လောကမှာ လူတိုင်းကအမှားနဲ့ မကင်းပါဘူး။အမှားနဲ့ကင်းတယ့်လူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အမှားပြုလုပ်တယ့်လူအယောက်တစ်ရာမှာ ကိုးဆယ်ကတော့ လူကြီးတွေပဲဖြစ်မှာပါ။အသက်အရွယ်ကြီးလို့ လူကြီးလို့သာခေါ်ရတာ။
လူငယ်တွေလောက်တောင် အသိမရှိတယ့် လူကြီးတွေအများကြီးပါ။ကမ္ဘာကြီးကို ပြိုကွဲပျက်ဆီးအောင် လုပ်ခဲ့တဲ့ ကမ္ဘာစစ်ဆိုတာကလဲ လောဘတွေအတောမသတ်နိုင်တဲ့ လူကြီးတွေကြောင့်ပါ။
"ယနေ့လူငယ် နောင်ဝယ်လူကြီး" ဆိုသလိုပဲ ယနေ့ခေတ်လူငယ်တွေဟာ တစ်ချိန်မှာ လူကြီးဖြစ်လာမယ့်သူပါ။အခုလိုလူကြီးဖြစ်လာမယ့်သူတွေကို လူကြီးများအနေကလဲ ရှေ့ဆောင်လမ်းပြဦးဆောင်ဦးရွက်ပြုပေးရမှာပါ။ငါသိ ငါတတ်ဆိုပြီး ငါဆိုတယ့်အတ္တကိုရှေ့တန်းမတင်သင့်ဘူး။ များသောအားဖြင့် အချို့အချို့သောလူကြီးတွေဟာ ငါဟာလူကြီး ငါပြောတဲ့စကားကိုနားထောင်ဆိုတယ့် အယူကိုလက်ကိုင်ထားတုန်းပါပဲ။
မသိမတတ်သေးတယ့် လူငယ်တွေကို ပညာတွေကိုမျှဝေပေးမယ့်အစား ပညာကိုလျှိုထားခြင်းဟာ လူငယ်တွေအတွက် အလွန်ကိုနစ်နာပါတယ်။တစ်ချိန်ချိန်မှာနိုင်ငံ့တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ရမယ့် လူငယ်တွေအတွက် အတွေ့အကြုံဆိုတာ အလွန်ကိုလိုအပ်ပါတယ်။ အဲ့လိုလိုအပ်လှတယ့် အတွေ့အကြုံတွေကို လည်း ရှိပြီးသား လူကြီးတွေကပဲ သင်ပြလမ်းညွှန်ပေးနိုင်မှာပါ။
လူငယ်တွေဆိုတာက ဦးနှောက်အတွေ့အကြုံတွေကလဲ နုနယ်၊စိတ်ကူးစိတ်သန်းတွေကလဲနုနယ်တာကြောင့် လူကြီးတွေထက်စာရင် ပညာနုနယ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့ လူငယ်တွေရယ့် စိတ်ကူးဟာ လူကြီးတွေထက် သာလွန်သွားတတ်ပါတယ်။ လူငယ်တွေရယ့် စိတ်ကူးကိုပုံဖော်ပေးဖို့ဆိုတာ လူကြီးတွေရယ့်တာဝန်ပင်ဖြစ်တယ်။
ကျွန်မတို့နိုင်ငံမှာဆိုလည်း အခြားနိုင်ငံများလိုပင် ထူးချွန်လှသော လူငယ်ပညာတတ်များစွာ ရှိပါတယ်။ဒါပေမယ့် ရွက်ပုန်းသီးပညာတတ်များလဲ ရှိနေပါတယ်။ထိုကဲ့သို့လူငယ်များကို လူကြီးများအနေဖြင့် မြေတောင်မြှောက်ပေးသင့်တယ်။လူငယ်တွေရယ့် ဆန္ဒကို အလေးပေးစဉ်းစားသင့်တယ် လို့ကျွန်မထင်ပါတယ်။ လူငယ်တွေအပေါ် ယုံကြည်မှုထားစေချင်ပါတယ်။အခွင့်အလမ်းတစ်ခုလဲ ပေးသင့်သည်ဟု ကျွန်မထင်ပါတယ်။ ဒါမှလဲ ကျွန်မတို့နိုင်ငံတွေရှိ လူငယ်တွေကလဲ အခြားနိုင်ငံတွေရယ့် လူငယ်များလို ထူးချွန်သောလူငယ်များ ဖြစ်လာမှာပါ။
