နေတတ် ရေတတ်ဖွားများ ( ၇ )

in #myanmar7 years ago

image

အပိုင်း ( ၁ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-1-bcbefc3902925

အပိုင်း ( ၂ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-2-386982b8cedc7

အပိုင်း ( ၃ ) ဖတ်ရှုရန်. . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-3-dad79a476a686

အပိုင်း ( ၄ ) ဖတ်ရှုရန် . . .
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-4-21147ec0b548c

အပိုင်း ( ၅ ) ဖတ်ရှုရန်
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-5-9645b757c8e8b

အပိုင်း ( ၆ ) ဖတ်ရှုရန်
https://steemit.com/myanmar/@gunapeya/entk-eyatkpayaundefined-6-fbb6a0a1d0473

တင်မြင့် တစ်ယောက် ဆေးရုံရောက်သော်လည်း အသက်မပါလာတော့ချေ ။ တစ်ကိုယ်လုံးပြာနှမ်း၍ ခြေလက်များပင် ကွေးကောက်နေတော့သည် ။ မိခင်ဖြစ်သူမှာတော့ အသက်ရှင်စဉ်ကတည်းက ပြသနာပေါင်းစုံရှာ ဒုက္ခမျိုးစုံပေးခဲ့သော သားအတွက်ငိုကြွေးခဲ့ရပေါင်း များခဲ့သည်မို့  သေဆုံးသည့်အချိန်တွင် ငိုစရာမျက်ရည်ပင်မကျန်တော့ချေ။ " ငါလည်း ဝဋ်ကျွတ်သွားတာပေါ့ ငတင်ရယ် အမေဘာတတ်နိုင်မှာလဲ နင့်အတွက် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှဝေးပေးရတော့မှာပေါ့ " ဆိုပြီး ရင်နင့်စွာ စကားဆိုနေရသည် ။

တကယ်ဆို တင်မြင့်မသေသင့်ပေ ။ ဆေးရုံကို နာရီဝက်လောက် စောရောက်ခဲ့လျှင် မြွေဆိပ်ဖြေဆေးထိုး၍ အသက်ရှင်နိုင်ပါသေးသည် ။ သို့ သော် မြို့ဆေးရုံနှင့် ရွာက အလှမ်းဝေးလွန်းသည် ။ ကုန်းတစ်တန် ရေတစ်တန်ဖြတ်ရသည့်အထဲ သမ္ဗာန်သမားများက လိုက်မပို့ ကြပေ တင်မြင့် မြွေဆိပ်တတ်လို့  ပိုးထိလို့  ဆေးရုံတတ်ရမည်ဆိုတော့ မည်သူကမှ မယုံကြည်၍ လိုက်မပို့ ကြပေ ။ အမေဖြစ်သူ အော်ဟစ် ဆဲဆိုတော့မှ လိုက်ပို့ ကြသည်မို့  အချိန်ကြန့် ကြာပြီး အသက်တစ်ချောင်းဆုံးခဲ့ရပါသည် ။ သို့ ပေမဲ့လည်း တင်မြင့်သေလို့  ဝမ်းနည်းပူဆွေးကြသည့်အထဲ မိသားစုကလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မပါချေ အသက်ရှင်စဉ်ကတည်းက ဘာကောင်းမှုကုသိုလ်မှ မပြု ဘာကောင်းကျိုးမှ မပေးဘဲ ရပ်ရွာ ချဉ်ဖတ်ကြီးဖြစ်နေသည်မို့  မကောင်းတတ်၍သာ အသုဘပို့ ကြရသည် ။ ရင်ထဲမှာတော့ ကြိတ်ပျော်နေကြမလား မပြောတတ်ပေ ။

အကိုတင်မြင့် ဆုံးသည်ဆိုတဲ့ သတင်းကြောင့် ညီဖြစ်သူတင်ဝင်းလည်း အဝေးမှာနေရာက ပြန်လာလေသည် ။ " ငါမရှိလို့ ပါ အကိုရာ ငါရှိရင် ဒီလိုအဖြစ်ဆိုးနဲ့ မကြုံရပါဘူး ငါ့ကိုခွင့်လွှတ်ပါ " ဆိုပြီးငိုနေတော့သည် ။ သူက တင်မြင့်အောက် အငယ်ဖြစ်သူ တင်ဝင်းပင် ထိုခေတ် ထိုအခါက အတန်းပညာ ၆ တန်းလောက်ထိသင်ဖူးသည်မို့  အင်္ဂလိပ်စာလေးလည်း မတောက်တခေါက် ဖတ်တတ်သေးသည် ။ ရန်ကုန် ဆိပ်ကမ်းတွင် ဂိုထောင်တွေဖောက် ပစ္စည်းတွေ လုယက်ကြသည့်အခါ သူလည်းပါဝင်ခဲ့သူပေါ့ ။ သူသယ်လာခဲ့သည်က အများသူငါလို ဆန်အိတ်များ အဝတ်အထည်များမဟုတ်ပေ ။ ယူမိယူရာ ဆွဲယူလာခဲ့ရာ အိမ်ရောက်မှဖွင့်ကြည့်တော့ အင်္ဂလိပ်ဆေးများ ဆေးထိုးအပ်များဖြစ်နေတော့သည် ။
ထိုကတည်းက သူလည်းဆရာဝန်ယောင်ယောင် ဆေးမှုးယောင်ယောင် ဖြစ်တော့သည် ။

