မိန်းမမိုက်​​မလေးထံပါးသို့ ပန်​ကြားလွှာ

in #myanmar7 years ago (edited)

writing-a-letter-sytyj9dh.jpg
မင်္ဂလာပါခင်​ဗျ...
လွန်​ခဲ့တဲ့ တချိန်​က မိဘ​တွေရဲ့ အိမ်​​ထောင်​​ရေး အဆင်​မ​ပြေမှု​ကြောင့်​ အဖိုးအဖွား​တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ သံ​ယောဇဉ်​ဖြစ်​ခဲ့ဖူးပါတယ်​။က​လေးဘဝက မိဘ​မေတ္တာကို မရရှိခဲ့​တော့ စိတ်​ဒဏ်​ရာရခဲ့သလို ဖြစ်​ခဲ့တယ်​ဆိုတာ သူမစကားတချို့အရ သိထားခဲ့ရပါတယ်​။ဒီလိုနဲ့ တ​နေ့မှာ စိတ်​မ​ကောင်းစရာ သတင်းဆိုးတစ်​ခုကြားလာရတယ်​။
သူမကိုယ်​သူမ လုပ်​ကြံဖို့ကြိုးစားတဲ့ သတင်းပါ။
ကံ​ကောင်း​ထောက်​မလို့ ကြံစည်​မှုက မ​အောင်​မြင်​ခဲ့ပါဘူး။နောက်​ထပ်​ ရက်​အနည်းငယ်​မှာ​တော့ အဲဒီအ​ကြောင်းကို သူကိုယ်​​တိုင်​ ကျွန်​​တော့်​ဆီလှမ်း​​ပြောလာခဲ့ပါတယ်​။အဲဒီအ​ခြေအ​နေမှာ ကျွန်​​တော်​သူမဆီကို စာတစ်​​စောင်​​ ​ရေးပို့ခဲ့ပါတယ်​။အဲဒီ ကျွန်​​တော့်​စာ​လေးကို သွား​လေရာ အိပ်​ကပ်​ထဲထည့်​ကာ ယူသွားတတ်​ပြီး မကြာခဏ ထုတ်​ဖတ်​ဖြစ်​တယ်​လို့ ကြားခဲ့ရပါတယ်​။အရင်​လိုလဲ ရူးရူးမိုက်​မိုက်​ မကြံအပ်​တာကို မကြံ​တော့ပါဘူးဆိုတဲ့အ​ကြောင်း ကတိ​ပေးလာခဲ့ပါတယ်။နောက်​ပိုင်း သူ့မိခင်​ဖြစ်​သူနဲ့ ပြန်​​တွေ့သွားပြီး အ​မေနဲ့အတူတူ ​နေနိုင်​ပြီဆိုတာ ကြားမိလို့ ဝမ်းသာခဲ့ရပါတယ်​။ဝမ်းသာလို့ မဆုံး​သေးခင်​မှာပဲ နောက်​ထပ်​ ကြားရတာက​တော့ အ​မေ​စီစဉ်​​ပေးတဲ့ အိမ်​​ထောင်​တစ်​ခုကို တည်​​ဆောက်​လိုက်​ပါပြီဆိုတဲ့အ​ကြောင်း အ​ဝေးတ​နေရာက​နေ သိခွင့်ရလိုက်​ပါတယ်​။အခု ကျွန်​​တော့်​အီး​မေးလ်​ထဲမှာ တခြားလိုအပ်​တာရှာရင်း​ဖွေရင်း မထင်​မှတ်​ပဲ​တွေ့မိတဲ့ အဲဒီစာ​လေးကို မျှေ​ဝ​ပေးမှာပါ။
ဖတ်​မိသူအတွက်​ အကျိုး​ကျေးဇူး တခုခုရရှိနိုင်​လိမ့်မယ်​လို့​ ​မျှော်​လင့်​ပါတယ်​ခင်​ဗျ။
•••••••••••••••••••••••••••••••••
old-love-letter-wallpaper.jpg

