တွေ့ဆုံစေသော steemit

in #myanmar8 years ago (edited)

Steemit သည် တစိမ်းများအားဆုံတွေ့စေခဲ့သည်တဲ့ ။ ထိုအတိုင်းဘဲ ထင်မိပါသည် ။ English လို ရေးထားတဲ့ post လေးဖြစ်တာကြောင့်ရယ် ကိုယ်လဲ English လို မတတ်တာကြောင့်ရယ် သိပ်တော့ မဖတ်ဖြစ်လိုက်ပါဘူး ။ သူတို့က india ကထင်ပါတယ် ။ သူတို့ Steemit က အဖွဲ့တွေတွေ့ကြတာပါ ။ ပျော်တော့ပျော်စရာပါဘဲ ဖတ်တတ်ရင် တော်တော် အဆင်ပြေမှာ ဘာလို့လဲဆိုတော့ အဲ့တာလေးဖတ်ပြီး တွေးမိတွေးရာ တွေးတာပေါ့ ။ ပြန်ဖတ်ဖို့ကျလဲ ရှာလို့မတွေ့နိုင်တော့ဘူးလေ ။ မတွေ့နိုင်တော့ ထားပါလေ ပြောချင်တာက သူတို့အကြောင်းမှ မဟုတ်တာ ။ ကိုယ်တွေးမိတာ ပြောမှာကို နော့ ။

IMG_20171223_121758.jpg

Steemit သည် သူစိမ်းများအား ရင်းနီးစေခဲ့ပါတယ် ။ ကျွန်တော်တို့ အရင်က သိတောင်မသိ မကြားဖူးခဲ့သူများ ၊ စာပေ၀ါသနာရှင်များ ၊ စာပေပညာရှင်များ ၊ Online မှ ပညာရှင်များ အစရှိသဖြင့် မိတ်ဆွေပေါင်းများစွာ တိုးပွားလာပါသည် ။ အသစ်ရခဲ့သော မိတ်ဆွေများ အများအပြား ရှိသလို တစ်ဦးနှင့်တစ်ဦးလည်း ဖေးမကြသည် ။ မိတ်ဆွေကောင်းများ များစွာ ရရှိခဲ့ပါသည် ။ အခြားသူများလည်း ထိုကဲ့သို့ ရရှိကြလိမ့်မည် ထင်ပါသည် ။ Facebook သုံးခဲ့သည် သို့သော် facebook တွင် ထိုသို့ အသိမိတ်ဆွေများ မရရှိခဲ့သလောက်ပါ ။

ထို့ပြင် Steemit တွင် အတူရှိနေခဲ့သည်မှာ Chat box နှင့် Blog ထဲတွင်သာများပါသည် ။ ထို့ကြောင့် myanmar Steemit အနေဖြင့် ဆုံတွေ့နိုင်စေရန် အကိုဒုန်တို့ စီစဉ်မည်ကို ကြားသိရသောအခါ ၀မ်းမြောက်မိပါသည် ။ ထိုသို့တွေ့ဆုံနိုင်ရန် ကျွန်တော်တို့လဲ ပါဝင်ကုညီပါဦးမည် ။ ကျွန်တော်တို့ တစ်နေရာရာသို့ သွားရင်း ထိုနေရာတွင်ရှိသော Steemit မိတ်ဆွေများနှင့် တွေ့ဆုံဖြစ်ခဲ့ပါသေးသည် ။ ပထမ ဆရာတင်နှင့် တွေ့ဆုံခဲ့ပြီး နောက် ကိုအတာ ကိုသက်နှင့် ပြည့်စုံခင်ခင်တို့နှင့် တွေ့ဖူးခဲ့ပါသည် ။ ကိုသက်ဆိုသူကတော့ အတော်များများနှင့်တွေ့ဖူးပါလိမ့်မည် ။

MSC တို့ တွေ့ဆုံကြမည့် အချိန်အားမျော်လင့်ရင်း

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

နိကတော့ ခုဆရာတင်နဲ့သွားတွေ့တယ်ပေါ့။နာတို့ကတော့ နိလိုအခွင့်အရေးသိပ်မရှိငဒိုရ။

တွေ့တာက နည်းနည်းကြာပါပြီလေ ။လာလေ ကုန်းပေါ်တက်ခဲ့ ။

အေးပါအေးပါ။နာကမ်းတတ်လို့မရလို့ပေါ့။တတ်လို့ရရင်တော့ တွေ့မယ်ငိုရေ

လက်​တွဲ​ခေါ်​ပေးပါဦး အကို

ဟုတ်ဟုတ် ဖြည်းဖြည်းလဲတွဲကြပါနော် လက်လဲပြုတ်တော့မယ်

ကျေးဇူးပါအကို

ကျနော် လာရင် အကုန်တွေ့မယ် အဟေး....

အမငိ ကြောက်စရာကြီး ပါလားအေ အကုန်တွေ့မယ်တဲ့

ခုထိတော့ ဘယ်သူနဲ့မှမတွေ့ရသေး...
မကြာခင်အချိန်အတွင်းတော့ တွေ့နိုင်အောင် ကြိုးစားအုံးမည်။

ဟု ဟုစ် အကုန်တွေ့ရဖို့ အစီစဉ်လေး လုပ်မယ်လေ ကြိုက်လားဟင်

ကြိုက်တာပေါ့...အာ့မေးစရာတောင်မလိုဘူး ..ko domeကလည်း

india တော့လုပ်ပါဒိုမီရယ် တွေ့ရပါလိမ့်မယ် မှန်မှန်ကန်ကန်တွေကို

ဟုတ် ကွီးစိုး

နာလည်း ဆရာနဲ့ ဆုံပြီးပြီ ဒိုမီရေ

ရုပ်ဆိုးဆိုးနဲ့အဖိုးအို ကို တွေ့ဘူးကြပြီပေါ့။

မိတ်တွေကောင်းများပေါ်ထွန်းရာပေါ့အစ်ကို.

လူ စုံတက်စုံ တခါလောက်တော့ တွေ့ ချင် မိတယ်ဟေ့ ၆ လကျော်ပြီ ခုထိ မမြင်ဘူးသေးဘူး

Congratulations! This post has been upvoted from the communal account, @minnowsupport, by mueeya from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.