ဟုတ်ကဲ့.. မင်္ဂလာပါ @kachinhenry
အရင်ဆုံး ကျွန်တော်အပေါ်မှာ လမ်းညွှန်ပေးခဲ့ခြင်း မဟုတ်သော်လဲ တခြားတခြားသော မြန်မာအမျိုးတွေကို
လမ်းပြပေးခဲ့တယ်ဆိုတာ သိရလို့ကျေးဇူးလဲ တင်သလို ၀မ်းလဲသာမိပါတယ်လို့ ပြောပါရစေခင်ဗျ။
ကျွန်တော့် ဒီ community field ကို မြန်မာတစ်ယောက်အနေနဲ့ ကမ္ဘာက မြန်မာလူမျိုးကို အသိမှတ်ပြုစေရမယ် ဆိုတဲ့
စိတ်နဲ့ ၀င်လာခဲ့တာပါ။ဆိုတော့ မြန်မာဆိုတဲ့ tag ကို လူမျိုးတစ်ယောက် အနေနဲ့ ကျွန်တော် သုံးမိမှာပါပဲ။ဒါပေမယ့် အဖျက်သဘောဆောင်တဲ့ အပြုအမှုမျိုးကိုလုပ်ဖို့တော့ နဂိုကတည်းက ကျွန်တော့်ဆီမှာ မရှိခဲ့ပါဘူး။
ညစ်ညမ်းမှု အငွေ့အသက် ဒီ Fieldမှာ မရှိဘူးဆိုတာကိုလဲ ခံစားမိလို ၀င်လာတာပါ။ဒီတော့ ရှေ့လျောက်လဲ အသင်းအဖွဲ့မှာ ပါဝင်တာ မပါဝင်တာ အပထားပြီး မြန်မာ ညီအကို မောင်နှမ အားလုံးကို ကျွန်တော်ပေးနိုင်သမျှ ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။
E ငွေကြေးရောင်း/၀ယ်/လဲသူဆိုပြီး အရမ်းလဲ အထင်မကြီးပါနဲ့ ဦးခင်ဗျ။ခုထက်ထိတော့ အကျိုးအမြတ်ထက် ကွဲခဲ့ရတဲ့အကြိမ်က များနေပါတယ် :) :) .. နောက်ပြီး ကျွန်တော် ပရိုလဲ မဟုတ်သေးပါဘူးခင်ဗျ။ အခြားအခြားအလုပ်ကလေးတွေနဲ့ အသက်မွေးနေတဲ့ သာမာန်လူပါခင်ဗျ။
ဘယ်လိုပဲဖြစ်စေပါခင်ဗျ..
ကျွန်တော်ပေးနိုင်တဲ့ ကတိတခုကတော့ မြန်မာဆိုတဲ့ နာမည်နဲ့လူမျိုးကို ကျွန်တော့်အားနဲ့ အရောင်မထွန်းတောက်နိုင်ခဲ့ရင်တောင် ကျွန်တော့်ကြောင့်တော့ အရောင်မမှိန်စေရဘူး ဆိုတာကိုပါခင်ဗျ။
See U !!