ဂဏန်းစဉ်​ အချစ်​ဇာတ်​ထုတ်

in #myanmar7 years ago (edited)


မင်္ဂလာပါ..
အားလုံး ပြုံး​ပျော်​ရွှင်​နိုင်​ကြပါ​စေလို့
ဆုမွန်​​ချွေလိုက်​ပါတ်​ခင်​ဗျ။
•••••••••••••••••••••••••••••••••••••••
(တစ်​)
တစ်​တစ်​ခွခွ တဖွဖွ​ပြောသွားတဲ့ နင်​ငါ့ကို ခါးခါးသီးသီး မုန်းတဲ့အ​ကြောင်း​တွေဟာ ငါ့အသိဥာဏ်​ထဲမှာ "တစ်​တလီတစ်​"လို့​အော်​ဆိုခဲ့ဖူးတဲ့ ​ကျောင်းစာ​လို ခုထက်​ထိထင်​ကျန်​နေဆဲပါပဲ။တစ်​သက်​မှာ တစ်​ကြိမ်​တခါ ပွင့်​လာခဲ့တဲ့ ငါ့ရင်​ထဲက ရှားပါးအချစ်​ပန်းက​လေးကို နင်​မို့လို့ အပျင်း​ဖြေသလို နင်း​ချေရက်​​တယ်​။နင်​မုန်းတဲ့ညက ငါ့အိမ်​အမိုးမှာ တစ်​​တေတူးထိုးသံ​တွေ ကြားခဲ့ရတယ်​။

(နှစ်​) " "နှစ်​လွှာ​ပေါင်းမှ တစ်​ရွက်​ဖြစ်​တဲ့ စွယ်​​တော်​ရွက်​က​လေးလို ထာဝရမခွဲပါရ​စေနဲ့​နော်​" " ဆိုပြီး ဟိုအရင်​က​ နင်​ပြောခဲ့ဖူးတဲ့ စကား​လေးကို​တော့ မေ့ပြီ​ပေါ့။အေး​ပေါ့​လေ..ငါ့ဘက်​က နှစ်​နှစ်​ကာကာ အရူးအမူးချစ်​ခဲ့မိ​သူဆို​တော့လဲ နှစ်​နဲ့နှစ်​နဲ့​ပေါင်း​(ငါး)ရရမယ်​လို့ နင်​ပြောခဲ့တာကို​တောင်​ မျက်​စိမှိတ်​ခေါင်းညိမ့်​ပြီး မင်းကိုပြုံး​ပျော်​​စေခဲ့ပါတယ်​။
သိထားဖို့က နင့်​အ​ပေါ်ထားတဲ့ ငါ့ချစ်​ခြင်း​တွေဟာ နှစ်​ချို့​လေ​လေ​​ တန်​ဖိုးကြီး​လေ​လေဖြစ်​တဲ့
ဝိုင်​အရက်​လိုပါပဲ။

(သုံး) အသုံးအဖြုံး​တွေကို​လျော့ပြီး နင်​နဲ့ဘဝတည်​​ဆောက်​ဖို့ ငါစိတ်​ကူးခဲ့ပါတယ်​။ချွေတာတဲ့အ​နေနဲ့ တခါသုံး ဘရိတ်​ဓားကို အခါခါပြန်​သုံးတာမျိုးတို့၊ သုံးမိုင်​​လောက်​​ဝေတဲ့ခရီးကို ကိုး​ခြောက်​ကိုးသုံး ကိုယ့်​ဟာကို ​ခြေလျင်​​လျောက်​တာမျိုးတို့​ပေါ့။
ငါအမြဲထိုးတတ်​တဲ့ သုံးလုံးထီကို​တောင်​ နင်​နဲ့ချစ်​ခဲ့တဲ့တ​လျောက်​ ဖြတ်​ခဲ့တာကြည့်​​ပါ​တော့။