အင်္ဂလိပ်စာလေး မတောက်တခေါက် ဖတ်တတ်သည်မို့  ဆေးကဒ်တွေ ဆေးပုလင်းတွေပေါ်က စာဖတ်ပြီး ဒါကတော့ နှာစေး ဒါကတော့ ချောင်းဆိုး စသည်ဖြင့် ခွဲထားသည် ။ ဟုတ်မဟုတ်တော့ မသိပေ။ မြို့ဆေးခန်း ဆေးရုံနှင့် ဝေးနေသည်မို့  ရွာကလူအများစုက သူ့ ကို အားကိုးရသည် ဆေးလိုက်သည်ဟု ဆိုကြသည် ။ အသက်ငင်နေသော လူနာပင် သူပေးသည့်ဆေးထုတ်များသောက်ပြီး ပြန်ကောင်းကြသည်ကများသည် ။ နည်းနည်းရောဂါသည်းလျှင် ဆေးပါထိုးပေးတတ်သေးသည် ။ ဆေးထိုးခံရသည့် လူနာဆို ခနနေလျှင် စကားပြောဆိုနိုင်သည့်အထိ အခြေအနေကောင်းကြသည်ဟုဆိုကာ တစ်ခြားရွာများကပင် လာပင့်ကြရသည် ။ ယခုလည်းတစ်ခြားရွာ ဆေးသွားကုနေ၍ အကိုဖြစ်သူသေတာ သူမရှိလို့  သူရှိရင် မသေနိုင်ဘူးဆိုပြီး ယူကျုံးမရပင်ဖြစ်နေသည် ။

မမှားသောရှေ့နေ မသေသောဆေးသမား မရှိဆိုသလိုပဲ တင်ဝင်လည်း ဆေးထိုးမှားသောကြောင့် အသက်အန္တရာယ် နီးခဲ့ဖူးသည် ။ တခြားသူတွေအပေါ် ဆေးလိုက်သော်လည်း မိမိကိုယ်ကို မိမိပြန်ထိုးသည့်အခါမတော့ အောက်ပိုင်းသေခဲ့ရသည် ။ မြန်မာဗိန္ဓောဆေးဆရာများကောင်းမှုဖြင့် တင်ဝင်းပြန်ကောင်းမွန်လာသော်လည်း အောက်ပိုင်းမှာ အရင်ကဲ့သို့  သန်စွမ်းခြင်းမရှိပေ အနည်းငယ်မျှ ချိနေတော့သည် ဖြစ်ပုံကတော့. . .

ဆက်လက်ဖတ်ရှုပါရန် . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ ။

MSC-181
Author @gunapeya

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://chaturbate.com/bon_aventura/

ငမ်းးးး ဘာပြောရမှန်းတောင် မသိတော့ဘူးကွာ robot ဆိုလည်း ကွကိုယ် လောင်စာဆီ စားပြီး အိပ်နေပါလားဟ ကြိုးလွှတ်ပေးထားတဲ့အတိုင်းပဲ ဟိုဝင် ဒီဝင်နဲ့

@cheetah , you are so stupid robot that i've ever seen.Shit!

ဆက်ဖတ်ပါမည်အရှင်ဘုရား

အားပေးတာ ကျေးဇူးပါ

အစ်ကိုပြီးတော့ ညီအလှည့်

ညီအလှည့်က ပိုကောင်းမယ် ထင်တယ်

ဦးဇင်းဆီလည်း ချီးတက် က လာတာဘဲနော် reply ပြန်လိုက်ဘုရား

steemitmember တိုင်းလိုလို အဲ့ကောင်ရောက်နေတယ် မမမီယန်မာရေ

ဒေါက်တာ ရမ်းကုတွေ တောဘက်တွေမှာ ပေါတယ် ဦးဇင်း

ဟုတ်တယ် တစ်ချို့ကျတော့လည်း ကြုံရာဆေးတိုက် ချွေးထွက် ကောင်းသွားကြပြန်ရောi

ဇာတ်လမ်းလေးကောင်းတယ်။အစပိုင်းတွေလည်း
ပြန်ဖတ်အုံးမယ် ဘုရား။။

ဟုတ်ကဲ့ပါ vote တော့မပေးခဲ့ပါနဲ့ 7 day ago ပိုစ့်တွေကို

ဆေးထိုးမှားတာ ကြောက်ဖို့ကောင်းတယ်နော်။