(21) ရာစု သည် ယှဉ်ပြိုင်မှုအလွန်မြင့်မားသည့် ခေတ်ကာလ တစ်ခုဆိုလျှင် မှားမယ်မထင်ပါဘူး။ လူတိုင်းသည် အကြောင်းအရာမျိုးစုံနှင့် ယှဉ်ပြိုင်နေကြရပါတယ်။ နေ့စဉ်လူနေမှု ဘဝမှာကိုက ယှဉ်ပြိုင်မှုတွေ အလွန်များပြားလှပါတယ်။ ဒီလိုယှဉ်ပြိုင်မှု များစွာထဲမှာ မှ အရောင်း/အဝယ် လုပ်ငန်းသည် များစွာကြီးမားလှသည့် ယှဉ်ပြိုင်မှု လုပ်ငန်းခွင်ကြီး တစ်ခုဖြစ်ပါတော့တယ်။
ဈေးကွတ်ဟု ပြောလိုက်ရုံးဖြင့် ရောင်းသူ/ ဝယ်သူ ဆိုသည်မှာ မပါမဖြစ်ဘဲ မဟုတ်ပါလား။ ရောင်းချသူတွေ အတွက် မိမိ၏ ရောင်းကုန်/ ဝန်ဆောင်မှုအတွက် ယှဉ်ပြိုင်ကြရပါတယ်။ ဝယ်ယူသူတွေ အတွက်ကတော့ ယှဉ်ပြိုင်ရောင်းချမှုများလေ အကြိုက်တွေ့လေပါဘဲ။
ကျွန်တော် ဥပမာ တစ်ခုပေးပါရစေ ( Just Eng )-
လွန်ခဲ့သည့် ရက်ပိုင်းက စက်တစ်လုံးကို (၁၂)သိန်း ကျပ်ဖြင့် ဝယ်ယူခဲ့ပါတယ် ဆိုကြပါတော့။ နောက်တစ်ခါဝယ်ယူဖို့အတွက် ဈေးနှုန်းများမေးတဲ့ အခါ ပထမဝယ်ယူသည့် ဈေးထက် (၁)သိန်းခန့် များနေတယ်ဆိုပါဆို့ဗျာ။ ဒီတော့ ကျွန်တော်မှာ ဒီ Supply တစ်ယောက်တည်းရှိရင် ကျွန်တော် သူဆီကနေဘဲ ဝယ်ယူရမှာပါ( ကျွန်တော်အတွက် ရွေးချယ်စရာ မရှိလို့လေ)။
ဒါပင်မဲ့ ကျွန်တော်မှာ Supply က (၅)ယောက်ထက် မနည်းရှိလေတော့ ကျွန်တော် ဈေးနှုန်းအရ သက်သာတဲ့ သူဆီက ယူမှာပေါ့။ ဒီလိုလုပ်တဲ့ အခါမှာ ကျွန်တော် ပထမလူဆီက စက် (၁၂) လုံးလောက်ရမှာဖြစ်ပင်မဲ့ ဒုတိယလူဆီက ဝယ်မယ်ဆိုလျှင် စက် (၁၃) လုံးလောက်ရမှာဖြစ်ပါတယ်။ ဒုတိယ လူဆီကဝယ်လျှင် ကျွန်တော်အတွက် စက် (၁၂) လုံးဝယ်ယူလျှင် (၁၂) သိန်းခန့် အပိုငွေထွက်လာမှာဖြစ်ပါတယ်။ ဒါက Supply ( ရောင်းချသူ) များလေ ကျွန်တော်ဘက်က ရွေးချယ်ပိုင်ခွင့် ပိုရှိလေ ဆိုတော့ အဆင်ပြေတာပေါ့။
ဒါပင်မဲ့ Supply တွေကတော့ ဈေးနှုန်းအရ ယှဉ်ပြိုင်မှုတွေ များလာတာပေါ့။ သူတို့အတွက် မကောင်းပင်မဲ့ ကျွန်တော်တို့ အတွက် အလွန်အဆင်ပြေပါတယ်။ ဒီလိုကိစ္စဟာ ရောင်းသူရော/ ဝယ်သူပါ ဘယ်သူမှ မမှားပါဘူး။ ခုခေတ်က ဒီလိုဖြစ်နေကြတာပါ။