အကို စာရေးလိုက်တယ်..နော်။ သတိရလို့တော့ မဟုတ်ပါဘူး..။သတိရတိုင်းသာ ရေးနေရရင် အကို့စာတွေ ညီမလေးဆီမှာ စက္ကန့်မလပ်ရောက်နေမှာပါ။အချိန်ရလို့ ​ပြောစရာ​လေး​တွေလဲ ရှိလာလို့ ​ရေးလိုက်တာပါ..။ညီမလေး အခုချိန်မှာဘာတွေလုပ်နေမလဲ ...ဘယ်မှာရှိနေမလဲ မသိဘူးနော်..။အကိုကတော့ စိတ်မအားလပ်လိုက်နဲ့ အားတာနဲ့ တပြိုင်တည်း ညီမလေးဆီကိုစိတ်​က​ရောက်ပြီးသားပဲ..။
ထူးထူးထွေထွေ သတိ​ပေး​နေဖို့မလိုဘူး..။သူ့အလိုအလျောက်ပဲ ရောက်ရောက်သွားတာပဲ..။အကျင့်လိုကိုဖြစ်နေပြီ...ညီမလေးရယ်....။
စိတ်ရဲ့ ကွန်းခိုရာဆိုတာ ဒါကိုပြောတာနေမှာပဲလို့ သဘောပေါက်လိုက်မိတယ်..။ညီမလေးနေကောင်းတယ်.နော်..။ကျန်းမာရေးကို ဂရုစိုက်နော်..။ ဟိုတစ်ညက ညီမလေးပြောပြလို့ ညီမလေးအကြောင်းလေးတွေကိုသိလိုက်ရတယ်​​နော်​..
အဲဒီလိုသိလိုက်ရတော့ ညီမလေးအပေါ်မှာ မြတ်နိုးမှုပိုမိသလို ရင်ထဲမှာ စိုးရိမ်စိတ်လေးတွေလည်း အပြေးအလွားဆိုသလို ရောက်လာတာပေါ့။
နားလည် မိပါတယ်..။ အကိုလေ..ညီမလေးရဲ့ ကလေးဘ၀...နွေးထွေးတဲ့မေတ္တာရဲ့ အရိပ်ကို ခိုလှုံခွင့် မရခဲ့တဲ့အချိန်တွေကို
အကိုကိုယ်တိုင်ဖြတ်သန်းလိုက်ရသလို ခံစားနားလည်မိပါတယ်..။အထီးကျန်တဲ့ ခံစားမှုမှန်းမသိတတ်သေးတဲ့ အရွယ်မှာ အထီးကျန်မှုကိုခံစားခဲ့ရမှာပေါ့။အလိုမကျ..မကျေနပ်မှုတွေကိုလည်း နစ်သိမ့်နားလည်ပေးမဲ့သူတွေနဲ့ ကင်းဝေးနေခဲ့မှာပေါ့..။ကြေကွဲဝမ်းနည်းခြင်း၊ စိတ်အလိုမကျခြင်းဆိုတာတွေကိုလည်းပျော်ရွှင်လာအောင် နှစ်သိမ့်ဖျောင်းဖျပေးမဲ့သူမရှိပဲ.. ရင်ဆို့ဆို့နဲ့ မြိုသိပ်ကျေနပ်ခဲ့ရပေါင်းလည်း မနည်းဘူးပေါ့..ညီမလေးရယ်...။ဖိုးဖိုး၊ဖွားဖွားရှိတယ်ဆိုပေမဲ့ ဖေဖေမေမေလောက်တော့ ဘယ်ကျေနပ်မှုပေးနှိုင်မှာလဲ ..ဟုတ်တာပေါ့ ။ညီမလေး သူငယ်ချင်းတွေကို အလွန်အကျွံ ချစ်ခင်မိတယ် ဆိုတာလဲ ဟုတ်မှာပါ။တခါတလေ ကိုယ့်အလိုမကျမှုလေးတွေကို ဘာမှမတတ်နှိုင်ပေမယ့် နားထောင်ပေးမဲ့သူ၊ ပြောပြလို့ရမဲ့ အရွယ်တူအဖော်လေးတွေနဲ့ နေရတာ ပျော်စရာကောင်းနေမှာ သေချာတယ်။ဝမ်းနည်းနေတတ်တာ အကျင့်တစ်ခုလိုဖြစ်နေပြီ ဆိုတာလဲ ဟုတ်တာပေါ့..။
လုံးဝမတတ်နှိုင်တဲ့ အဆုံး ကလေးတို့ရဲ့သဘာဝ မျက်ရည်ဆိုတာနဲ့ပဲ အဆုံးသတ်ခဲ့တဲ့ အကြိမ်အခါပေါင်းလည်း နည်းခဲ့မှာမှမဟုတ်ပဲလေ.။ညီမလို အကြာကြီးမပြောနဲ့..အကိုငယ်ငယ်ကဆိုရင် မေမေတနယ်ခြားကို ညအိပ်ညနေသွားရင်တောင် နေ၀င်ချိန်ရောက်ရင် တမ်းတငိုနေခဲ့တာပါ..။သားသမီးရဲ့ ဘာသာစကားကို အတိအကျဘာသာပြန်ဖြည့်စွမ်းပေးနိုင်သူဆိုတာ အမေကလွဲလို့ တခြားသူမတတ်နိုင်တဲ့ အလုပ်ပါ။အဖိုးအဖွားဆိုတဲ့ သူတွေဟာ မြေးကိုအရမ်းချစ်တတ်ကြတယ်..။တခါတခါမှာ မြေးလေးကိုချစ်တာဟာ..နှစ်တာဖြစ်ချင်ဖြစ်နေတတ်တယ်..။ဒါပေမယ့် သူတို့ကတော့ ချစ်တာကလွဲလို့ တခြားမသိကြဘူး.။ ဒါအဖိုးအဖွားတိုင်းဖြစ်တတ်တဲ့သဘာဝပါ။အကိုလည်း ဖိုးဖိုးဖွားဖွားရဲ့ချစ်ခြင်းကိုခံစားခဲ့ရဘူးပါတယ်.။ အကို့ ဖိုးဖိုးဆိုရင်...မှတ်မိသေးတယ်..။အကို သိတတ်တဲ့အရွယ်အထိ သူသွားလေရာ သူ့ပခုံးပေါ်မှာ အမြဲတမ်းချီ်ပိုးခေါ်လေ့ရှိတယ်။ကလေးဆိုတဲ့သဘာဝအတိုင်း မြင်မြင်ရာစားချင်တော့ သူကိုပူဆာခဲ့ရင်အမြဲရခဲ့တယ်.။လောလောဆယ် မပေးနိုင်သေးတဲ့အရာဆိုရင်လည်း ဘယ်အချိန်မှာရရပါစေ့မယ်လို့ ကတိအမြဲပေးတတ်တယ်.။
မူလတန်းကျောင်းသားအရွယ် ဆော့ကစားချင်တဲ့ စိတ်ကလွဲလို့ တခြားနားမလည်သေးတဲ့ အရွယ်မှာ
စာမရလို့ ဖေဖေကရိုက်ရင် သူကအမြဲတမ်း ကြားဝင်ပြီး ပွေ့ချီ ချော့မြှုတတ်တယ်..။
အပြစ်တခုခုရှိလို မေမေက ဆူဆဲရင်လည်း သူမြေးကိုမဆူဖို့ မကျေမနပ် မြည်တွန်တောက်တီးတတ်တယ်.။
ဘာကြောင့်ဘာပဲလုပ်လုပ် သူ့မြေးမှာအပြစ်မရှိသလို အမြဲတမ်း ဟစ်ကြွေးလေ့ရှိတယ်...။
ဒီတော့ အကိုလည်း အလိုလိုက်မဲ့သူရှိခဲ့တော့ အကန်းတက်တတ်ခဲ့တာပေါ့..။
မေမေပြောတာကိုနားထောင်ချင်တဲ့ အခါမှထောင်တယ်..နားမထောင်ချင်ရင်မထောင်ဘူးပေါ့..။
မေမေက အန္တရယ်ရှိလို့တားပေမယ့် ဖိုးဖိုးဖွားဖွားက ခွင့်လွတ်ပေးတော့ အကိုလုပ်ခဲ့ရင် အန္တရယ်ထိတာပေါ့..။
ဥပမာ..မေမေက နေပူထဲကို မကစားဖို့ပြောရင် သူတို့က ပေးဆော့လို့ အကိုဆော့ခဲ့ရင်အကို နောက်နေ့မှာမျက်စိကျိမ်းတော့တာပေါ့..။
အဲဒီလိုပဲပေါ့ ညီမလေးရယ်...ညီမလေးလည်း ငယ်ဘ၀ကို ဖိုးဖိုးဖွားဖွားနဲ့ နေခဲ့ရတော့ နည်းလမ်းကျတဲ့ သွန်သင်မှုတချို့နဲ့ ကင်းဝေးခဲ့မှာပေါ့.။

