" ကိုယ့်လိပ်ပြာကိုယ်လုံ "

in #myanmar6 years ago (edited)

IMG_20180116_021118.jpg

ဟိုးအရင်တုန်းက ကမ္ဘာကျော် ပန်းပုဆရာကြီးတစ်ယောက် ရှိ
ပါတယ် ။ ဆရာကြီးဟာ တပည့်တွေများစွာကို ပန်းပုအတတ်ပ
ညာတွေ ပြသသင်ကြားပေးခဲ့တယ်။ သူကိုယ်တိုင်ဟာလည်း အဲ့ဒီ ပန်းပုပညာရပ်အပေါ်မှာ စိတ်အားထက်သန်ပြီး ကိုယ်တိုင်
လည်း တီထွင်ကြံဆကာ ပန်းပုရုပ်တွေကို အမြဲတမ်းထုနေခဲ့
တယ် ။ ထိုသို့ထုဆစ်နေရင်း တစ်နေ့မှာ ဆရာကြီးဟာ စစ်
သည်တော်ရုပ်လေးတစ်ရုပ်ကို ထုဆစ်ခဲ့တယ် ။ ဘယ်လောက်
ထိအောင် အသေးစိတ်ကျသလဲဆိုရင် အဲ့ဒီပန်းပုရုပ်ကလေးရဲ့
နောက်ကျောမှာရှိတဲ့ ကြယ်သီးလေးကိုတောင် အသေးစိတ် စိတ်ရှည်လက်ရှည်နဲ့ထုဆစ်နေပါတယ် ။ ထိုသို့ ကြယ်သီး
လေးကအစ အသေးစိတ် ထုဆစ်နေတာကို တပည့်တစ်
ယောက်က မြင်သွားတော့ "ဆရာကြီးရယ် ပန်းပုရုပ်လေးရဲ့ နောက်ကျောကို ဘယ်သူမှ သေသေချာချာမကြည့်ပါဘူး ၊ ဒါကြောင့်မို့လို့ ထုဆစ်စရာမလိုလောက်ဘူးထင်ပါတယ် ၊ အဲ့ဒီလောက်ထိ အပင်ပန်းမခံပါနဲ့ "သူ့ရဲ့ဆရာကြီးကို ပြောလိုက်
တယ် ။

FB_IMG_1515955899465.jpg

အဲ့ဒီအခါဆရာကြီးက "တခြားဘယ်သူမှ မမြင်ပေမယ့် ငါမြင်ရတယ် ၊ ဘယ်သူမှ မသိပေမယ့် ငါအမြဲသိနေတယ် ။ ဒါကြောင့် ငါဒီအရုပ်ကိုကြည့်တဲ့အခါတိုင်း အဲ့ဒီကြယ်သီးလေး
ကို ငါမြင်ယောင်နေမှာပဲငါ့တပည့် အဲ့ဒီလိုအမြင်မျိုးကို ငါတစ်
သက်လုံး မမြင်ချင်တဲ့အတွက်ကြောင့် ကြယ်သီးလေးကအစ အခုလိုအသေးစိတ် ထုဆစ်နေတာ ငါ့တပည့် ။ ဒါကြောင့် မင်းလည်း ပန်းပုဆရာကောင်းတစ်ယောက် ဖြစ်ချင်ရင် အကုန်လုံးကို အလေးနက် ထားရမယ် ။ " အဲ့ဒီအခါမှ ဆရာ
ကြီးရဲ့ တပည့်ကလည်း နားလည်သဘောပေါက်သွားပါတယ် ။