(​လေး)​လေး​လေးနက်​နက်​ ငါ့ဘက်​ကရှိခဲ့​ပေမဲ့
နင်​က​တော့ ငါ့ကို" "​ဆောင်​ရင်​​လေး ပစ်​ရင်​​ အဝေးရောက် ​ရေစိမ်​​သောက်​ ​သေး​ပေါက်​"တဲ့ မင်းရဲ့အ​ဆောင်​ဓာတ်​လုံး​လောက်​​တောင်​ အ​လေးမထားပဲ ကလေးကလား ​သ​ဘောထားခဲ့တာ ငါသိပါတယ်​။အခု​တော့ "ဗူး​လေးရာ ဖရုံဆင့်​"ဆိုသလို နင်​မရှိတဲ့ကမ္ဘာမှာ အလွမ်း​တွေကို ထမ်းပိုးကာ ​လေးသထက်​​လေးခဲ့ရပါပြီ။

(ငါး) "ငါးမရ ​ရေချိုးပြန်​" ဆိုတဲ့စိတ်​လဲမရှိခဲ့လို့
ချိန်း​တွေ့ကြတုန်းက ကျကျန်​ခဲ့တဲ့ နင်​ရဲ့လက်​ပတ်​နာရီ​လေးကို ပိုကာဝိုင်းမှာမသုံးပဲ နင်​တို့နဲ့ငါးအိမ်​​ကျော်​က နင့်​သူငယ်​ချင်း မယ်​လှ က​နေတဆင့်​ ငါပြန်​​ပေးခဲ့တယ်​​လေ။လွတ်​​သောငါးလဲ မကြီး​တော့ပါဘူး​လေ..မင်းမှ ငါ့ဆီမ​ပျော်​နိုင်​တာပဲ။

(​ခြောက်​)​ခြောက်​ကပ်​ကပ်​ရယ်​သံ​တွေနဲ့ ငါ့အလွမ်း​တွေကို နင်​ပြက်​ရယ်​ပြုရက်​တယ်​​နော်​။ငါ့မှာ​တော့ နင်​နဲ့ပြန်​လည်​နီးစပ်​ဖို့အ​ရေး သရဲ​ခြောက်​မှာ​တောင်​ ​တွေးမ​ကြောက်​ပဲ ည​နေ​ခြောက်​နာရီတိုင်း ရွာ​အ​နောက်​ဘက်​က သစ်​​ခြောက်​ပင်​ကြီး​အောက်​မှာ ထိုင်​ထ​အခါ​ခြောက်​ဆယ်​ လုပ်​ရမယ်​ဆိုတဲ့ ​ဗေဒင်​ဆရာရဲ့ယတြာအတိုင်း ​ည​နေတိုင်းသွားခဲ့ပါတယ်​။

(ခုနှစ်​) "ခုနှစ်​စဉ်​ကြယ်​​ပြောင်​ အမှီးရယ်​​ထောင်​ လူပျို​မောင်​​မောင်​ ​ရောက်​မဲ့အချိန်​ပဲ" ဆိုတဲ့​ ​ရှေးကဗျာ​လေးကို ​ဆိုရင်း ငါအလာကို​ ချိန်းဆိုရာက ​​မျှော်​​နေတတ်​ရှာသူ​လေး​ရေ..အခု​ဟောဟိုမှာ...မိုး​ပေါ်က ခုနှစ်​စဉ်​ကြယ်​ကြီး အမှီး​ထောင်​​နေတာကို
ကြည့်​လှည့်​ပါဦးလားးးလို့ ခုနှစ်​သံချီ​ပြီး အရူးတစ်​​ယောက်​လို့ ထထအော်​ဟစ်​လိုက်​ချင်​​ပေမယ့်​ အဘကြိမ်​လုံးကို​ကြောက်​လို့ မျိုသိပ်​ခဲ့ရတဲ့ည​တွေလဲ မနဲပါဘူးကွယ်​။

