သုံးသပ်​ချက်​၁

in #myanmar6 years ago (edited)

၂၀၁၇ခုနှစ်​ အစိုးရသ်​စလက်​ထက်​မှာ စီးပွား​ရေး​တွေကျဆင်းလာတာမဟုတ်​ပါဘူး။ရပ်​တန့်​​နေတယ်​လို့​ပြောချင်​ပါတယ်​။၂၀၁၇ခုနှစ်​မတိုင်​ခင်​က တိုင်းပြည်​ရဲ့စီးပွား​ရေး​တွေက ကျဆင်း​နေတာဖြစ်​ပါတယ်​။အခု၂၀၁၇ခုနှစ်​မှာ​တော့ အဲ့ဒီလိုကျဆင်း​နေတာရပ်​တန့်​သွားပြီလို့​ပြောရမှာဖြစ်​ပါတယ်​။ အစိုးရသစ်​တက်​လာတဲ့အချိန်​မှာအရင်​ရှိတဲ့စီးပွား​ရေးလုပ်​ငန်း​တွေဟာဥပ​ဒေနဲ့အညီ​ဆောင်​ရွက်​ထားတာ ဟုတ်​မဟုတ်​ဆိုတာ အစိုးရသစ်​အ​နေနဲ့ စိစစ်​ကြပါတယ်​။ အဲ့ဒီအခါမှာ ဥပ​ဒေနဲ့မညီညွတ်​တဲ့ စီမံကိန်း​တွေ ​တော်​​တော်​များများက ရပ်​ဆိုင်းထားရတာဖြစ်​ပါတယ်​။ဥပ​ဒေနဲ့မညီညွတ်​တာ​တွေ ညီညွတ်​​အောင်​​ဆောင်​ရွက်​ကြဖို့အ​ခြေအ​နေယူကြရတာရှိပါတယ်​။နောက်​ဒီမှာ ရင်းနှီးမြုပ်​နှံမှု​တွေဟာ ၂၀၁၇ခုနှစ်​မှာ ထင်​သ​လောက်​တက်​မလာခဲ့ပါဘူး။ ဘာလို့မလာလဲဆို​တော့လက်​ရှိအစိုးရက ခိုင်​မြဲမှုရှိမရှိဆိုတာကို ​စောင့်​ကြည့်​​နေကြသလို၊ တိုင်းပြည်​ထဲမှာ အလုပ်​သမား​တွေရဲ့ဆန္ဒပြမှုစတာ​တွေကို နိုင်​ငံခြားတိုင်းပြည်​​တွေက ကြည့်​ပါတယ်​။သူတို့အ​နေနဲ့စီးပွား​ရေးလုပ်​ငန်းက အမြတ်​အစွန်းရှိမရှိခိုင်​မာမှုရှိမရှိ အဓိကထားကြည့်​​တော့နိုင်​ငံခြားရင်းနှီးမြုပ်​နှံမှု​တွေက ထင်​သ​လောက်​ဝင်​မလာတာ​တွေရှိပါတယ်​။

၂၀၁၇ခုနှစ်​မှာ ထူးခြားတဲ့အချက်​က သဘာဝ​ဘေးအန္တရာယ်​​တွေနစ်​နိုင်​ငံလုံးအတိုင်းအတာနဲ့ဖြစ်​ပါတယ်​။မြစ်​​ရေကြီးခြင်း​တွေတစ်​နိုင်​ငံလုံးဖြစ်​တယ်​။စိုက်​ပျိုးသီးနှံ​တွေပျက်​စီးတယ်​၊ မျိုး​တွေဆုံးရှုံးတယ်​၊နိုင်​ငံတကာကလည်း ကုန်​သွယ်​မှု​တွေကျတယ်​။ မြန်​မာနိုင်​ငံက တရုတ်​နဲ့ အိန္ဒိယနိုင်​ငံ​တွေနဲ့ နယ်​စပ်​ကုန်​သွယ်​မှု​တွေလုပ်​ကြတာရှိပါတယ်​။ အဲ့ဒီမှာလည်းနယ်​စပ်​မှာ တိုက်​ပွဲ​တွေဖြစ်​လာနဲ့အခါမှာ ကုန်​သွယ်​မှု​တွေက ထပ်​ကျတယ်​။ အဲ့ဒီအပြင်​ကို အိန္ဒိယနိုင်​ငံကပဲ ပဲနဲ့ပက်​သက်​ပြီး ကန့်​သတ်​ချက်​ထုတ်​လိုက်​​တော့ ပြည်​တွင်းပဲ​ဈေးကွက်​​တွေအကုန်​ပြုတ်​ကျသွားတာမျိုးလည်းရှိပါတယ်​။အဲ့ဒီအတွက်​နစ်​နာထိခိုက်​သူ​တွေဆီက အသံထွက်​လာကြတယ်​။အစိုးရသစ်​လက်​ထက်​မှာဒီလိုဖြစ်​တယ်​ဆိုပြီး​ပြောကြတယ်​။တကယ်​​တော့သဘာဝ​ဘေးနဲ့အခြားအ​ခြေအ​နေ​တွေအရဘယ်​တိုင်းပြည်​ဘယ်​ပုဂ္ဂိုလ်​ဝင်​လုပ်​လုပ်​ဒီအတိုင်းပဲဖြစ်​မယ်​လို့ ကျွန်​​တော်​အ​နေနဲ့ သုံးသက်​ချင်​ပါတယ်​။ဆိုလိုတာကတိုင်းပြည်​ကအ​ကြွေး​တွေနစ်​​နေတဲ့ဘဝက​နေရပ်​တန့်​နိုင်​တာကိုကျွန်​​တော်​အ​နေနဲ့က​တော့ တိုင်းပြည်​တိုးတက်​တယ်​လို့မြင်​ပါတယ်​။

Sort:  

Congratulations @glorialion! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!