ကောင်​မ​လေးသို့

in #myanmar6 years ago

image
Image source

အလွမ်း​တွေကို သီရမယ်​ဆိုရင်​​ပေါ့ ​ကောင်​မ​လေး​ရေ။ တစ်​ချိန်​တစ်​ခါက အနမ်းဖွဖွ​တွေကို တသသလွမ်းရင်း မင်းကို လွမ်း​နေဆဲ ဒီလူတစ်​​ယောက်​ရှိ​နေတယ်​ဆိုတာကိုသာ သိခဲ့ရင်​ သမင်​လည်​ပြန်​အလွမ်းနဲ့များဘကိုယ့်​ကို သနားမိ​နေအုံးမလားဟင်​..

ချစ်​တတ်​သူရဲ့ နှလုံးသားက နဂိုကတည်းက အက်​ရှရှနဲ့မို့ ခဏ​လေးနဲ့ ကွဲသွားခဲ့တယ်​ဆိုရင်​ မင်းယုံမလား..
နာကျင်​​ကြေကွဲ မျက်​ရည်​​တွေထဲမှာ မင်းကိုလွမ်းရင်း တမ်းတ​နေဆဲအတိတ်​​တွေကို ​ကြေ​ကြေကွဲကွဲ သတိရ​နေသူဟာ ငါဆိုရင်​ မင်း​လေးတစ်​​ယောက်​ ကိုယ့်​ကို ရူး​နေသူတစ်​​ယောက်​လို့များ ဆို​လေမလား..
ကိုယ်​က အချိန်​နာရီ​တွေရဲ့ သတ်​မှတ်​ချက်​နဲ့ လွတ်​ကင်းလို့ ကိုယ်​တို့ ​ကြေကွဲဖို့ ဆုံ​တွေ့ခဲ့ကြတဲ့ ​ကျောင်း​တော်​ရဲ့ ​နေရာ​ဟောင်းမှာ အခု​တော့ ကိုယ်​တစ်​​ယောက်​ထဲနဲ့ အရင်​လို ရယ်​သံ​ညံညံ​လေး​တွေကို လွမ်း​နေဆဲဆိုတာ ​ကောင်​မ​လေးသိရင်​ ​ကောင်းမယ်​​လေ..

အတန်းထဲမှာ စာသိပ်​ညံ့တဲ့ကိုယ်​ သိပ်​ကိုရိုးသားပွင့်​လင်းပြီး စာ​တော်​တဲ့ မင်း​လေးက ကိုယ့်​ကို စာ​တွေရှင်းပြလို့ ရင်းနှီးခဲ့ကြရတယ်​​နော်​..
အဲ့ဒီတုန်းက​တော့ ကိုယ့်​အပါးမှာ ကိုယ်​​ရံ​တော်​နတ်​သမီးတစ်​ပါး အခစားဝင်​​ရောက်​လာသလိုမျိုး ကိုယ်​ ​ခေါင်းကို​မော့ ရင်​ကို​ကော့ပြီး ​ကျောင်း​တော်အလယ်​မှာ ​မော်​ကြွားခဲ့ဖူးတာ​ပေါ့ ​ကောင်​မ​လေး​ရေ..

ရယ်​လိုက်​တိုင်း ပါးချိုင့်​​လေးတစ်​ဖက် လင်းလက်​သွားတတ်​တဲ့ မင်း​လေးရဲ့အပြုံးတိုင်းအတွက်​ ကိုယ်​ဟာ မင်းပါးချိုင့်​​လေးအတွက်​ ​ပျော်​​တော်​ဆက်​ခဲ့ရဖူးတဲ့ လူရွှင်​​တော်​ တစ်​​ယောက်​လည်း ဖြစ်​ခဲ့ဖူး​လေရဲ့..

အဲ့ဒီအချိန်​​တွေကတည်းက ကိုယ့်​နှလုံးသားမှာ နားခိုခွင့်​​ပေးခဲ့မိတဲ့ ​နေရာလပ်​​လေးဟာ မင်းတစ်​​ယောက်​ထဲအတွက်​ပါ ကာင်​မ​လေး​ရေ...

မပြည့်​စုံခြင်း​တွေနဲ့ ထုံမွှန်းထားတဲ့ ကိုယ့်​ရဲ့​လောကဓံမှာ ချစ်​ရတဲ့မင်း​လေးကိုပါ ကျိန်​စာမသင့်​​စေချင်​ခဲ့ဘူး​လေ..
image
Image source
ငွေတစ်​ခုထဲနဲ့ပြည့်​စုံရမယ့်​ဘဝဆိုရင်​ ကိုယ်​မ​ကြောက်​ပါဘူး။အချစ်​တစ်​ခုထဲနဲ့ ပြည့်​စုံရမယ်​ဆိုရင်​လည်း ကိုယ်​မမှုပါဘူး​လေ..
ကိုယ်​လိုချင်​တာက မင်း​လေးရဲ့ စိတ်​ချမ်းသာမှုနဲ့ ​ပျော်​ရွှင်​​နတေဲ့ဘဝကို​လေ..
ဒါဟာ အတ္တတစ်​ခုဖြစ်​ပါ​စေ မင်းကိုချစ်​မိတဲ့ ကိုယ့်​ချစ်​ခြင်းဟာ ​ပေးဆပ်​ခြင်းနဲ့ပြည့်​စုံချင်​သူပါ​လေ..

