ခုတလော ဂိမ်းဆော့ရတာလည်း အဆင်မပြေလှပေ။ Rank မှာ အရှုံးများနေ၏။ တွဲဆော့ရသည့်သူများက အဆင်မပြေပေ။ သူတို့က အဆင်မပြေတာလား၊ မင်းက အဆင်မပြေတာလားဟု မေးစရာတော့ ရှိ၏။ သူတို့က အဆင်မပြေတာက ပိုများသည်ဟု ပြောရမည် ထင်၏။ လုပ်သည့် လုပ်ထိုက်သည်ကို မလုပ်ဘဲ မလုပ်သင့်သည်များကို လုပ်နေသဖြင့် တော်တော်လေး ဆိုးလှ၏။ Grand Master II အထိ ရောက်လာခဲ့ပြီးမှာ ပြန်ဆင်းသွားလိုက်တာ GM IV နှင့် III မှာပင် လည်နေတော့၏။ ဆိုးလိုက်သည့် ဖြစ်ခြင်း။
ကျနော်ကိုင်သည့် Mage/Support အမျိုးအစား hero Nana နှင့်လည်း အဆင်မပြေတော့ပေ။ တခါတလေ အသင်း၏ လိုအပ်ချက် အရ Tank အမျိုးအစား hero ကို ပြောင်းပြီး ကိုင်ပေးရသည့် အခါမျိုးလည်း ရှိ၏။ ပြောင်းကိုင်ပေးရတာက ပြဿနာ မရှိပေ။ ကိုယ်က Tank ကိုင်ပေးပေမယ့် သူတို့က တလွဲ ထထပြီး လုပ်နေကြတော့၏။ ဘုရားစူး Tank ကိုင်ပြီး ဘာလုပ်ရမှန်း မသိသည့် ပွဲများ အတော်လေး များခဲ့၏။
ကျ ML ဆော့လာတာ (၁) လတော့ ကျော်လာပြီ ဖြစ်၏။ လေ့လာစဲ ဆိုပေမယ့် ထိုက်သင့်သလောက်တော့ နည်းလည်နေပြီ ဟုတော့ ပြောလို့ ရ၏။ သို့ပေမယ့် ကျွမ်းကျင်မှု ရှိဖို့တော့လိုသေး၏။ မိမိထက် ကျွမ်းကျင်သူနှင့် တွေ့လျှင်တော့ မိမိ ခံရပြီး၊ မိမိထက် ၀ါနုသူ အတွေ့အကြုံ နုသူနှင့် တွေ့လျှင်တော့ မိမိက အသာရပေါ့။ ကိုယ့် ထက်ကျွမ်းသူ၊ ကိုယ့်လောက် မကျွမ်းသူကတော့ ရှိနေမှာ သဘောဝပင်။ (၅) ယောက်၊ (၅) ယောက် တိုက်သည့် ပွဲမှာ အသင်းသားချင်း မညီလျှင် အလကားပင်။
တခါတလေ လူညီလျှင် ပွဲတပွဲကို ခဏလေးနှင့် အနိုင်ရသွားလေ့ ရှိ၏။ တကယ့်ကို ခဏလေးပင်။ ထိုအခါမျိုးဆိုလျှင် ပျော်ဖို့ကောင်း၏။ သို့ပေမယ့် ထိုကဲ့သို့သော် အခြေအနေမျိုးကလည်း (၁၀) ပွဲမှာ တပွဲလောက်သာ ကြုံရသည်ကိုး။ အမြဲတမ်း ထိုလူတွေနှင့်ပဲ စုပြီး ဆော့ရလျှင်တော့ တမျိုးပေါ့။ လက်တွေ့မှာက ထိုသို့ မဖြစ်လာနိုင်ဘူးကိုး။ တခါတလေ သူငယ်ချင်းများနှင့် စုပြီး ဆော့ဖြစ်သည့် အခါမျိုး ဆိုလျှင်တော့ အဆင်ပြေ၏။
ဒါတောင် (၅) ယောက်အဖွဲ့ထဲမှာ ကိုယ်နှင့် မသိသူ ပါလာက နည်းနည်း တွက်ချက်၊ ပြောဆိုရသေး၏။ အချင်းချင်းက ဘယ်သူကဘာ၊ ဘယ်လို ဆိုတာကို သိနေပြီးသားမလား။ ဘယ်လို ၀င်၊ ဘယ်လို ထွက်၊ ဘယ်ကို သွားမည်၊ ဘယ်လို တိုက်မည် ဆိုတာကို အများကြီး ပြောနေစရာ မလိုပေ။ သူငယ်ချင်းများ မအားသည့် အချိန်ဆိုလျှင် ကိုယ့်ကို အခြားသူများနှင့် ဆော့ရတော့၏။ တချို့လူများက ကောင်း၏။ အချို့လူများက အဆင်မပြေပေ။ အဆင်မပြေသည့် ကြားထဲ ဆဲက ဆဲနေကြသေး၏။ အတော်လေး ဆိုး၏။ မြန်မာ ကစားသမား အများစုက အဆင်မပြေလျှင် ဆဲကြတော့၏။
ကျနော်ကလား၊ မဆဲပါဘူး။ တခါတလေ ကိုယ်တောင် အဆဲခံလိုက်ရသေး။ မည်သို့ပင် ဆိုစေ ဖြစ်သမျှ သည်းခံပြီး အဆင်ပြေအောင်တော့ လုပ်ရပေလိမ့်မည်။ သို့မှသာ Rank တက်မည် မလား။
Don Jaun
MSC 31
ကျနော် လည်း nana ကိုင်တယ် Bro ။ season ၂ ခုပြီ ဆက်တိုက်ကိုင်တာ။ hero တစ်ကောင်တည်းပဲ ပုံမှန်ကိုင်တာ ကောင်းတယ် Bro။ပြီးတော့ ကိုယ်ကိုင်မယ့် hero ရဲ့  emblem ကို ပဲလိုက်တင်ပါ Bro။ အာ့ဆို ပွဲရှုံးလည်း mvp နဲ့  gold ကတော့ ever ရတယ်။
Hote
ကျေးဇူးပါ