လွန်ခဲ့သောနှစ်ရက်က ကျွန်မတို့နိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူငယ်များနှင့်အတူ ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ပွဲကို နားထောင်လိုက်ရပါတယ်။အဲ့ပွဲလေးမှာဆို လူငယ်တွေဟာ သူတို့ရယ့်ဆန္ဒတွေ အမြင်တွေခံယူချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားပါတယ် ။ထိုသို့ပြောဆိုရသောကြောင့် လူကြီးများအနေဖြင့် လူငယ်တွေရယ့် အတွေးအမြင်ကိုသိနိုင်လာပေသည်။ လူကြီးများအနေဖြင့်လဲ လူငယ်တွေရယ့် ဖြစ်ချင်သောဆန္ဒတွေကို အကောင်အထည်ဖော်ပေးနိုင်ပေသည်။
အနာဂတ်အတွက် လူငယ်များ၏ စိတ်ကူးများလွတ်လပ်စွာ အကောင်အထည်ဖော်နိုင်ပါစေဟု ရည်မှန်းလျှက်။
S ကျွန်မအကြိုက်ဆုံး စာလေးတစ်ကြောင်းရှိပါတယ်။စာအုပ်နာမည်လဲမမှတ်မိတော့ပါဘူး။ရေးတယ့်သူလဲမမှတ်မိတော့ပါဘူး။ဒါပေမယ့် ဖတ်လိုက်ရတယ့် စာလေးကိုတော့ မမေ့ပါဘူး။စာလေးကတော့ "လောကမှာ သူအကြောက်ဆုံးအရာက ကြောက်ရမှာကိုပဲတယ့်"
စစဖတ်မိတုန်းကဆို နားမလည်နိုင်ခဲ့ပါဘူး။ဒါပေမယ့် မနေ့ကကျွန်မတစ်ယောက်တည်း ကျောင်းကပြန်လာချိန် ကားပေါ်မှာလဲ လူကနည်းနည်းလေး ကျွန်မလဲတောင်တောင်အီအီ လျှောက်တွေးပြီး ကြောက်လန့်လာခဲ့တယ်။ရုပ်ရှင်ကားတွေထဲကလို ကားထဲမှာသရဲတွေများ ပေါ်လာမလားစတယ့် ပေါက်ကရအတွေးတွေ လျှောက်တွေးရင်း ကြောက်လာခဲ့တယ်။
ဒါပေမယ့် တစ်ကယ့်တစ်ကယ် ကျွန်မစိတ်ကို သေချာပြန်ဆန်းစစ်ကြည့်တော့ ကျွန်မကြောက်နေတာ သရဲခြောက်ခံရမှာ မဟုတ်ဘဲသရဲနဲ့ကြုံတွေလာမယ့် အခြေအနေကိုတွေးနေမိလို့ ကြောက်လာတာပါ။
ကျွန်မရယ့်အဖြစ်ဟာ ဖတ်လိုက်မိတယ့် စာလေးနဲ့တိုက်ဆိုင်မိကြောင်း သေချာစဉ်းစားမိမှ သိလိုက်ရတယ် ။ "အကြောက်ဆုံးအရာက ကြောက်ရမှာကိုပဲ" တယ့်။ ကျွန်မတို့တွေဟာ ငယ်ငယ်တည်းက အကြောက်တရားတွေနဲ့ ရှင်သန်လာခဲ့ရတယ်။ကလေးအရွယ်တည်းက မမြင်ဘူး မကြားဘူးတယ့် သရဲဆိုတယ့် အရာကြီးနဲ့ စတင်ခြောက်လန့်ခံခဲ့ရတယ်။