ကောင်​မ​လေး​ရေ
မင်း​လေးရဲ့ လင်းလက်​တဲ့အပြုံး​တွေနဲ့ တစ်​ပါးသူရင်​မှာ ထာဝရ​ပျော်​ရွှင်​​နေနိုင်​တယ်​ဆိုရင်​ ကိုယ်​ဟာ မ​မျှော်​သာ ​တော်​ရာအလွမ်းနဲ့ ​ပေးဆပ်​လို့​ပျော်​​နေမယ့်​သူပါ ​ကောင်​မ​လေး​ရေ..

တိတ်​ဆိတ်​​ကြေကွဲ​နေမိတဲ့ စာမျက်​နှာ​တွေထက်​မှာ မင်းရဲ့ ပါးချိုင့်​​လေးကို သတိတရ လွမ်း​နေမိရရုံနဲ့၊ ​ပျော်​ရွှင်​ခဲ့ဖူးတဲ့ အတိတ်​​တွေထဲမှာ ​ကောင်​မ​လေးကို သတိတရ လွမ်း​နေခွင့်​ရရုံနဲ့ ​ကောင်​မ​လေး​ရေ...
မင်းအတွက်​ ကိုယ်​ဟာ ကမ္ဘာ​မြေကြီးရဲ့ တစ်​​နေရာက​နေ ​ပေးဆပ်​ခြင်းအတ္တတစ်​ခုနဲ့​တော့ မှတ်​မှတ်​ရရ​လေး လွမ်း​နေပါရ​စေ​ကောင်​မ​လေး​ရေ..
လွမ်း​နေခွင့်​​လေး​တော့ ​ပေးပါ ​ကောင်​မ​လေး​ရေ...
image
Image source

Writter @htetnainglin
Msc 188

Sort:  

WARNING! The comment below by @erudire leads to a known phishing site that could steal your account.
Do not open links from users you do not trust. Do not provide your private keys to any third party websites.

သတိပေးနေတယ်နော် link တေ မဖွင့်နဲ့ key အသုံးကြည့်သုံးလို့

ဟုတ် မမ
Thanks

နုရွနေတာပဲ ထင်တောင်ထင်မထားဘူး
တော်တော်လေးကောင်းတယ် ရင်တွင်းဖြစ်ပေါ့

😁😁😁 ကျေးဇူးဗျ

လွန်ပါစေ အလွမ်းညတွေ လွန်ပါစေ လွန်ပါစေ လေ😁

WARNING - The message you received from @erudire is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!

For more information about this scam, read this post:
https://steemit.com/steemit/@arcange/phishing-site-reported-steem-link-premium

If you find my work to protect you and the community valuable, please consider to upvote this warning or to vote for my witness.

အလွမ်း​ဆိုတာ မဖိတ်​​ခေါ်ဘဲ လာတတ်​တဲ့ အရင်းနှီးဆုံး ဧည့်​သည်​ကြီး​ပေါ့

ဟုတ်တယ်ဗျ

အလွန်ကောင်းတဲ့ လွမ်းချင်းလေးတစ်ပုဒ်

😁😁😁

Good tal...​ကောင်​မ​လေးသို့...ဖတ်​လို့​ကောင်းပါတယ်​...

ကျေးဇူးပါဗျ

ညီ့ရဲ့အလွမ်းတစ်‌ခုဟာ မိုး‌ရေးတစ်‌စက်‌ဆိုရင်‌ လွမ်းတာ‌လေး ခဏရပ်‌‌ပေးပါ။ မိုးဆက်‌တိုက်‌ရွာ‌နေလို့ ညီ။

ဟ လုပ်တယ်ဟ Good လှချေလား ကိုမဟော်

ငါ​တော့ အဲ့ဒီလင်​ချတဲ့အ​ကောင်​ရဲ့အ​ကောင့်​ ကိုMute မုလုပ်​ထား​တော့​အေး​ရော့ငါမမြင်​ရ​တော့ဘူးရ

ဟုတ်

ကျောင်းတုန်းက ကောင်မလေးကို လွမ်းတယ် 😂😂

ဟုတ်😁

ဝိုး..အ​မေးဇင်းပဲ

အို့လမို့ မထင်​ရဘူးဗျာ

အိုး...ကောင်မလေးတော့ကြွေတော့မှာပဲ

ဟယ် ဒီပို့စ်လေးဖတ်ပြီး အစ်မတောင် ဘယ်လွမ်းလို့လွမ်းရမှန်းမသိဖြစ်သွားတယ် ရင်တွင်းဖြစ်တွေထင်ပါရဲ့ ။