(ရှစ်​) " "ရှစ်​ ရှစ်​..ရှစ်​ ရှစ်​" "ဆိုပြီး အသံကြားလို့ ​လမ်း​လျောက်​လာရင်း ခေါင်း​မော့လှမ်း​ကြည့်​​တော့ နင်​ဝယ်​စား​နေကျ စကားမ​ပြောတတ်​ရှာတဲ့ မုန့့်​ပြားသလက်​သယ်​​ မစိန်​မက သူ့ကို မုန့်​ဖို့အ​ကြွေး ရှစ်​ကျပ်​​ပေးဖို့ ကျန်​​သေး​ကြောင်း လက်​ဟန်​​ခြေဟန်​နဲ့ ​တောင်း​နေလို့ ငါ့ပုဆိုး ခါးပုံစကြားက ထန်း​ရေဖိုး​လေးထုတ်​​ပေးလိုက်​ရ​သေးတယ်​​လေ။ရှိမဲ့စု ထန်း​ရေဖိုး​လေးပါသွားလို့ စိတ်​ညစ်​ညစ်​နဲ့ ဥရှစ်​ပင်​​အောက်​ဝင်​ထိုင်​ပြီး ငိုင်​​နေတုန်း "ဖုန်း"ခနဲ ​ကြွေကျလာတဲ့ ဥရှစ်​သီးကြီး​လေ...ငါ့​ခေါင်းနဲ့ သီသီ​က​လေးလွတ်​တယ်​။ဘုရားးဘုရား ငါကံနိမ့်​​နေပါလားးး။

(ကိုး) ကိုးနဝင်း​ကြေ​ အန္တရယ်​ကင်းအောင်​ ရွာထိပ်​ကဘုရားမှာ မနက်​ကိုးနာရီတိုင်း ဂုဏ်​​တော်​ကိုးပါးကို တစ်​ရက်​ ကိုး​ခေါက်​ ကိုးရက်​တိတိ ငါသွားရွတ်​ရမယ်​။တစ်​ရက်​မှာ ရွာဦး​ကျောင်းက ကပ္ပိယကြီးဦး​နှောင်းက ငါ့အ​​ခြေအ​နေကို ရိပ်​စားမိပြီး " " ဟ​ကောင်​ရ..အချစ်​ဆိုတာ ကိုးကွယ်​စရာ မဟုတ်​ဘူးကွ..အချစ်​ကို ကိုးစားခဲ့ကြလို့ အဆိုးအများနဲ့ဇတ်​သိမ်းသွားကြတဲ့သူ​တွေအ​ကြောင်းကို ရာဇဝင်​အကိုးအကားနဲ့​ မင်းကို ​​သေ​သေချာချာ ​ပြောပြချင်​​ပေမယ့်​..ငါအခု​တော့ အချိန်​မရ​သေးဘူးး (နင်​တို့ဘကြီး)ဦးပြူးအသက်​ ကိုးဆယ်​​မွေး​နေအတွက်​ စီစဉ်​ရဦးမယ်​ "ဆိုပြီး အ​လောတကြီး သုတ်​​ခြေတင်​ကာ ရွာဝိုင်းထဲဝင်​သွားလို့ ငါ့မှာဆတ်​တငင့်​ငင့်​ကျန်​ခဲ့ရတယ်​။အင်းး မနက်​ဖြန်​​တော့ ​ဝေယျာဝတ်​စသွားလုပ်​ရင်း(ဝါးတီးဆွဲရင်း)မမြင်​တာကြာပီဖြစ်​တဲ့ နင့်​မျက်​နှာ​လေးကို ကိုးကိုးစားစား ကြည့်​ရချည်​​သေးရဲ့ ဆိုတဲ့အ​တွေးနဲ့
ငါ​ပျော်​သွားတယ်​။

