From Singapore to Bagan (Travelling)

in #myanmar6 years ago (edited)

I am HenryPorker .I from Singapore.
This years holidays i hope will go to visit
in Golden Lands Myanmar..........
ခရီးစဉ်စတင်ပါပီ....
လေယဉ်ဆိုက်ရောက်သည်နှင့် ဟင်နရီ တစ်ယောက်
နိုင်ငံတကာတွင် မကြုံဘူးသော အဖြစ်က
"ဟးးးညီလေး cash 5000 ကျပ် "
"ဗျာ ကျနော်လည်း ဘာမှမလုပ် လာအမှားမှမရှိဘဲ
ဘာဆိုင်လို့ ၅၀၀၀ ပေးရမှာလဲဗျ.."
......

image

ညေး မင်းစမှားတာ မြန်မာပြည်ကိုခရီးသွားပီဆိုကတည်းကဘဲ
ခု ၅ထောင်က ဟောဒီမှာမြင်လား...မိဘမဲ့ဂေဟာတွေအတွက်"
ဟုဆိုကာ ဓါတ်ပုံအယ်လဘမ် ထုတ်ပြ၏
စိတ်ထဲ ဇနိုးဇနောင့်ဖြင့် ၅ထောင်ပါသွားချေပီ.....
ခနထိုင်ကာ ပါလာသော Macbook လေးအားဖွင့်၍
ပုဂံသို့လျှောက်လည်ရန် Google Map မှမြေပုံမှတဆင့်
အရင်ဆုံးလော့ချင်စိတ်ပေါက်လာ၍ ဖွင့်ကြည့်တော့...
"အားးပါးးးးစိမ်းစိုနေတာဘဲဟ...ရာသီဥတုကတော့
အတော်အေးမယ့်ပုံပေါက်တယ်"ဟု စဉ်းစားမိကာ
ရေအိမ်သာသို့ ဂျာကင် ဘာညာ အအေးဒဏ်ခံနိုင်အောင်
စတင်ပြင်ရန်ထွက်ခွာ၏...
လေယဉ်ပေါ်မှမြင်နေရတဲ့ ပုဂံရှု့ခင်းတွေက ရင်ခုန်စိတ်လှူပ်ရှား
စရာအလွန်ကောင်းပါဘိ ......လေယဉ်ပေါ်ကဆင်းလိုက်တာနဲ့
ဘယ်လောက်အေးမြပီး လန်းဆန်းနေမလဲဆိုတာ တွေးတောရင်း
ပထမခြေလှမ်းအစမှာတင်..
"ဟိုက်...နေရောင်က ဖွေးဥနေတာဘဲဟ သုံးလှမ်းဆက်လျောက်
အပူဒဏ်ကို စတင်ခံစားရပီ ဆယ်လှမ်းလျောက်တော့
ခြွေးတွေစိုရွှဲလာပီ မဖြစ်ခြေဘူးဆိုကာ ဂျာကင်ကိုချွတ်တော့
ပိုပူသဟ မဖြစ်ခြေဘူးဆိုကာ လေဆိပ်အဆောက်အအုံစီ
ဖနောင့်နဲ့တင် တသားတည်းကျအောင်ပြေးရပီပေါ့......"
ဒီနေ့ သာသာယာယာလေးရှိတုန်း လျှောက်လည်ဖို့
ဟော်တယ်မှ အထွက်..."ဖောင်း ဖောင်း ဖောင်း ထိန်း..."
လန့်ဖြတ်ကာ ဟော်တယ်ထဲသို့ပြန်ပြေးဝင်မိ၏
အပြင်လှမ်းကြည့်တော့ ဆိုင်ကယ်တစ်စီးဖြတ်သွား၏..
"ဟိုက် ငါတော့ကြာရင်ရူးလိမ့်မယ်...."တစ်ယောက်တည်း
စဉ်းစားရင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု့နယ်မြေစီသို့
အံ့သြလောက်စရာကောင်းသော လက်မှု့ပညာများကို
ရှု့စားပီးနောက် ဘေးနားရှိ လူငယ်တစ်ယောက်အား
အအေးဆိုင်ကောင်းကောင်းလေး ဘယ်နားရှိသလဲ
မေးလိုက်ရာ..
" Yes, Can i help you ...Do you went juicy or
sky beer "

image

သူမေးလိုက်သော အမေးက အချိုရည်ကိုသိပ်သဘောမကျလှ
Sky Beer ဆိုတာလေးကို အတော်စိတ်ဝင်စားသွား၏
"Ok i went Sky Beer "
" ok let's go"
သာယာလှပတဲ့ ထန်းတောကို Hnery ရောက်ရှိသွာာ၏
ပြင်ဆင်မွန်းမံမှု့တွေနဲ့ ဆိုင်ကြီးကနားကြီးတွေထိုင်ဖူးပေမယ့်
ဒီလိုသဘာဝထန်းတောမှာ ဖျာတစ်ချပ်သာ ရှိတဲ့
နေရာထိုင်ခင်းက အတော်လေး လွတ်လပ်အဆင်ပြေလှ၏
သူတို့ပြောသော Sky Beer အားလည်းမြည်းစမ်းကြည့်ချင်မိ၏
......
အမြည်းမီနူးမရှိပေမယ့် တိုးရစ်လာလျှင် အလိုက်သိတက်သော
ထန်းတောပိုင် "သာအေး" က ငုံးကြော် စာကလေးကြော် ပုဇွန်ကြော်

