ဇာ တ် သိ မ်း ခ န်း
သက်ကြီးခေါင်းချချိန် ရောက်ပြီ
ခွန်နှစ်စဉ်ကြယ်ဟာ အမြီးထောင်ပေါ့
ကြက်ဖကြီး လည်လိမ်ထားသလို နှစ်များ ။
ခဏခဏ ရပ်တယ်
ခဏခဏ လဲပြိုလို့
ကံစိတ်ဥတုအာဟာရတရားဟာ
ဖြစ်ပြီး ပျက်ကျနေသူ တစ်ယောက်ပေါ့ ။
နွေအပူထဲ ခြေချ စရာမရှိခဲ့ပါ
မိုးစက်မှူန်ကြား ခိုနားစရာ မရှိခဲ့ပါ
နှင်းဝေဆောင်းလည်း ချမ်းအေး နွေးစရာ
မရှိခဲ့ပါ ။
သင်္ခါရတရားက လှလွန်းပာတယ်
ငယ်သေးတယ် လို့ ငါတို့က ထင်နေတုန်း ။
ဗြုန်းစားကြီးပါလား
သေခြင်းတရားကိုမေ့လျော့သူ
ရန်သူကကိုယ်တိုင်ဖြစ်နေပါပြီဆိုတဲ့အကြောင်း ။ ။
ကို ကျူး
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank you very much!
Posted using Partiko Android