ညီမလေးရဲ့ မသိစိတ်မှာ လောကကြီးကို အရွဲ့တိုက်ချင်တဲ့စိတ်၊ အားလုံးကို မထေမဲ့မြင်ပြုချင်တဲ့စိတ်၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့
တဇွတ်ထိုးစိတ်ကလေးတွေ အသိမသာ ကိန်းအောင်းနေခဲ့မှာပါ..။ဒါက စိတ်ရောလူပါနုနယ်သေးတဲ့ ကလေးဘ၀မှာ အထီးကျန်မှုကို ခံစားခဲ့သူတိုင်းဖြစ်လေ့ရှိတဲ့ သဘောပါ..။
အဲဒီတော့ ညီမလေးလဲ အဲဒီလိုလေးတွေရှိချင်ရှိနေခဲ့မှာပေါ့လေ..။နောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီစဉ်ချင်တဲ့အထိ ဖြစ်တော့မှာပေါ့လေ..။ကဲ..ဖြစ်ပြီးတာတွေကိုတော့ ညီမလေးမှားတယ်လို့ အကိုမပြောတော့ပါဘူး..။အခြေအနေတွေကိုက ဖြစ်လာအောင် တမင်ဖန်တီးသလိုရှိခဲ့တာပါ။ဒါပေမယ့် နောက်တခါတော့ စိတ်ကူးနဲ့တောင်မကြံစည်တော့ပါဘူးလို့ အကို့ကို ကတိပေးပါလား..ညီမလေးရယ်..။
ညီမလေး သိပြီးသားဖြစ်ပေမယ့် ပိုပြီးသဘောဘောပေါက်အောင် အကိုထပ်ပြောပါရစေ..။
လူဆိုတဲ့ အဖြစ်ကိုရဖို့ဆိုတာ တော်တော်ခက်ခဲ့တယ်ဆိုတာ.ညီမသိပြီးသားပါ။
ရိုးရိုးလေးပဲ စဉ်းစားကြည့်ပေါ့..သက်ရှိသတ္တ၀ါတွေထဲမှာ လူလောက် အဖက်ဖက်ကပြည့်စုံတဲ့ သတ္တ၀ါရှိမှ မရှိတာပဲ..ညီမလေးရ...။
လူ့ဘ၀ဆိုတာ..သွားလိုရာကို စိတ်ကြိုက်ရွေးချယ်သွားလို့ရတဲ့ သံသရာစက်ကွင်းကြီးရဲ့ ကြီးမားတဲ့ ဂိတ်တခုလို့ အကိုမြင်တယ်။
ဘာကြောင့်လဲ့ဆိုတော့ သူမှာ ခွဲထွက်ရွေးချယ်ပြီး သွားလို့ရတဲ့ လမ်းသွယ်ပေါင်းမြောက်မြားစွာရှိနေတယ်လေ..၊
ကောင်းရာလား မကောင်းရာလား နိမ့်ရာလား မြင့်ရာလား..ပူရာလား..အေးရာလား...ရွေးလို့ရနေတယ်လေ..။
ရွေးနိုင်စွမ်းတဲ့ မြင့်မားတဲ့ အသိဥာဏ်လည်း လူမှာပဲရှိကိုးလေ..တိရိစ္ဆာန်မှာ​တော့ အဲ​လောက်မြင့်မြင့်မားမားတွေးနိုင်တဲ့ အသိမှမရှိတာပဲ..။ကောင်းတာကို အကောင်းဆုံးဖြစ်သွားအောင်.။ ဆိုးတာကို အဆိုးဆုံး နောက်ထပ်ဆိုးစရာမကျန်အောင် လုပ်နိုင်တာ လူပဲရှိတယ်..ညီမလေးရ....။ ဥပမာပြောပြမယ်..လူတွေက ခွေးကို ယုတ်နိမ့်တဲ့ သတ္တါလို့ ယူဆကြတယ်.။
ဟုတ်တာပေါ့..ခွေးဆိုတာ တွေကရသေးပန်း တွေ့တဲ့နေရာမစင်စွန့်..နောက်ပြီးလူတွေရဲ့စားကြွင်းစားကျန်နဲ့ မစင်ကိုလည်းစားတတ်တဲ့ အလေ့ရှိတာကိုး..ဒီတော့ယုတ်နိမ့်တာပေါ့..။ဒါပေမယ့်.. သူ့မှာ သူများသိမ်းဆည်းထားတဲ့ ထမင်းဟင်းလျာကို ခိုးစားရုံကလွဲလို့ တခြားမကောင်းမှုကို မလုပ်တတ်ဘူး ညီမလေးရ...။လူမှာက ဒီလိုမဟုတ်ဘူးလေ...ဟိုး..မြင့်မြတ်တဲ့ နတ်စည်းစိမ်ကို ခံစားရအောင်အားထုတ်နိုင်သလို နောက်ထပ်နိမ့်စရာမရှိတဲ့ အနိမ်းဆုံး ငရဲပြည်ကိုရောက်အောင်လည်း ဖန်တီးနိုင်တယ်.။
