အခြား အခြားသော အကြောင်းအရာများကို နား၍ ကျွှန်တော်နှင့် steemit တွေ့ခဲ့ပုံ အကြောင်းလေးကို တင်ဆက်ချင်ပါသေးသည် ။ ထိုအကြောင်းကို ဆွလိုက်သူမှာ ဒေါ်စုလှိုင် ဖြစ်ချေသည် ။ သူပြလိုက်တဲ့ Screen Shot လေးကနေ ရေးချင်စိတ်ပေါက်သွားတာပါ ။ နောက်တစ်ခုကတော့ စလုပ်စလေးမှာ vote နည်း comment နည်းလို့ဆိုပြီး အားငယ်သူတွေလဲ ရှိကြမှာပါ ။ ကိုယ်တိုင်ကလည်း ရေးစရာတွေ အများကြီး မတွေးတောတတ်ဖူးလေ ။ steemit ကို အစဆုံး သိခဲ့ရတဲ့ post ကတော့ ကိုဟင်နရီရဲ့ post ပေါ့ဗျာ ပြန် share ပေးတဲ့ ဆရာကတော့ nainglinnhtun ပါ ။ ဒီလိုနဲ့ 6/24/2017 မှာ steemit ကို စသိခဲ့ပါသည် ။ steemit ထဲတွင် ရောက်နှင့်ကြသူများကလည်း သိသလောက်ပြောပြပေးကြပါတယ် ။ အရင်ရောက်တယ်ဆိုတာကလည်း သိပ်မကွာကြသော ရက်ပိုင်းခန့်သာ ရှိကြပြီး ကိုဟင်နရီသာ ဝါရင့်သူ ရှိခဲ့သည် ။ အဲ့ဒီအချိန်က steemit ဆိုတာ ဘာရယ်လို့သေချာ မသိကြသေးတဲ့အချိန်ကို ။ ဒီတော့ အခက်အခဲများနှင့်ပေါ့ဗျာ ။ password အတွက်တော့ ကံကောင်းတယ် ပြောရမယ် လျှောက်ပြီး သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာဘဲ ရလာခဲ့ပါသည် ။

Intro လေးရေးပါဆိုတော့ ရေးတော့ရေးလိုက်ပါတယ် ဒါပေမဲ့ကိုယ့်ဖာကိုယ်တောင် ဘာမန်းသေချာမသိခဲ့ပါ ။ မြန်မာလူမျိုးတွေကလည်း အရမ်းနည်းသေးသည် ။ ထို့ကြောင့် အင်္ဂလိပ်လို intro လေး မမှုတ်တတ်ပဲ မှုတ်လိုက်တယ် နှစ်ကြောင်းနဲ့ အပြီး ။

အဲ့သလို အစပိုင်းမှာ tag က ဘာတွဲရမန်းမသိ tag မပါဘဲလဲ post က တင်မရပါ ။ လူကလည်း အတဲ့နေရာ နှစ်ယောက်မရှိလေတော့ tag ကို domelay ဆိုပြီး တင်လိုက်တယ် ။ ပြီးတော့ မစုလှိုင်ပြခဲ့တဲ့ Screen Shot လေးထဲက အတိုင်းပါဘဲ ။

