္တလေးမှ @aunggyi100 ,
@myanmarkoko နှင့် @konyinyitun
တို့သည် စစ်ကိုင်းမြို့သို့ လာရောက်ဆုံကြ၍ @ansoe နှင့်
စုစုပေါင်း ၆ ယောက်တို့သည် စစ်ကိုင်း- တံတား-မြင်းခြံ-
ညောင်ဦးလမ်း အတိုင်း ဆိုင်ကယ်များဖြင့် စီးနင်းလာခဲ့ကြသည်။
03:08:2018 ညနေတွင် ပုဂံညောင်ဦးသို့ ရောက်ရှိခဲ့ပြီး
တည်းခိုရာ ဝါးကျောင်း ဘုန်းတော်ကြီးကျောင်းတွင် MSC
အဖွဲ့တော်သားများနှင့် ဆုံစည်းခဲ့ပါတယ်။
orca-image-1496340027.jpeg
ညဦးပိုင်းတွင် MSC leader ကိုဟင်နှင့်တကွ Admin
များနှင့် ကျွန်တော်တို့ အဖွဲ့ဝင်အချို့သည် ပုဂံမြို့ဟောင်း
သရပါတံခါးဝနားမှ သရပါစားသောက်ဆိုင်တွင် စင်ကာပူမှ
ကိုဟင် ယူဆောင်လာသော Whisky ဖွင့်ဖောက်ကာ
Cheer MSC လုပ်၍ အဖွင့် တွေ့ဆုံပွဲ ကို ကျင်းပခဲ့ကြပါတယ်။
ကြိုရောက်နှက့်သော အဖွဲ့ဝင်များကတော့ နေ့လည်ခင်းပိုင်းမှာ
မြန်မာ့ရိုးရာ ပင်ကျရေများဖြင့် ပွဲတော်တည်ပြီးခဲ့ကြတာပါ။
orca-image--1926888809.jpeg
04:08:2018 မနက်ခင်းပိုင်းတွင် ကျွန်တော်တို့ MSC
အဖွဲ့သည် @thatkozaw စီစဉ်ပေးသော MSC Breakfast
ကို စားသောက်ပြီး ပုဂံဘုရားစုံဖူးခြင်းကို ဆောင်ရွက်ခဲ့ကြပါတယ်။
ပုဂံဘုရားဖူရင်းနှင့်ပဲ MSC Gathering အမှတ်တရ
ဓာတ်ပုံများ ရိုက်ခဲ့ကြပါတယ်။
orca-image-833617290.jpeg

orca-image--1354058257.jpeg

orca-image-498023057.jpeg

orca-image-2020828209.jpeg

နေ့လည်ခင်းပိုင်းတွင် MSC Gathering Meeting ကို
ကျင်းပဆွေးနွေးခဲ့ကြပါတယ်။ MSC Leader ကိုဟင်နရီအောင်
မှ MSC ရည်ရွယ်ချက်များ ၊ လုပ်ဆောင်မည့် စီမံကိန်းများ၊
အဖွဲ့တိုးတတ်ရာတိုးတတ်ကြောင်းများနှင့် အနာဂတ် Steemit
Platform အခြေအနေများကို အကျဉ်းချုပ် ဟောပြောပေးသွား
ခဲ့ပြီးနောက် Admin များနှင့် အဖွဲ့ဝင်များမှ တစ်ဦးချင်း
မိမိတို့၏ သဘောထားအမြင်၊ အကြံဉာဏ်များ ဖွင့်ဆိုပြောကြား
မိတ်ဆက်ခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။
orca-image-878272479.jpeg
ညနေပိုင်းတွင် အဖွဲ့ဝင်အချို့ နေရပ်ပြန်ကြပါတယ်။
orca-image-202754572.jpeg
05:08:2018 မနက် 4:30 နာရီလောက်တွင် တည်းခိုသည့်
ဘုန်းတော်ကြီးကျောင်း၌ MSC Donation အာရုံဆွမ်း
လောင်းလှူခဲ့ကြပါတယ်။
orca-image--1638448285.jpeg
ထို့နောက် @thatkozaw နှင့် ကျန်ရှိအဖွဲ့ဝင်များမှ လုပ်စရာ
များ လက်စသတ်သိမ်းဆည်းရှင်းလင်းပြီး နေရပ်ပြန်ခဲ့ကြပါတယ်။