- ဒါက ဥပမာ တစ်ခုပါ
ရောင်းချသူတွေ ဘက်ကတော့ မိမိ ဖောက်သည်တွေကို ဆက်လက်ထိန်းထားနိုင်ရန်-
- အရည်အသွေး
- ဈေးနှုန်း
-ဝန်ဆောင်မှု - ပြောဆို ဆက်ဆံမှု
- တာဝန်ယူမှု/ တာဝန်ခံမှု စသည်တို့များစွာလိုအပ်ပါတယ်။
ဝယ်ယူသူတွေဘက်ကတော့ အားလုံးကိုခြုံကြည့်ပြီး မိမိအတွက် ပိုအဆင်ပြေမည့် Supply ဆီက အားပေးမှာဖြစ်ပါတယ်။
တကယ့်လို့ မိမိဖောက်သည်တစ်ဦး လျော့သွားတယ်ဆိုရင် မိမိဘက်က ဘာတွေလိုအပ်ချက်ရှိသွားလဲ အစ/အဆုံး ပြန်တွေးစေချင်ပါတယ်။ သူတို့ (ဖောက်သည်) တွေက ကိုယ့်ဆီကနေ အလကား ယူနေကြတာမဟုတ်ပါဘူး။ တန်ရာတန်ကြေးပေးပြီး ဝယ်ယူသုံးစွဲနေကြတယ်ဆိုတာ ဘယ်တော့မှ မမေ့စေချင်ပါဘူး။ သူတို့က ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ဆိုရင်လည်း မမှားပါဘူး ( ကျွန်တော်ကတော့ အမြဲ ယခုကဲ့သို့ ခံယူထားပါတယ်) ။
ယှဉ်ပြိုင်မှုများသည့် ဒီလောကမှာ သင်ဂျင်းထည့်တာကို မသိခင်ကတော့ သင့်ဆီမှာ ရှိနေမှာပါ။ သူသိတဲ့နေ့ သင့်ဆီကနေ ပျောက်ကွယ်သွားမှာပါ။ ဒီတော့ ထိုက်သင့်တဲ့ အမြတ်ငွေကို ယူပါ။ လိုအပ်တာထက်ပိုပြီး စေတနာထားပါ။ 21 ရာစုဆိုတာ တစ်ခုခုကို အချိန်တိုအတွင်း သိရှိနိုင်လို့ သိပြီးဂျင်း မထည့်ကြပါနဲ့။ ဒီလောက မှာ ယှဉ်ပြိုင်မှုတွေ များပါတယ်။ သူများနည်းတူ မပြေးနိုင်လျှင် နောက်ကျကျန်ခဲ့မှာ မလွဲဧကန်ဖြစ်ပါတော့တယ်။
မှတ်ချက်- Post အဟောင်းလေးကို ယခုအချိန်နှင့်ကိုညီစေရန် လိုသလိုဖြည့်ထားပါတယ်။ ဘယ်သူကိုမှ ထိခိုက်လိုစိတ်မရှိဘဲ တကယ့်အဖြစ်မှန်ကို သတိထားမိစေရန်အတွက်သာဖြစ်ပါတယ်။
ဒီပကျော်
ရောင်းလိုအားနဲ့ ဝယ်လိုအားသဘောကို နမူနာလေးနဲ့ရှင်းပြသွားတာ တကယ်ကောင်းပါတယ်
Thank You
မတွေ့တာကြာနေပြီသားရေ။
ဟုတ် အသစ်တွေ မတင်ဖြစ်တာပါခဗျ
ရဗဟုသုတ ရတယ်ဗျာ
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.supplystore.com.au/brands/new-arrivals/c-28/c-150