FB_IMG_1515955860629.jpg
ဆရာကြီးပြောလိုက်တဲ့စကားဟာ အလွန်ကို မှတ်သား
ထိုက်ပါတယ် ။ ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ လူ့ဘဝ
လူ့လောထဲမှာ အလုပ်တွေဟာ နေ့စဉ်ရက်ဆက် အသက်
နောက်ဆုံးချိန်မရောက်ခင် အထိ လုပ်နေရမှာပါပဲ ။ ဒီလိုအ
လုပ်တွေ လုပ်တဲ့အခါ ဘယ်လိုအရာပဲဖြစ်ဖြစ် စေတနာပါပါနဲ့
မဟုတ်တာ မတရားတာတွေကိုရှောင်ပြီးလုပ်ရင် လောကကြီး
ငြိမ်းချမ်းသာယာနေမှာပါ ။ ကိုယ်ကမဟုတ်တာတစ်ခုလုပ်ထား
မယ်ဆိုရင် အဲ့ဒီအရာကို ဘယ်သူမှ မသိနိုင်ရင်တောင် ကိုယ်က
အမြဲတမ်း မြင်ယောင်နေမှာပါ ။ ကိုယ့်ရဲ့ လိပ်ပြာဟာလည်း ဖြူစင်သန့်ရှင်းနေမှာမဟုတ်ပါဘူး ။ ကိုယ်ကရိုးသားစွာနဲ့ လုပ်
တယ် မဟုတ်တာ မကောင်းတာတွေကို ငြင်းပယ်တယ်။ သဘဝတရားကြီးနဲ့ လိုက်လျောညီထွေစွာနေတယ့ ။ သင့်တော်တဲ့ လောဘတရားနဲ့ အလုပ်လုပ်ကိုင်ပြီး သဘာဝတရားကျစွာနဲ့ လောကကြီးမှာ သွားလာနေထိုင်နေမယ်ဆိုရင် ကိုယ့်ရဲ့လိပ်ပြာဟာ အဖြူထည်
သက်သက်ပါပဲ ။ ဘာအရောင်မှ လည်းစွန်းထင်းလာမှာ မဟုတ်
ပါဘူး ။ အဲ့ဒီအရာကို လိပ်ပြာသန့်တယ်လို့ ခေါ်ပါတယ် ။ လိပ်
ပြာသန့်စင်တဲ့ သူတစ်ယောက်အဖို့ လူ့ဘဝလောကထဲမှာ နေ
ထိုင်ရတာ အင်မတန်မှ သန့်ရှင်းဖြူစင်ပြီး စိတ်ချမ်းသာတဲ့ ဘဝ
ကိုရရှိမှာပါ ။
သဘာဝလောကတရားကြီးဟာ ကိုယ်နဲ့သင့်တော်တဲ့ နေရာမှာပဲ
အမြဲတမ်းနေစေပါတယ် ။ ကျွန်တော်တို့ Facebook သုံး
ရသလိုမျိုးပါပဲ ။ ကိုယ်ကဘာတွေကိုစိတ်ဝင်စားတယ် ဘယ် လိုအကြောင်းရာမျိုးတွေကိုပဲ အမြဲစူးစမ်းနေတယ် ဆိုရင် အဲ့ဒါတွေဆီကိုပဲ အမြဲတမ်း ခေါ်ဆောင်သွားပါတယ် ။ ဒါကြောင့်လောကကြီးမှာ လူဖြောင့်ရင် လမ်းဖြောင့် ၊ လူကောက်ရင်တော့ သူသွားတဲ့ လမ်းဟာ အမြဲတမ်းကောက်တွေ့နေမှာ ပဲဖြစ်ပါတယ် ။

FB_IMG_1515955890473.jpg

Author- @henryba (Aung Ko Oo)

Credit Photo - Facebook

Sort:  

ကောင်းပါတယ်​bro

ကျေးဇူးအကို....

ပို့ စ်ကောင်းတစ်ခုပါ

ကျေးဇူးBro.

အသေးစိတ်ကအစဂရုစိုက်တာ ပိုကောင်းပါတယ်

ဟုတ်ပါတယ် အစ်ကိုရေ ။

ကောင်းတယ် bro ဘယ်အရာမဆိုတိတိကျကျ နဲ အရာရာရှေ့ဆက်လုပ်ကိုင်နိုင်ရင် အဆင်ပြေမှာပါဘဲ့

အမှန်ပဲ ဘဒို
ကိုယ့်စိတ်ကိုယ်သိဖို့လိုတာ

မှတ်သားစရာတွေရပါတယ်ဗျ

Good post bro

ကျေးဇူးပါ Bro ရေ ။

Good ရေးထားတာမိုက်တယ် 😇😇

thanks Bro....

ကျေးဇူး Bro ရေ။