ညဘက်အပြင်ထွက်ရင် သရဲဆွဲမယ့်ဆိုတယ့် အရာတွေ ညောင်ပင်တစ္ဆေ ဆိုတယ့် စကားလုံးတွေနဲ့ ကျွန်မတို့ငယ်ဘဝကို ကြောက်လန့်ခြင်းနဲ့ စတင်ခဲ့ရတယ်။ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာကို သေချာကလေးတွေကို နားဝင်အောင်ရှင်းပြပေးနေမယ့် အစား ပြီးစလွယ်"သရဲ"ဆိုတယ့် ဝေါဟာရတွေနဲ့ ကလေးတွေကို နားသွင်းခဲ့ကြတယ်။ ဒါကြောင့်ကျွန်မတို့နိုင်ငံက ကလေးအများစုဟာ အရွယ်ရလာတယ့်အထိ ကိုယ်တိုင်ရပ်တည်မှု ဆိုတာနည်းပါးလာကြတယ်။
လူကြီးမိဘတွေရယ့် ထိန်းကွပ်မှုမပါဘဲ ရပ်တည်ဖို့ခက်ခဲလာကြတယ်။ ကိုယ်တိုင်ရပ်တည်မှုကို ရှာချင်တယ့်သူတွေကိုလဲ လက်ဆုပ်လက်ကိုင်ပြစရာ မရှိတယ့် အရာတွေနဲ့ တားမြစ်ပိတ်ပင်ထားတယ်။ ဒါကြောင့်မို့ ကျွန်မတို့နိုင်ငံက ကလေးတွေဟာဆို တစ်ခြားနိုင်ငံက ကလေးတွေထက်စာရင် ကိုယ်အားကိုယ်ကိုးတာ နည်းပါးကြတယ် အသစ်အဆန်းတစ်ခုခုကို လုပ်ကြည့်မယ်လို့ စိတ်မကူးကြဘူး။ ဖြစ်လာမယ့် အကျိုးဆက်ကိုတွေကိုပဲ တွေးကြောက်နေကြတယ်။ မဖြစ်လာတယ့် အရာတွေကို တွေးတွေးပြီးကြောက်နေတယ့်စိတ်ဆိုတာ လောကမှာ အဆိုးရွားဆုံးခံစားမှု တစ်ခုပါပဲ။ ဒါကြောင့်မို့ အခုချိန်ကစပြီး လောကမှာကြောက်ဖို့အကောင်းဆုံးဆိုတာဟာ မဖြစ်လာသေးတယ့်အရာကို တွေးတွေးပြီးကြောက်နေတယ့် မိမိရယ့်စိတ်ကိုပဲ ကြောက်သင့်ပါတယ်။
Steemitမိသားစုဝင်များအားလုံး ကြောက်စိတ်ကိုတွန်းလှန်ပြီး ကြုံတွေ့လာမယ့် အခက်အခဲတွေကို ကြံြံ့ကံ့ခံရင်ဆိုင်နိုင်ကြပါစေ။teemitမိသားစုဝင်များအားလုံး ကျန်းမာချမ်းသာကြပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003

#myanmar
#msu
Goodတယ်ဗျ
ကျေးဇူးပါရှင့်
သမီးရေ စာထောက်နေတာတွေ edit လုပ်ပြီးပြင်လိုက်ပါ
ဟုတ်ကဲ့ရှင့် သမီးသိသလောက်ပြင်လိုက်ပါတယ်။ နောက်လဲအမှားပါရင် ဝေဖန်ပေးပါဦးနော်။
အောင်မြင်ပါစေ
လူကြီးတွေစတဲ့ စစ်ပွဲးတွေအတွက်
လူငယ်တွေကသေနတ်ကိုင်ပြီးစစ်တိုက်ကြရတယ်။
အဲ့စာသားလေးကိုပြန်သတိရမိတယ်။😊
ကောင်းတယ်..ကြိုက်တယ်..
ဟုတ်
5tin sis
yes bro
စာတွေ/စာကြောင်းတွေကို space တအားမခြားပါနဲ့..စာကြောင်းတွေကို အညီအမျှရေးပါ.အပတ်တိုင်း အဲ့လို့တင်တာတွေ့ရပါတယ်...)
Msu-006 @htetlinnaung
MSU Coadmin
Thanks you
ဟုတ်ကဲ့ သတိထားပါ့မယ်