ဟုတ်မဟုတ်ဆိုတာ ညီမလေးပဲ တွေးကြည့်ပါတော့။ ဒါက ဖြစ်လိုရာဖြစ်ခွင့်ရှိတဲ့ လူ့ဘ၀ကြီးဆိုတာ ညီမလေး မြင်လွယ်အောင်ပြောပြတာပါ..အဲဒါကိုမှ လူတွေက အသိဥာဏ်အဆင့်အတန်းအလိုက် ...တချို့က ရည်ရွယ်မှုနဲ့..တချို့က ဘယ်ဘယ်ညာညာမသိ စမ်းတ၀ါးဝါးနဲ့ ....တချို့က မသိတသိနဲ့ ကိုယ့်လမ်းကြောင်းကိုရွေးပြီး သွားနေကြတာပါပဲ..။
အဲဒီလို​ရွေးချယ်​ဖို့ အခွင့်​သာတဲ့ဘ၀ကိုရနေကြတဲ့ ညီမလေးနဲ့အကို မြင့်မြတ်ရာကိုပဲ အတတ်နိုင်ဆုံးကြိုးစားပြီး သွားကြရအောင်ပါ..ညီမလေးရယ်.နော်.။
အဲဒီလိုလူ့ဘဝရခဲလှလွန်းတဲ့အ​ကြောင်း အကိုတို့ ကိုးကွယ်ရာ မြတ်ဗုဒ္ဒဘုရားက ဟောထားဆုံးမခဲ့တာ
“လူပြည်မြေပြင်မှာ ထောင်ထားတဲ့ အပ်ဖျားနဲ့ နတ်ပြည်က လွှတ်ချလိုက်တဲ့ အပ်နှစ်စင်း
အဖျားခြင်းထိခပ်ခြင်ရင် ခပ်မိလိမ့်မယ်..လူဘ၀ကိုရဖို့ဆိုတာမလွယ်ပါဘူး..”တဲ့လေ...ခဲယဉ်းပုံကိုပြောပြထားတာပါ။
အပ်နှစ်ချောင်းကို လက်နဲ့ကိုင်ပြီး အဖျားခြင်းထိဖို့တောင် မလွယ်တာပဲ ညီမလေးရာ....။ဟုတ်တယ်မလား။
pen_letter_85695125-56b0906c5f9b58b7d0241501.jpg
ညီမလေး..နောက်ဆို စိတ်ညစ်စရာ စိတ်ရှုပ်စရာတခုခုကြုံခဲ့ရင် အကို့ကိုပြောပြပါနော်...။
အကိုလည်း အတတ်နိုင်ဆုံး ၀ိုင်းပြီး ကူစဉ်းစားပေးပါရစေနော်..။အရင်လို စိတ်ထင်ရာကို မလုပ်ပါနဲ့တော့နော်..ညီမလေး.. သိတတ်ပြီးသားပါ..အကိုသိပါတယ်..။
အသက်ပျောက်သွားရင်၊ သေသွားရင် ပြဿနာက ပြေလည်သွားလိမ့်မယ်...လို့ မထင်လိုက်ပါနဲ့.ညီမလေးရယ်..ဝတ်​​ကြွေးဆိုတာ ရှိသွားခဲ့ရင်​ အထုံဆိုတာရှိသွားခဲ့ရင်​ ဘဝဆက်​တိုင်းအတွက်​...၊
အကိုတွေးလိုက်တိုင်းရင်လေးမိတယ်...ကိုယ့်ကိုကိုယ်ကို တကြိမ်တခါသေကြောင်းကြံတဲ့ သူဟာ..
နောက်ထပ် အဲဒီလို မဖြစ်မနေဖြစ်ရမှာ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ ညီမလေး သိပြီးသားပါ..။
ငါးကမ္ဘာတဖန်လို့ ရေတွက်ရင် ငါးကမ္ဘာပေါင်း အကြိမ်ပေါင်းငါးရာဆိုတော့ ဘယ်လောက်ကြာညောင်းမလဲ...မလုပ်ပါနဲ့တော့ ညီမလေးရယ်နော်..။ အရင်ကထားပါတော့..အခု ညီမလေးအနားမှာ အခု အကိုရှိနေခဲ့ပါပြီ...ညီမလေးရဲ့အနားမှာ နှင်းပဲ ခဲခဲ ၊ မိုးပဲ သဲသဲ ၊ နေပူပဲ ကျဲကျဲ အကိုအမြဲရှိနေမှာပါ...။
အခုပြောပြခဲ့တာတွေက အကို့စိတ်မှာ မှတ်သားယုံကြည်ထားတဲ့ အမှန်တရားတွေကိုပြောပြတာပါ..ရှည်ရှည်ဝေးဝေးပြောတာက ညီမလေးကို မြတ်နိုးလွန်းလို့ပါ။အကို့ စာကိုဖတ်ပြီး ညီမလေးစိတ်ထဲမှာ တခုခုပြောင်းလဲလင်းလက်သွားခဲ့ရင် အကိုကျေနပ်နေမှာပါ။
ပြောပြချင်တာကတော့ အများကြီးပါ..ဒါပေမယ့်..ညီမလေး ငြီးငွေ့နေမှာစိုးလို့ နောက်မှပဲ..ရေးတော့မယ်နော်....။

