ML Journey

in #myanmar7 years ago

t5n9axz4v5.jpg

ဘောလုံးအကြောင်း ပြောပြီးပြီ ဆိုတော့ ဂိမ်း အကြောင်း ဆက်ပြောပါဦးမည်။ ဂိမ်း အကြောင်းပဲ ရေးရေးနိုင်လွန်းသည်ဟု ပြောမည် စိုးသဖြင့် ယခု ရက်ပိုင်း မရေးဘဲ နေနေခဲ့ခြင်း ဖြစ်၏။ ML ဂိမ်းကို နေ့စဉ် မှန်မှန်လေး ဆော့ကစားလာခဲ့ရာ။ Grand Master I ရောက်ဖို့ အားပြင်ထားးပြီ ဖြစ်၏။ ရောက်တော့ မရောက်သေးပေ။ Grand Master V IV III II မှာပင် လည်နေ၏။ ကျသွားလိုက် ပြန်တက်လာလိုက်နှင့် လုံးခြာလည် လိုက်နေ၏။

တွဲကစားရသည့် သူများက ကောင်းလျှင် Level တက်လာလိုက်၊ ကောင်းကောင်း မကစားတတ်သူများနှင့် တွေ့လျှင် Level ပြန်ကျသွားလိုက်နှင့် သံသရာ လည်နေတော့၏။ Team Work နှင့် ကောင်းကောင်း ကစားတတ်သူများနှင့် တွေ့လျှင် အလွန်ကို ဆော့ကစားလို့ကောင်း၏။ အားလုံးက ကိုယ့်တာဝန်ကိုယ်ကျေကြ၏။ တကိုယ်ကောင်းလည်း မဆန်ကြပေ။ ထိုသူမျိုးများနှင့် တွဲဆော့ရလျှင် မိမိ Level လည်း တက်လာ၏။ အားလုံးအတွက် အကျိုးထူး၊ အကျိုးရှိ၏။

အချို့က ထိုသို့ မဟုတ်ပေ။ တွဲပြီးမဆော့ တကိုယ်ကောင်းဆန်စွာ ဆော့ကစား၏။ နိုင်လား ဆိုပြန်တော့လည်း မနိုင်ပေ။ ပြီးလျှင် ကိုယ့်အသင်းကလူများကို ပြန်ပြီး ဆဲဆိုကာ အပြစ်ကလည်း တင်သေး၏။ (၅) ယောက် (၅) ယောက် ယှဉ်ပြိုင်ရသည့် ဂိမ်း ဖြစ်သဖြင့် မညီညွှတ်ဘဲ တယောက်တပေါက် ဖြစ်နေပါက မည်သည့် နည်းနှင့်မျှ အဆင်မပြေပေ။ အားလုံးက ကိုယ့်တာဝန် ကိုယ်ကျေပြီး ဟန်ချက်ညီနေဖို့ လို၏။ ခံစစ်၊ တိုက်စစ် ဘယ်လို ဆော့ရမည် ပြင်ဆင်ထားရမည်ကို သေသေချာချာ သိပြီး ကစားနိုင်ဖို့ လို၏။ ထိုသို့ ကစားနိုင်လျှင် အနိုင်ရဖို့ အသာကလေးပင်။

တခါသားတုန်းက ကိုယ့်ဖက် lanes တခုမှ မကျိုးဘဲ ရန်သူ စခန်းကို ခဏလေးနှင့် တပါတည်း သိမ်းလိုက်နိုင်ခဲ့၏။ Rank mode မှာ ပထမဦးဆုံး lanes တခုမှ မကျိုးဘဲ အမြန်ဆုံး ပွဲသိမ်းနိုင်သည့် ပွဲဟု ပြောလို့ ရ၏။ Mage အမျိုးအစား hero Nana နှင့် ကျွမ်းကျင် အဆင့်ထိ ဆော့ကစားလာခဲ့ရမှာ ယခုအခါ Tank အမျိုးအစား hero Belerick နှင့်ပါ ကျွမ်းကျင် အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ ယခုတလော Nana တောင် ပြန်မကိုင်ရဘဲ Belerick ပဲ ကိုင်ကိုင်နေရတော့၏။ ကိုင်ချင်လွန်းလို့တော့ မဟုတ်ပေ။

Tank ကိုင်သူ မရှိသဖြင့် ကိုင်ပေးနေရခြင်း ဖြစ်၏။ ဘာလို့ရယ်တာ့ မသိ။ ML ကစားသူ အများစုက Tank မကိုင်လိုကြပေ။ အဓိကက support ပေးရသည့် အလုပ်ကို သိပ်မကြိုက်ကြခြင်း ဖြစ်မည်။ ထိုအစား ကိုယ်တိုင် ကိုယ်ကျ ကြမ်းချင်၊ တိုက်ခိုက်ချင်လို့ပဲ ဖြစ်မည် ထင်၏။ ထို့ကြောင့် ကျနော့်မှာ Tank ကိုင်ပေးရခြင်း ဖြစ်၏။ ရယ်ရတာ ရှိသေး၏။ ကျနော် ကိုင်သည့် Belerick က လူသိနည်း၊ လူကိုင်နည်း သည့် Tank အမျိုးအစားမျိုး ဖြစ်၏။ အချို့ အသင်းဖော်များက ကျနော် Tank မှန်းတောင် မသိကြပေ။ အဆိုးဆုံးက ကျနော် skill spell သုံးလိုက်သည်ကို ထွက်ပြေးနေကြ၏။ ၀င်ချရမည့် အစား ထွက်ပင် ပြေးနေကြသေး၏။ အတော် နောက်သည့် သူများပင်။

ယခုတော့ Belerick နှင့် အတော်လေး အကျိုးပေးနေသည်ဟုတော့ ပြောလို့ ရ၏။ Local Ranking မှာတောင် Top 1 ဖြစ်နေပြီ ဖြစ်၏။ Global မှာတော့ ဘာအဆင့်မှ မ၀င်သေးပေ။ Local မှာ top 1 ဖြစ်မှာပေါ့ Ranking မှာက (၃) ယောက်ပဲ ရှိတာကိုး။ ဒါကြောင့် ပြောတာပါ ကျနော်ကိုင်တဲ့ hero ကို tank မှန်း မသိကြပါဘူးလို့။ နားပါဦးမည်။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq