ဘာ sanction လဲ

in #myanmar3 years ago

https://www.bangkokpost.com/thailand/general/2112395/myanmar-military-cashes-in-on-thai-pipeline

EU တို့ US တို့က စစ်​ကောင်စီကို sanction ​တွေ လုပ်တယ်​ပြောတယ်။ targeted sanction ဆိုလား။ ဘာဆိုလား။ ပစ်မှတ်ထားပြီး လိုချင်တဲ့ သူကိုပဲ ထိနိုင်တဲ့ sanction ​ပေါ့။ ​ပြောတာပဲ။ ဒါ​ပေမဲ့ ပြင်သစ် အ​ခြေစိုက် ကုမ္ပဏီ Total က လုပ်​နေတဲ့ Yadana ဓါတ်​ငွေ့သိုက်က​နေပြီး စစ်​ကောင်စီက ​ဒေါ်လာ သန်းရာချီ ရ​နေတယ်​လေ။ သူတို့​ပြောတဲ့ targeted sanction ဆိုတာက ပြည်သူ​တွေကို ပစ်မှတ်ထား​နေလား​တောင် ​တွေးမိတယ်။ သူတို့က sanction ​တော့ လုပ်​ပေးတယ်။ သူတို့ကိုယ် သူတို့ ထိခိုက်နိုင်တဲ့ အမြတ်ကြီးကြီးမားမား ရ​​နေတဲ့ လုပ်ငန်းကျ sanction မလုပ်ဘူး​ပေါ့။ ဒါမျိုးကျ ဘယ်လုပ်မလဲ။ ကိုယ့်အကျိုးစီးပွား ထိခိုက်မှာကိုး။ ဆင်​ခြေ​ပေးတာ​​တော့ ထိုင်းနိုင်ငံရဲ့ ပြည်သူ ၈ ရာခိုင်နှုန်း​လောက်နဲ့ ရန်ကုန်မြို့က ပြည်သူ ထက်ဝက်​လောက်ကို ဒီစီမံကိန်းက လျှပ်စစ်​ပေး​နေလို့တဲ့​လေ။

​အထက်က ​ဆောင်းပါးဖတ်ပြီး ​တွေးမိတာ​လေး​တွေ ​ရေးကြည့်တာပါ။