ဤသည်မှာ MSC တွေ့ဆုံပွဲ အကျဉ်းချုပ်မှတ်တမ်း သဘောမျှသာ
ဖြစ်ပါသည်။ တွေ့ဆုံပွဲ ရလဒ်၊ သဘောထားအမြင်များနှင့်
ဆွေးနွေးခဲ့သော အချက်အလက်များအား ချန်လပ်ထားခဲ့ပါသည်။
မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ MSC ၏ မှတ်တိုင်တစ်ခု
ပင် ဖြစ်ပေသည်တကား။
တွေ့ဆုံပွဲတွင် တွေဆုံသိကျွမ်းခဲ့ရသော မိတ်ဆွေအားလုံးကို
ခင်မင်လေးစားတန်ဖိုးထားကာ ကျေးဇူးတင်ရှိပါသည်။

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...
@billionairehein
MSC - 193

Sort:  

နောက်ပွဲများဆုံနိုင်အောင်ကြိုးစားပါ့မယ်ပြန်လည်ဆုံတွေ့ဖို့စီစဉ်ပါအုးံနော်

တွေ့ဆုံနိုင်ရပါစေဗျာ

msc gathering partyရဲ့ နောက်ဆုံးပိတ် ပိုလ့်လေးထင်ပါတယ်

ဒီထက် နောက်ကျမှ တင်မယ့်သူ ရှိပါဦးမလား😁😁😁

You got a 14.22% upvote from @dailyupvotes courtesy of @billionairehein!

ကိုယ်​​တွေ​တော့ မလာလိုက်​ရဘူးဗျာ ​နော၇်​နှစ်​​တော့ အားခဲထားတယ်​ ☺ ☺

နောက်နှစ်တော့ တကယ်ဆုံကြတာပေါ့

အဲ့ထဲက ကောင်မယေးက ဘူလေးလား ချစ်ချာယေးနော်

ချစ်ချာကောင်းလောက်အောင် ဆိုးသူလေးပါ😁😁😁

MSC Gatherin​g​ပျော်​စရာအရမ်း​​ကောင်းမှာဘဲ👍👍

ကောင်းခဲ့ပါတယ်ဗျာ

နောင်နှစ်တော့ တောင်ကြီးမှာ ရောက်အောင် လာခဲ့ပါ့မယ် ကိုဟိန်းရေ

ထပ်မံတွေ့ဆုံချင်ပါတယ် ဘုရား

You got a 9.79% upvote from @minnowvotes courtesy of @billionairehein!

ဘဝအတွက်‌ အမှတ်‌‌တရ ပွဲ‌ပါဘဲ ကိုဟိန်း။

မှတ်မှတ်ရရရှိအောင် လုပ်ဆောင်ခဲ့ပါတယ်

သတိရမိပါသည်

ပြန်သွားချင်လို့လားကွယ်

နောက်ဆုံးပေမယ့် မရိုးနိုင်ဘူး

ပုံစုံအောင်တင်ပေးထားတာပါလေ

ဓာတ်ပုံတွေ အများကြီးပဲ
😂

Activity တစ်ခု တစ်ပုံစီပေါ့ဗျာ

မတ်မတ်တော့ အမတ်တောင် မရဘူးမလား.အေးလေ ဘယ်ရပါ့မလဲ g1ကမ မဟုတ်တာ 😁စတာပါ မတ်မတ် မရောက်ဖြစ်ပေသိ ခုလို ဝေဝေဆာဆာ ပုံလေးတေနှင့် မျဝေပေးတာ ကိုယ်တိုင်ရောက်ရသလိုပါဖဲ 10qပါခွယ်😁

ပြန်အမှတ်ရမိအောင် နောက်ကျမှ တင်ပေးထားတာ

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 12.26% upvote!
I was summoned by @billionairehein. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Congratulations! This post has been upvoted from the communal account, @minnowsupport, by billionairehein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.