            သတိတရရှိနေမဲ့ ...ညီမရဲ့..အကို

••••••••••••••••••••••

အားလုံး လိုအင်​ပြည့်​ဝကြပါ​စေ။
ချစ်​​သောအားဖြင့်​..
@Builderb

Sort:  

ကောင်းလိုက်တဲ့အားပေးစကားပါဗျို့ လူတစ်ယောက်အတွက် အားဆေးတစ်ခွက်ပါ။

ဒါနဲ့ မရှင်းလို့ ဒါလေးတော့မေးမယ်။ (နှင်းပဲ ခဲခဲ ၊ မိုးပဲ သဲသဲ ၊ နေပူပဲ ကျဲကျဲ အကိုအမြဲရှိနေမှာပါ) အဲ ရေကြီးရင်တော့ ထွက်ပြေးမဲ့သဘောလား ☻☻☻

111.jpg

:-D :-D
ကို​ဝေလု​ကျော်​ ရှိလို့ အဲ့အတွက်
စိတ်​မပူဘူးဗျ B-) Heee
ဒါဆို ဒီလို လုပ်​​ပေးလိုက်​မယ်​ဗျ..
နှင်းပဲ ခဲခဲ မိုးပဲ သဲသဲ ​နေပူကျဲကျဲ
လှိုင်းပဲ ထန်​ထန်​ အကို​အမြန်​​ပြေးလာခဲ့မှာဘာာာ... :):)
ကျေးဇူးပါ @ansoe ​ရေ

ဟိုက်ရှားပါး ပညာယူပရစေ ရေးချက်က လန်းလွန်းတယ်။

Hi @nyinyiwin
ကျေးဇူးတင်​ပါတယ်​ဗျ ..စကား​လေးနဲ့အား​ပေးလို့။
ကိုယ့်​ဘာသာ​တော့ အဲ​လောက်​လဲ ဟုတ်​မယ်​မထင်​ပါဘူးခင်​ဗျ။

ညီမလေးရယ် ……

:D :D အကို​တော့ ရယ်​ခဲ့တယ်​​နော
Thanks sis!