(တစ်​ဆယ်​)ဆယ်​ခါ့တစ်​ခါ အကြည့်​ချင်းဆုံလာ​လေတဲ့ နင့်​မျက်​ဝန်း​တွေထဲမှာ အစိမ်း​ရောင်​အရိပ်​အ​ငွေ့​လေး​တွေ ကျဲပါးသွားတာ မြင်​မိလို့ ​ခြေမကိုင်​မိ လက်​မကိုင်​မိ ဖြစ်​ရတယ်​ဟာ..၊ နင်​..နင်​ငါ့အ​ပေါ် အရင်​လို သ​ဘောထားနိုင်​မယ်​​ပေါ့​နော်​..လို့ ​အော်​​​မေးလိုက်​ချင်​​ပေမယ့်​ သူ့အဘအိမ်​မှာ လူအများနဲ့ ကုသိုလ်​ပွား​နေတယ်​ဆိုတဲ့ အသိ​ကြောင့်​ ထိန်းထားရတယ်​။တခါတ​လေ နင်​ငါ့ကို လှစ်​ခနဲကြည့်​သွားတဲ့ အကြည့်​​တွေက fbက ဆယ်​လီမ​တွေထက်​ ဆယ်​ဆပိုပြီး ငါ့ကိုကလိကလိဖြစ်​​စေတယ်​ဆိုတာ ဝန်​ခံပါရ​စေ​။ဒီလိုနဲ့ အိမ်​ရဲ့​နောက်​​ဖေး ပန်းကန်​​ဆေးကြတဲ့​နေရာမှာ နှစ်​​ယောက်​ထဲအ​တွေ့ "နင့်​ကို ငါတစ်​ရက်​မှ မ​မေ့ဘူး သိလား" လို့ အ​မောတ​ကော ငါ​ပြောမိ​တော့ "​ဟော​တော့ သူများ​တွေ မြင်​ကုန်​လိမ့်​မယ်​..ရှင်​​တော်​​တော်​..ကဲ" သိပ်​အချိန်​ဆွဲမ​နေနဲ့ ..ဒီတခါ ဝါကျွတ်​ရင်​ နီးကြဖို့ပြင်​​တော့" ဆိုပြီး သုတ်​သုတ်​ သုတ်​သုတ်​နဲ့ ထွက်​အသွား အ​ရှေ့နားက နွားချည်​တိုင်​ငုတ်​ကို နင်​ခလုပ်​တိုက်​တာကို ကြည့်​ပြီး ငါရယ်​ခဲ့ရ​သေးတယ်​။
ငါ​လေ..ငိုခဲ့ရသမျှ ဒီ​နေ့​တော့ အတိုးချဝမ်းသာရပါပြီ။စိတ်​သာချပါ​တော့..
နင့်​မိဘထံမှာ လက်​ဆယ်​ဖြာထိပ်​မှာမိုးပြီး အတူ​နေကြဖို့အ​ရေး အခါ​တော်​​ပေးပါရ​စေ​တော့။

Credit -Photos
••••••••••••••••••••••••••••••••••••••••••••••••
ချစ်​​သောအားဖြင့်
By @Builderb

Sort:  

Wow..မိုက်တယ်..bro..
ရေးချက်တွေကတော့ လန်းတယ်

Hi @htetwaihin
ကျေးဇူးတင်ပါတယ်ခင်ဗျ။
အစစ အဆင်ပြေပါစေခင်ဗျ။

လန်းတယ်

Thanks sis!

ပုံလေးတွေထည့်ပါဗျ အရေးအသားက ကော တွေးအားကကော ကောင်း စာရေးဆရာလုပ် Steemit ဆောင်းပါးများဆိုပီးတော့ စာအုပ်ထုတ်ရင်ကောင်းမလားဘဲ

ကို @ansoe တို့က​တော့ အား​ပေးကြမ်းတယ်​ဗျ..
ဟုတ်ကဲ့ ပုံလေးတွေ ထည့်ပါဦးမယ်။
သိပ်​မအားလပ်​​တာခက်​သဗျ..​နောက်​ဆို မှန်​မှန်​တင်​နိုင်​ဖို့ကို မလွယ်​​သေးပါဘူးဗျာ..​ကျေးဇူးပါဗျာ
အားလုံး အဆင်​​ပြေပါ​စေ