ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ

in #myanmar6 years ago

လူရယ်လို့ ဖြစ်လာရင် ဘဝမှာရွေးချယ်စရာတွေနဲ့ ကြုံရစမြဲပါ။ရွေးချယ်စရာတွေ ဘယ်လောက်များများ ခွဲခြားလိုက်ရင် ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနှစ်ခုပဲရှိပါတယ်။ကိုယ်လက်ရှိရောက်ရှိနေတဲ့ အခြေအနေနဲ့ အချိန်အခါကို ချင့်ချိန်ပြီး ဖြစ်ချင်တာကိုပဲ ရွေးမလား။ဖြစ်သင့်တာကိုပဲ ဦးစားပေးမလားဆိုတာ ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆုံးဖြတ်ရတာပါ။

လူတိုင်းကတော့ ဖြစ်ချင်တာကိုပဲ ရွေးကြမှာပါ။ဒါပေမဲ့ ဖြစ်ချင်တာကိုပဲ ဦးစားပေးရွေးချယ်လို့ မရတဲ့ အခြေအနေတွေက ဘဝမှာအများကြီးရှိပါတယ်။ကိုယ့်ရဲ့ဝါသနာတွေ အကျင့်တွေ ရည်ရွယ်ချက်တွေ ခံစားချက်တွေကို မြိုသိပ်ပြီးဖြစ်သင့်တာကိုပဲ ရင်နာနာနဲ့ ရွေးချယ်ဦးစားပေးလိုက်သူတွေကလဲ လောကကြီးမှာ ဒုနဲ့ဒေးပါ။

အခုချိန်မှာ ကျွန်မလဲ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်ရမယ့်အခြေအနေကို ရောက်ရှိနေပါပြီ။ကျွန်မရဲ့ဝါသနာက စာဖတ်ခြင်းပဲ။စာဖတ်ရတာ ကြာတော့ စာပါရေးချင်လာတယ်။ဒါပေမဲ့ ကိုယ်ရေးတဲ့စာတွေကို ဂရုတစိုက်နဲ့ ဝေဖန်ဖတ်ရှုပေးမယ့် လူလိုလာပြန်ရော။အခုတော့ ကျွန်မရေးမယ့်စာတွေကို ဂရုတစိုက်ဝေဖန်ဖတ်ရှုပေးတဲ့ steemitက မိသားစုတွေရှိလာတော့ ရေးရတာပျော်လာတယ်။

ဘာပဲတွေ့တွေ့ တွေ့တဲ့အကြောင်းအရာကို စာရွက်ပေါ်မှာရေးချချင်လာတယ်။ကိုယ်ရေးတဲ့စာရဲ့ အရည်အသွေးကို ကိုယ်တိုင်သိတော့ တစ်ခါတလေ ဖတ်ရှုပေးတဲ့သူတွေတောင် အားနာမိတယ်။ကျွန်မရဲ့ အရည်အသွေးမပြည့်ဝသေးတဲ့ စာတွေကို အချိန်အကုန်ခံပြီးဖတ် ပြီးရင်ဝေဖန်ပေးကြတယ်။
အခုလိုဝေဖန်ပေးကြတဲ့သူတွေကြောင့်လဲ စာကိုဒီ့ထက်မက ပိုကောင်းအောင်ရေးချင်တဲိ့စိတ်ရှိလာတယ်။ပိုပြီးကြိုးစားချင်စိတ်လဲ ရှိလာတယ်။

Steemitမှာ စာအရေးအသားကောင်းလွန်းတဲ့သူဖြစ်ချင်လာတယ်။ကိုယ့်ကိုဝေဖန်ပေးတဲ့သူတွေ ဝေဖန်ရကျိုးနပ်အောင် ရေးသားချင်လာတယ်။အတော်ဆုံးစာရေးဆရာမ တစ်ယောက်ဖြစ်ချင်လာတယ်။အားတဲ့အခိျန်တိုင်း ဖုန်းထဲကnoteလေးထုတ်ပြီး တွေ့ခဲ့သမျှ အစီအစဉ်မကျတဲ့ အကြောင်းလေးတွေ ချရေးဖြစ်တယ်။ဒါပေမဲ့ လူကြီးတွေအမြင်မှာတော့ ဖုန်းကိုပဲ နေ့တိုင်းကိုင်တယ်ပဲ မြင်ပြီး အဆူခံရလာတယ်။ ဖုန်းကိုင်ပြီး ဘာလုပ်နေတယ်ဆိုတာလဲ မပြောပြချင်ဘူး။ပြောပြရင် steemitက ဘာလဲ။ဘယ်လိုဟာလဲ စတဲ့ "ဘ"အက္ခရာ မေးခွန်းတွေလာမှာမို့လို့ မရှင်းပြတော့ဘူး။

နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်တာတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးဖို့ပဲ။လူကြီးတွေဆူတာကလဲ စာမေးပွဲနီးတာတောင် စာမကျက်ဘဲနေလို့ ဆိုတော့ သူတို့လဲ မဆူရအောင် အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ကျောင်းသားဘဝကိုပဲအရင်ဆုံးဦးစားပေးအနေနဲ့ စာကျက်ဖို့ပဲ ရွေးချယ်လိုက်ပါတယ်။မရွေးလို့လဲ မရတော့ဘူးလေ။ မနက်ဖြန်ဆို စာမေးပွဲဖြေရတော့မယ်။ဖြစ်သင့်တာကိုဦးစားပေးလိုက်ပြီဆိုတော့ ဖြစ်ချင်တာတစ်ခုဖြစ်တဲ့ steemitမှာ စာရေးသားခြင်းကို ခဏလောက်ရပ်နားဖို့ပါပဲ။
ကဲ steemitမိသားစုဝင်များ စာမေးပွဲကြီးပြီးရင် ပြန်လာပါ့မယ်။မီးလေးခဏမှိတ်ပေးပါပေါ့နော်။😝

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Sort:  

ဖြစ်​ချင်​တာကို ​ရှေ့တန်းတင်​ပြီး
ဖြစ်​သင့်​တာကိုအရင်​လုပ်​ပါ😁

ဟုတ်ကဲ့ပါရှင်

အတော်ဆုံးစာရေးဆရာမကြီး ဖြစ်ပါစေ ။ ခုတည်းက အတော်တော်နေပြီ နောက် ပိုတော်ဖို့ဘဲရှိပါတယ် steemit ကစာမေးပွဲ ပြီးမှ ဆက်ရေးလဲ ရပါတယ် ။ အေးအေးဆေးဆေး တစ်လှမ်းချင်းပေါ့ ။

ဟုတ်ကဲ့ အားရှိသွားပြီ ရှေ့ဆက်ဖို့

ခွင့်တိုင်သော post ပေါ့လေ အကြံတူရင် ရန်သူပဲဟေ့ 😜

တစ်ချက်ခုတ်နှစ်ချက်ပြတ် အယ်လယ့်

နားပါဦး sis အေးဆေးပေါ့။ စာမေးပွဲပြီးမှ ပြန်ရေးပေါ့

ဟုတ် bro နားလည်ပေးကြတာကျေးဇူးပါနော်

Congratulations @hnineikhaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!