နောက်တော့ ကိုသက်ကိုဇော်တို့ ကိုဟင်တို့ရဲ့ chat group ထဲကိုရောက်လာတယ် ။ အဲ့ဒီအချိန်က sbd ဈေးကလဲ အရမ်းနည်းသေးတယ် ဒီလိုအရနည်းနေတဲ့အချိန် ခု လူတွေများမြင်ရင် ချင်ချင်းလှည့်ပြန်သွားလောက်ပါတယ် ။ အဲ့ဒီအချိန်က လှည့်ပြန်သွားသူတွေလည်း အများအပြား ရှိခဲ့ဖူးပါသည် ။ နောက်တော့ ထို chat group ထဲမှ တိတ်တိတ်လေး ထွက်ပြေးလာပါသည် ။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်စာတွေရေးရတဲ့နေရာမှာ ကျွှန်တော်ရေးလိုက်သော စာများသည် မကောင်းပါ ။ ထိုမကောင်းတာကို vote တစ်ခုထဲနဲ့ 1$ လောက်ရအောင် ကိုဟင်နရီ vote နိုင်ခဲ့ပါသည် ။ အခြားသူများလဲ ဝိုင်းဝန်း vote ကြပါသည် ။ ထို့ကြောင့် ပြန်ထွက်လာပါသည် ။ ကိုယ့်ဖာသာရေးမယ် တစ်ပြားမှမရရင် တစ်ပြားမှ မယူပါ ဆိုတဲ့အတွေးနဲ့ပါ ။ ရေးထားတာ မကောင်းတဲ့ post တစ်ခုနဲ့ သူများ ဖတ်ပြီး မကြိုက်ပဲ ပေးတဲ့ vote တစ်ခုကို မလိုချင်ခဲ့ပါ ။ အဲ့ဒီတုန်းက ပါနော် ( ခု မကြိုက်ပဲ vote လဲ စိတ်မဆိုးဘူးရယ်) ။ ဒါပေမဲ့ ကိုဟင်နရီဆိုသူ တစ်ခါတစ်လေ ကျွှန်တော့ steemit blog လေးကို မျက်စိလည် ရောက်လာတတ်ပါသေးသည် ။ တမင်သက်သက် tag ထဲကတွေ့ပြီးလာတာလဲ ဖြစ်မှာပါလေ ။

ပထမဆုံး 1$ကျော်ကျော်လေး ရတဲ့ post မှာ အတော် ပျော်ခဲ့ဖူးပါသည် ။ အဲ့ဒီ အချိန်က sbd 1$ ကို 1 usd ပင် မပြည့်ဘူး ထင်ပါတယ် ။ သိပ်အကွာကြီးတော့ မဟုတ်ပါဘူး ။ ယခုကဲ့သို့ promotion ဆိုတာ မကြားဖူးခဲ့တဲ့ အဲ့ဒီအချိန်က စိတ်တွက်နှင့်ပင် steem power 100 ရဖို့ တစ်နှစ်ခန့်ပင် လုတ်ရမည်ဟု ထင်
မြင်မိတဲ့ အချိန်ခါလေးပေါ့ဗျာ ။
နောက်တစ်ပိုင်း ဆက်ပါဦးမယ်နော် ။
MSC . 9
Photos credit; Google Image
@domelay (အတွေးမျှင်လေးများ)
hello... i upvoted your blog and kindly upvote my blog as well...
Self promotion could make your reputation a whale snack!
Your Reputation Could be a Tasty Snack with the Wrong Comment!
Thank You! ⚜
woww very funny joke . Thanks for your comment .
လွမ်းမိတယ် $1 မကျော်ပဲ ဖြတ်သန်းခဲ့တဲ့ အတွေ အကြုံတွေကို
me too လွမ်းမိပါတယ် ကိုဖြိုးနဲ့စတွေ့တုန်းက အချိန်လေးတွေကိုလည်း ။
လွမ်းကြတယ်လား
အဲ့ဆို အဲ့အချိန် ပြန်ပို့ပေးရမလား ဟင် ...
😂
ဒါသက်သက်ဒုက္ခပေးထာ တစ်ခါတည်းမရေးပဲနဲ့ အပိုင်းဆက်တွေရေးနေတာ
တစ်ခါထဲပြီးသွားရင် ကျွန်တော် ဘာဆက်တင်မလဲ ဟိဟိ
အေးဟေး ပိုစ်တစ်ခုတင်ပီးတိုင်း 0.05 လောက်နဲ့ ကျေနပ်ခဲ့ရတဲ့ အကိုတို့ steemit အစလေး ပြန်သတိရမိတယ်။
ဟုတ်တယ်အကို သတိရမိသလိုပြန်ကြည့်လိုက်ရင် ရေးထားတဲ့ post လေးတွေလဲ ပြန်ပြုံးချင်စရာလေးတွေပါ
Congratulations! This post has been upvoted from the communal account, @minnowsupport, by domelay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
အစ်ကိုပြောမှ နဲနဲတောင်အားရှိသွားတယ်.
ခုထိတော့ steemitက သူငယ်ချင်းတွေနဲ့များများစားစား friမရှိသေးဘူး.ကိုယ်သိသလောက်အကောင်းဆုံးကြိုးစားပီးရေးနေပါတယ်.