image

ပုတက်ကြော် နှင့် အမဲချဉ်စပ် တို့အားအမြည်းချပေးကာ
ထန်းရည် နှစ်မြူနှင့်အတူ ဖက်ကြမ်းဆေးပေါ့လိပ် ၅လိပ်
လာချပေး၏......
စမ်းပီးစသောက်ကြည့်တဲ့ တစ်ခွက်မှာတင် အရသာ
ကောင်းကောင်းကြီးတွေ့လေပီ ခါးသက်သောအရသာ
အရမ်းမခံစားရဘဲ လည်ချောင်းတလျှောက် ပူပြင်းရှရှ
အရသာလေးကတစ်မျိုးခံစားရ၏ ရေရေလည်လည်ကြိုက်ပီ
ဆေးလိပ်တအားမသောက်ပေမယ့် ရံဖန်ရံခါတော့
သောက်တက်သော အကျင့်ကြောင့် ဖက်ကြမ်းတစ်လိပ်
ကောင်ယူကာ မီးညှိရင်း တစ်ချက်ပြင်းပြင်း ရှုရှိုက်လိုက်တော့
အာပါးပါး ထန်းရည်အစွမ်းနဲ့ လေထဲမြောက်တက်သွားတယ်ဗျာ
အမြည်းဖြစ်သော အမဲချဉ်စပ်ကို တစ်ဇွန်းကောက်မြည်းတော့
အားပါးပါး...အမူးတွေတောင်ပြေသွားတယ်ဗျာ ...
မဖြစ်ချေဘူးဒီတိုင်းဆို အမြန်လစ်မှ ဘန်ကောက်သွားဖို့
လေယဉ်ချိန် မမှီမှာဆိုးရသေးတယ် ဘန်ကောက် ကနေ
ပြန်လာမှ ထပ်ပီး အေးအေး Sky beer လာတွယ်မည်ဟု
အံခဲရင်း ဟော်တယ်သို့ သုတ်ချေတင်းပြန်သွားလေတော့သည်..

Post writer :ThiHaKo(@gelatofresco)
MSC - 019

Sort:  

ကိုသာ‌အေးတစ်‌‌ယောက်‌ အညာ ပြန်‌ချင်‌‌နေပြီထင်‌တယ်‌။ SKY beer ‌တော့မသိဘူး၊အ မြည်း‌တော့ ကြိုက်‌သွားပြီ။

ဘာတဲ့ အမဲချဉ်စပ်လေးလေဟီးးးးး

ဖတ်​လို့​ကောင်းပြီးရယ်​ရတယ်​😁good tal

ကျနော်ဗျာ ဒါ့ထက်အတွေးကောင်းလေးပိုထည့်ရေးမလို့ အလုပ်မအားတဲ့ စနေ နေ့ဖြစ်နေတော့ အဆုံးသတ်ကိုပီးသလွယ်ရေးလိုက်ရတယ် ကျေးဇူးပါအမ

Sky beer က အချိုလား အခါးလား

ချိုတမြမြ နဲ့ ခါးခါး လေးပေါ့ ဗျာ

အယ်လယ် သူသိနေပါ့တော်

ချိုခါးလေးဟီးးးးး

ဟီးရီ​နေရတယ်​​နော်​။ဖတ်​လို့​ကောင်းပါတယ်​ရှင်​။

ဟုတ်ကျေးဇူးပါခင်ဗျ

ကျွန်တော်ကတော့မသောက်ဘူးဗျ
ဝမ်းမခိုင်လို့

အကိုသဘာ၀၀မ်းနှုတ်ဆေးလေဗျာဟီးးးးး

Sky Beer ဟုတ်လား
ကြိုက်သွားပြီဗျာ

ကြိုက်သွားရင်လာခဲ့ တူတူသွားမယ်

အဲ ဒီမှာပဲ ကိုဟင်နဲ့ စကိုင်းဘီယာနဲ့ စတွေ့ပီပေါ့လေ။

ဟုတ်ပါ့ အကိုဟင်ကိုနာမည်အပြည့်ထည့်ချင်တာ ဒါပေမယ့်နည်းနည်းလေးဘဲဆွဲထည့်ထားတာ လေးစားသမှု့လေးနဲ့ဟီးးးး

ရီစရာလေးတွေလည်းရေးသားပဲ ဆက်ရေးပါအူး😂😂

ရေးမယ်ကိုလွမ်းအပိုင်းဆက်လေးရေးဖြစ်မယ်ထင်တယ်

ကိုသာအေးရဲ့ ထန်းတောကို အလည်သွားရမည် ဒီနေ့

ဟေးးးးလာခဲ့မြန်မြန်ဟီးးးး

ဘီယာတော့ကြိုက်ဖူး အမြည်းတော့ သဘောကျတယ်ဝေ့

အမြည်းနော် အမြည်းနော် ဖြေးဖြေးဟီးးးးးးး

sky beer​လေးကြိုက်​တယ်​ဗျ😁

အကြိုက်ချင်းတူတယ်သွားရအောင်ကိုကို

WARNING - The message you received from @doveha is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!
For more information, read this post: https://steemit.com/steemit/@arcange/phishing-site-reported-postupper-dot-ml
Please consider to upvote this warning or to vote for my witness if you find my work to protect you and the community valuable. Your support is really appreciated!

😅😅😅

ဟီးးးးးး